images
UN
UN
သမ္မတ၏ပညာတော်သင်ဆုရ ၁ဝဝ ကျော်တွင် တရုတ်နိုင်ငံက ၃၃ ဦးကို တာဝန်ယူ
အင်းသားကြီး Friday, 02 December 2016
နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုရ ထူးချွန်ကျောင်းသား ၁၁၇ ဦးအနက် ၃၃ ဦးကို တရုတ်နိုင်ငံက တာဝန်ယူထောက်ပံ့ခဲ့ကြောင်း ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုကို ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှ စတင်ဆောင်ရွက်ခဲ့ ရာ ဗြိတိန်နိုင်ငံသို့ ၂၉ ဦး၊ အမေရိကန်နိုင်ငံသို့ ငါးဦး၊ သြစတြေးလျနိုင်ငံသို့ ၄၆ ဦး၊ ဂျာမနီနိုင်ငံသို့ နှစ်ဦး၊ ထိုင်းနိုင်ငံသို့ နှစ်ဦးနှင့် တရုတ်နိုင်ငံသို့ ၃၃ ဦး စုစုပေါင်း ၁၁၇ ဦး ရွေးချယ်စေလွှတ်ခဲ့ ကြောင်း၊ အဆိုပါ ၁၁၇ ဦးအနက် ၈၄ ဦးကို နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုအဖြစ်လည်း ကောင်း၊ ၃၃ ဦးကို တရုတ်နိုင်ငံ၏ ပညာတော်သင် ဆုအဖြစ်လည်းကောင်းသတ်မှတ်၍ပညာသင်စရိတ် များ ထောက်ပံ့ပေးခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်အတွင်းပညာတော် သင်သွားရောက်သူ ၈၄ ဦးရှိသည့်အနက် ကျောင်း သူနှစ်ဦး၏ ပညာသင်ကာလမှာ တစ်နှစ်ဖြစ်ပြီး ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ဆေးပညာမဟာ ဘွဲ့ ပြီးဆုံးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာသင် စရိတ်ထောက်ပံ့ရန် ၈၂ ဦးကျန်ရှိကြောင်း၊ ကျန် ကျောင်းသားကျောင်းသူများသည် သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ တက္ကသိုလ်များတွင် ပညာသင်ယူ နေဆဲဖြစ်ပြီး ထိုတက္ကသိုလ်များတွင် စာမေးပွဲများ ဖြေဆိုအောင်မြင်ပါက စိစစ်၍ ပညာတော်သင်ဆု များ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် ပြည်ပ တက္ကသိုလ်အသီးသီးက Offer Letter ရရှိပြီးသူများ နှင့်ပတ်သက်၍ မဟာသင်တန်းအတွက် ၄၃ ဦးနှင့် ပါရဂူသင်တန်းအတွက် ၂၂ ဦး စုစုပေါင်း ၆၅ ဦး ကို ပညာတော်သင်ဆု ဆက်လက်ချီးမြှင့်စေလွှတ်နိုင် ရေးအတွက် စီစဉ်နေကြောင်း၊ တက္ကသိုလ်အသီးသီး တွင်ရှိသည့် ဆရာဆရာမများကို အရည်အသွေး မြင့်မားရေးအတွက် နိုင်ငံတော်ပညာသင်ဆု ချီးမြှင့် နိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်နေ ကြောင်း ဒုတိယဝန်ကြီးကရှင်းလင်းဖြေကြားသည်။