images
UN
UN
မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခတွင်ပါဝင်သည့်အုပ်စုများအား တရုတ်နိုင်ငံလုံခြုံရေးနှင့်ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှတောင်းဆို
နောင်နောင် Friday, 02 December 2016
တရုတ်ကာကွယ်ရေးဝန်ကြီး ဌာန၏ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားမှုအရ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများနှင့်ပတ်သက် ပြီး တရုတ်တပ်မတော်အနေဖြင့် အလွန်စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ အဆိုပါပဋိပက္ခတွင် ပါဝင်သည့် အုပ်စုများအားလုံးအနေဖြင့် တရုတ် နိုင်ငံလုံခြုံရေးနှင့်ပတ်သက်ပြီးအထူး တာဝန်ယူဆောင်ရွက်ပေးကြရန်၊ ယင်းအခြေအနေနှင့် ပတ်သက်ပြီး မြန်မာတပ်မတော်မှ အရေးယူ ဆောင်ရွက်မှုများဖြင့် စီမံထိန်းချုပ် ရန် အလွန်ခိုင်မာအားကောင်းသည့် အားထုတ်ဆောင်ရွက်မှုများ ပြုလုပ် ကြရန် တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူ ဗိုလ်မှူးကြီ့း ညေါ့ ကကြည ကတိုက်တွန်းတောင်း ဆိုခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသော အဆိုပါလက်နက် ကိုင်ပဋိပက္ခများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ နယ်စပ်ဒေသလုံခြုံ ရေးနှင့်ဒေသခံပြည်သူများ၏အသက် အိုးအိမ်စည်းစိမ်များအား မည်သို့ ကာကွယ်ဆောင်ရွက်ပေးမည်နည်း ဟူသည့်မေးခွန်းအပေါ်တွင်တရုတ် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိုကဲ့ သို့ တိုက်တွန်းတောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင်တရုတ်တပ်မတော်အနေ ဖြင့် နယ်စပ်ဒေသတွင် နေထိုင်ကြ သည့်တရုတ်ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ ဖြစ်လာနိုင်ဖွယ်ရှိသည့် အခြေအနေ များအားလုံးအတွက်ပြင်ဆင်ဆောင် ရွက်ထားပြီး နယ်စပ်ဒေသတစ် လျှောက်တွင် စစ်တပ်ကင်းလှည့် ခြင်းများနှင့် စစ်ကူပို့ခြင်း၊ စစ် လက်နက်များဖြည့်ခြင်းများအပါ အဝင် လုံခြုံရေးဆိုင်ရာဆောင်ရွက် ရမည့်ကိစ္စရပ်များအားလုံးကို အား ဖြည့်ဆောင်ရွက်ထားကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အတူပင် တရုတ်တပ်မတော်အနေဖြင့် မြန်မာ နိုင်ငံ၏ ဒေသဆိုင်ရာအာဏာပိုင် များနှင့်လည်းတက်ြ<ွကစွာပူးပေါင်း ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံမှထွက် ပြေးလာသည့် စစ်ဘေးရှောင်ဒုက္ခ သည်များအား ချောမွေ့စွာ နေရာ ပြန်လည်ချထားရေးအတွက် ကူညီ ဆောင်ရွက်ခြင်းနှင့် နယ်စပ်ဒေသ တစ်လျှောက်တွင်တရားဥပဒေစိုးမိုး ရေးထိန်းသိမ်းနိုင်ရန်အတွက်လည်း ကူညီဆောင်ရွက်ခြင်းများ ပြုလုပ် နေပါကြောင်း ပြောကြားခဲ့သည်။