images
UN
UN
ရှမ်းပြည်နယ်လွှတ်တော်တွင်KIA ၊ TNLA နှင့် MNDAA စသည့်လက်နက်ကိုင်အဖွဲ့များကို ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အရေးကြီးအဆိုအား မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်၏ထောက်ခံဆွေးနွေးချက်
Friday, 09 December 2016
ရှမ်းပြည်နယ်လွှတ်တော်တွငKIA ၊ TNLA နှင့် MNDAA စသည့် လက်နက်ကိုင်အဖွဲ့များကို ပြစ်တင် ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြောင်း အရေးကြီးအဆိုကိုအတည်ပြုရန် ဒုတိယ အကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂ဝ၁၆) တတိယနေ့တွင်ဆွေးနွေးခဲ့ရာ ထောက်ခံမဲ ၆၃ မဲဖြင့် အရေးကြီးအဆိုကိုအတည်ပြုခဲ့သည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး(၁/၂ဝ၁၆) တတိယနေ့အဖြစ် ဒီဇင်ဘာ ၇ ရက် တွင်ကျင်းပခဲ့ရာ လားရှိုးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သူ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၏ 'ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်ဒေသမှာဖြစ်ပွား နေတဲ့KIA ၊ TNLA နှင့် MNDAA စသည့် လက်နက်ကိုင်အဖွဲ့များရဲ့ အပြစ်မဲ့ပြည်သူလူထုအပေါ်ဆောင်ရွက် ကြတဲ့ဆောင်ရွက်ချက်များအပေါ် ပြစ်တင်ရှုတ်ချကြောင်းနှင့်အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ် ကြောင်း' ဟူ၍ အရေးကြီးအဆိုတင်သွင်းခြင်းကို ဒီဇင်ဘာ ၆ ရက်က ပြည်နယ်လွှတ်တော် ဒုတိယနေ့တွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်အတည်ပြုနိုင်ခဲ့ပြီး ဒီဇင်ဘာ ၇ ရက်တွင်ဆက်လက်ပြီး အတည်ပြု နိုင်ရန်ဆွေးနွေးခဲ့ရာ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဒါဝိဒ် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၏ ထောက်ခံဆွေးနွေးချက်ကို ဖော်ပြပေးလိုက်ပါသည်။
လေးစားအပ်ပါသော ရှမ်းပြည် နယ် လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား-
ကျွန်တော်ကတော့ မိုင်းဆတ် မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်(ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ) ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လားရှိုးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအောင် သူတင်သွင်းခဲ့တဲ့ အရေးကြီးအဆို ဖြစ်တဲ့'ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ကွတ်ခိုင်ဒေသမှာ ဖြစ်ပွား နေတဲ့KIA ၊ TNLA၊ MNDAA လက်နက်ကိုင်မဟာမိတ်တပ်ပေါင်း စုများရဲ့အပြစ်မဲ့ပြည်သူလူထုအပေါ် ဆောင်ရွက်ကြတဲ့ဆောင်ရွက်ချက် များအပေါ်ပြစ်တင်ရှုတ်ချကြောင်း' အဆိုကို ထောက်ခံသည့်အဆို တင် သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။
လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား-
ကျွန်တော်တို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသရဲ့မြို့များဖြစ်တဲ့ မူဆယ်၊ ကွတ်ခိုင်၊ ကြူကုတ်(ပန် ဆိုင်း)၊မုံးကိုး၊ နမ္မတူ၊ ဘော်တွင်း၊ နမ့်ဆန်၊နမ့်ခမ်း၊မန်တုံ၊သိန္နီစတဲ့မြို့ များနဲ့ပတ်ဝန်းကျင်ကျေးရွာများရဲ့ နယ်မြေဒေသလုံခြုံရေးအခြေအနေ ဟာKIA ၊ TNLA၊ MNDAA စတဲ့မဟာမိတ်တပ်ပေါင်းစုများရဲ့ လုပ်ရပ်ကြောင့် အပြစ်မဲ့တိုင်းရင်း သားပြည်သူလူထုများရဲ့အသက် အိုးအိမ်စည်းစိမ်တွေ၊နိုင်ငံဘဏ္ဍာ၊ ပြည်သူ့ဘဏ္ဍာနဲ့တည်ဆောက် ထားတဲ့လမ်း၊တံတား၊အဆောက် အအုံတွေ၊ နိုင်ငံတော်ရဲ့နယ်မြေ ဒေသအသီးသီးနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကိုကာကွယ်စောင့် ရှောက်နေတဲ့ တပ်မတော်တပ် စခန်းများနဲ့ရဲကင်းတွေကို နေရာ အတော်အနှံ့အပြားမှာ နှောင့် ယှက်ပစ်ခတ်ခြင်း၊ ပစ်ခတ်သတ် ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ ခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း စတဲ့ တစ်ယူသန်တဇောက်ကန်း ရမ်းကားတဲ့လုပ်ရပ်တွေကြောင့် ဆိုးရွားတဲ့ စိုးရိမ်ဖွယ်ရာအခြေ အနေတစ်ရပ်ကိုရောက်ရှိနေပြီဖြစ် ပါတယ်။
မဟာမိတ်တပ်ပေါင်းစုများရဲ့ ရမ်းကားယုတ်မာပက်စက်တဲ့ လုပ် ရပ်များကြောင့် ၂ဝ-၁၁-၂ဝ၁၆ ရက်မှ၃ဝ-၁၁-၂ဝ၁၆ ရက်အထိ အပြစ်မဲ့ပြည်သူ ၁ဝ ဦးသေဆုံးပြီး ၃၉ ဦး အပြင်းအထန်ဒဏ်ရာရရှိ ကာ ခုနစ်ဦး ဖမ်းဆီးခံခဲ့ရသလို နိုင်ငံဝန်ထမ်း ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၃ ဦး ရဲတပ်ဖွဲ့ဝင် နှစ်ဦးဖမ်းဆီးခံခဲ့ရပြီး ၂၉-၁၁-၂ဝ၁၆ ရက်မှ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ပြည်သူ့ စစ်တပ်အဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ တယ်။၃ဝ-၁၁-၂ဝ၁၆ ရက်အထိ တပ်မတော်မှ အရာရှိ စစ်သည် သုံးဦး တိုင်းပြည်အတွက် အသက် ပေးလှူခဲ့ရပြီး ၁၉ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရပါတယ်။ ၂ဝ-၁၁-၂ဝ၁၆ ရက်မှ ၃ဝ-၁၁-၂ဝ၁၆ ရက်အထိ မူဆယ်မြို့နယ် ဆွန်လုံရွာအနီး ဆွန်လုံတံတား၊ နမ့်ပေါ်ရွာအနီး နမ့်ပေါ်တံတား၊ သိန္နီမြို့အဝင် နမ္မတူတံတား၊ နမ္မတူ-ဘော်တွင်းသွားကားလမ်း ပေါ်ရှိ နမ့်ပေါ်ချောင်းကူးတံတား၊ နမ္မတူမြို့နယ် မိုင်းဆင်ရွာအနီး မိုင်းဆင်တံတား၊ ကွတ်ခိုင်မြို့နယ် တာမိုးညဲ-မုံးစီးသွားလမ်းပေါ်ရှိ (နမ့်ဆာတံတား)၊ မုံးတုံး-မုံးစီး သွားလမ်းပေါ်ရှိ မုံးယားကျောက် စီခုံး တံတား၊ မူဆယ်မြို့နယ် ပန်ခမ်းရွာအနီး ပန်းခမ်းတံတား၊ စုစုပေါင်းတံတားရှစ်စင်း ဖောက် ခွဲဖျက်ဆီး တိုက်ခိုက်ခံရခဲ့ပြီး မူဆယ်မြို့နယ် ဆွန်လုံရွာအနီး ဆွန်လုံ တံတားဟာ ၂ဝ-၁၁-၂ဝ၁၆ ရက် နှင့် ၃ဝ-၁၁-၂ဝ၁၆ ရက်တွင်နှစ်ကြိမ်တိုင်တိုင်ဖောက်ခွဲ ဖျက်ဆီး တိုက်ခိုက်ခံပါတယ်။ဖောက်ခွဲဖျက်ဆီးခံရတဲ့ တံတား တွေကို တပ်မတော်လုံခြုံရေးအကူ အညီနဲ့သက်ဆိုင်ရာအစိုးရဌာန ဆိုင်ရာများ ပြန်လည်ပြင်ဆင် နေပြီဖြစ်ပါတယ်။
ဒီအပြင် အများပြည်သူဖြတ် သန်းသွားလာသည့် နယ်စပ်စစ် ဆေးရေးဂိတ်၊ တိုးဂိတ်များ၊ မြို့ တွင်းရုံးများ၊ ဆေးရုံများ၊ အများ ပြည်သူနေထိုင်သည့်မြို့၊ရပ်ကွက်၊ ကျေးရွာများ၊ ဈေးဆိုင်များ၊ ခရီး သွားပြည်သူများ၊ ကြက်ခြေနီနှင့် လူမှုကူညီရေးယာဉ်များကို လမ်း ကြောင်းပိတ်ဆို့ ပစ်ခတ်တိုက်ခိုက် နှောင့်ယှက်ဖျက်ဆီးခြင်း၊သက်ကြီး ရွယ်အို အမျိုးသား၊အမျိုးသမီး၊လူ ရွယ်လူငယ်များကို ရက်စက်စွာ နှောင့်ယှက်ပစ်ခတ်ခြင်း၊သတ်ဖြတ် ခြင်း၊ ဖမ်းဆီးခြင်းများသည် ရက် စက်ကြမ်းကြုတ်ယုတ်မာသော လူ မဆန်သည့်တိုက်ခိုက်မှု လုပ်ရပ် များဖြစ်ပါတယ်။
မြို့နယ်တွေမှာKIA ၊ TNLA၊ MNDAA မဟာမိတ်တပ်ပေါင်းစု ပူးပေါင်းအဖွဲ့တွေ နေရာစပ်ကြား တိုက်ကွက်ဖော်ပြီး ပစ်ခတ် တိုက်ခိုက်နေမှုတွေ လုပ်ဆောင် နေမှုတွေဟာ ရှမ်းပြည်နယ် အတွက် လွန်စွာအရုပ်ဆိုးအကျည်း တန်တဲ့လုပ်ရပ်တွေဖြစ်သလို ဒီလို လုပ်ရပ်တွေကြောင့် ဒေသခံပြည် သူလူထုတွေဟာ မိမိတို့ရဲ့အိုးအိမ် စည်းစိမ်တွေကိုစွန့်ခွာပြီး စစ်ဘေး ရှောင်ဘဝနဲ့ အင်မတန်ဆိုးရွား လွန်းတဲ့ဘဝကို ရင်ဆိုင်နေကြရပါ တယ်။ ဘေးကင်းတဲ့မြို့ရွာတွေမှာ ခိုလုံနေတဲ့ စစ်ဘေးရှောင်ပြည်သူ တွေရှိနေသလို နီးစပ်ရာအိမ်နီးချင်း နိုင်ငံတွေမှာ သွားရောက်ရှောင် ပြေးခိုလုံနေကြသူတွေ မိမိနေ ထိုင်တဲ့ မြို့ရွာတွေရဲ့အနီး ဘေး ကင်းမယ်ထင်ရတဲ့ တောတောင်၊ လျှိုမြောင်တွေကြားထဲမှာ မျက် ရည်စက်များစွာနဲ့ ကျီးလန့်စာစား ခိုအောင်းနေကြရပြီဖြစ်ပါတယ် ခင်ဗျား။
ယခုလို တပ်မတော်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် အပြစ်မဲ့ပြည်သူ လူထုတွေအပေါ် တိုက်ခိုက်ခြင်း အပြင် အပြစ်မဲ့ပြည်သူလူထုများပါ သေကျေခဲ့ရပြီးပြည်သူလူထုတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းလုပ်ရပ် များသည် လက်ရှိနိုင်ငံတော်၏ အကောင်အထည်ဖော်ဆောင်ရွက် နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို နှောင့်ယှက်ဖျက်ဆီးစေ သည့်အပြင် ပြည်သူလူထု၏ အနာဂတ်ဘဝ လုံခြုံချောမွေ့စွာ အသက်မွေးဝမ်းကျောင်း နေထိုင် ရေးကို ထိခိုက်စော်ကားလာပြီး နိုင်ငံတော်၏အချုပ်အခြာအာဏာ ကို ထိပါးစော်ကားလာခဲ့ပြီဖြစ် သဖြင့် အဆိုပါKIA ၊ TNLA၊ MNDAA မဟာမိတ်တပ်ပေါင်းစု ပူးပေါင်းအဖွဲ့၏ လုပ်ရပ်များအား ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဦးအောင်သူ၏KIA ၊ TNLA၊ MNDAA လက်နက် ကိုင်များရဲ့ အပြစ်မဲ့ပြည်သူလူထု အပေါ် ဆောင်ရွက်ခဲ့တဲ့လုပ်ရပ် များအပေါ် အပြစ်တင်ရှုတ်ချ ကြောင်း အဆိုကို အလေးအနက် ထောက်ခံဆွေးနွေးတင်ပြအပ်ပါ သည် ခင်ဗျား။