images
UN
UN
ရှမ်းပြည်နယ်လွှတ်တော်တွင်KIA ၊ TNLA နှင့် MNDAAစသည့်လက်နက်ကိုင်အဖွဲ့များကို ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အရေးကြီးအဆိုအား မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၏ထောက်ခံဆွေးနွေးချက်
Saturday, 10 December 2016
ရှမ်းပြည်နယ်လွှတ်တော်တွင်KIA ၊ TNLA နှင့် MNDAAစသည့် လက်နက်ကိုင်အဖွဲ့များကို ပြစ်တင် ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြောင်း အရေးကြီးအဆိုကိုအတည်ပြုရန် ဒုတိယ အကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂ဝ၁၆) တတိယနေ့တွင်ဆွေးနွေးခဲ့ရာ ထောက်ခံမဲ ၆၃ မဲဖြင့် အရေးကြီးအဆိုကိုအတည်ပြုခဲ့သည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး(၁/၂ဝ၁၆) တတိယနေ့အဖြစ် ဒီဇင်ဘာ ၇ ရက် တွင်ကျင်းပခဲ့ရာ လားရှိုးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သူ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၏ 'ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ ကွတ်ခိုင်ဒေသမှာဖြစ်ပွား နေတဲ့KIA ၊ TNLA နှင့် MNDAA စသည့် လက်နက်ကိုင်အဖွဲ့များရဲ့ အပြစ်မဲ့ပြည်သူလူထုအပေါ်ဆောင်ရွက် ကြတဲ့ဆောင်ရွက်ချက်များအပေါ် ပြစ်တင်ရှုတ်ချကြောင်းနှင့်အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ် ကြောင်း' ဟူ၍ အရေးကြီးအဆိုတင်သွင်းခြင်းကို ဒီဇင်ဘာ ၆ ရက်က ပြည်နယ်လွှတ်တော် ဒုတိယနေ့တွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်အတည်ပြုနိုင်ခဲ့ပြီး ဒီဇင်ဘာ ၇ ရက်တွင်ဆက်လက်ပြီး အတည်ပြု နိုင်ရန်ဆွေးနွေးခဲ့ရာ မိုင်းဖြတ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းကျောက် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၏ ထောက်ခံဆွေးနွေးချက်ကို ဖော်ပြပေးလိုက်ပါသည်။
လေးစားအပ်ပါသောရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား
ကျွန်တော်ကတော့ မိုင်းဖြတ် မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော့်အနေဖြင့်လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအောင် သူတင်သွင်းခဲ့တဲ့အရေးကြီးအဆို ဖြစ်တဲ့ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ကွတ်ခိုင်ဒေသမှာ ဖြစ်ပွား နေတဲ့KIA ၊ TNLA၊ MNDAA နှင့် AA လက်နက်ကိုင်အကြမ်းဖက် အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြောင်း အရေးကြီးအဆိုကို ထောက်ခံဆွေး နွေးသွားမှာဖြစ်ပါတယ်။
လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား-
ကျွန်တော်တို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံမှာ ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၄ ခုထဲမှာ ရှမ်းပြည်နယ်ဟာ နယ်နိမိတ် ဧရိယာအပိုင်းအခြား အရေးကြီး ဆုံးပြည်နယ်တစ်ခုဖြစ်ပါတယ်။ အခေါ်အဝေါ်သတ်မှတ်ချက်အရသာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊(မြောက် ပိုင်း)၊(အရှေ့ပိုင်း)လို့သာ ခေါ်ဝေါ် ပေမယ့် ရှမ်းပြည်နယ်ဆိုတာက တော့ ပြည်ထောင်စုထဲက တစ်ခု ပါဝင်နေတဲ့ ပြည်နယ်ကြီးတစ်ခု ဖြစ်တဲ့အတွက် ယခုရှမ်းမြောက် ဒေသရဲ့ တိုက်ပွဲဖြစ်စဉ်တွေအရ ပြန်ကြည့်ရင် ရှမ်းပြည်နယ်တစ်ခု လုံးနဲ့ သက်ဆိုင်မှုရှိနေပါတယ်။
လူမှာ တစ်နေရာရာ နေ မကောင်းရင် ပစ်ထားလို့မရတဲ့ ဆေးကုသနေရသလို ပြည်နယ် ရဲ့ဘယ်နေရာမှာဖြစ်ဖြစ် တစ်ခု ခုဖြစ်နေပြီဆိုရင် ဘယ်လိုနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာ ရှမ်းပြည် နယ်အစိုးရ၊ လွှတ်တော်အပိုင်းမှာ တာဝန်ရှိနေကြတဲ့သူတွေအားလုံး ရဲ့စွမ်းဆောင်မှုအပေါ် မူတည် နေပါတယ်။
ယခုတင်ပြလိုတာက အခုလို မလိုလားအပ်ဘဲKIA ၊ TNLA၊ MNDAA နှင့် AA ပူးပေါင်းအဖွဲ့များ က နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံ ခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်စခန်းများနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့စခန်းတွေကို စခန်း သိမ်းတိုက်ပွဲ ထိုးစစ်ဆင်နေတာ တွေ၊ ခရီးသွားပြည်သူများအပါ အဝင် အပြစ်မဲ့ဒေသခံပြည်သူ လူထုအပေါ် ဥပဒေမဲ့သတ်ဖြတ် ကျူးလွန်ခြင်း၊ လမ်းတံတားနှင့် အများပြည်သူပိုင်ပစ္စည်းများကို မိုင်းခွဲတိုက်ခိုက်ခြင်း၊ လမ်းများ ပိတ်ဆို့တိုက်ခိုက်ခြင်း၊ ဓားပြ တိုက်၊ ဆက်ကြေးကောက်၊အဓမ္မ လူသစ်စုဆောင်းခြင်း၊ မြို့ရွာဈေး တွေအပေါ်လက်နက်ကြီး၊လက်နက် ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း ပိုမိုပြင်းထန်လာမှုများကြောင့် ဒေသခံပြည်သူလူထုများဟာနေရပ် ကိုစွန့်ခွာပြီးအိမ်ကိုသော့ခတ်ကာ ကိုယ်လွတ်ရုန်းလို့ ခြေဦးတည့် ရာထွက်ပြေးနေကြရပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ မုံးကိုး၊ ကြူကုတ်(ပန် ဆိုင်း)စတဲ့မူဆယ်ခရိုင်အတွင်း မြို့ များကသနားစရာကောင်းတဲ့ပြည် သူတွေထဲကတချို့ဟာ အိမ်နီးချင်း တရုတ်နိုင်ငံထဲကို စစ်ဘေးရှောင် ခိုဝင်သွားကြပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က ဝမ်ကိန်း အမည်ရှိ စစ်ဘေးရှောင်စခန်းမှာ လသားအရွယ်အပါအဝင်ကလေး သူငယ် ၈ဝဝ ကျော်၊ အမျိုးသမီး ၁၁ဝဝ ကျော်၊ သက်ကြီးရွယ်အို ၁၅ဝ ကျော်၊ ကိုယ်ဝန်ဆောင်မိခင် ၂ဝကျော်ပါဝင်နေပါတယ်။ တချို့ က တောလမ်း၊ တချို့က ရေ ကြောင်းနဲ့ နည်းမျိုးစုံထွက်ပြေးခို
လှုံလို့ နေ့စဉ်နဲ့အမျှ ကြောက်လန့် နေကြရပြီးကျီးလန့်စာစားနေကြရ ပါတယ်။
နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးလုပ် ငန်းတွေကို ထိခိုက်လာသလို တရားဥပဒေစိုးမိုးရေးတွေ ဆိတ် သုဉ်းလာနိုင်ပါတယ်။ လယ်ပစ်၊ ယာပစ်၊အိုးအိမ်ပစ်ခဲ့ရသလို ပြည် သူ့ဘဝနေ့လုပ်နေ့စားမှစ၍ထိခိုက် လာနိုင်ပြီးအနာဂတ်ဝမ်းစာအတွက် စိတ်ပူစရာဖြစ်လာပါတယ်။ မူ ဆယ်တစ်ခရိုင်လုံး ကျောင်းတွေ ပိတ်လို့ ပညာရေးတွေဆုံးရှုံးနေ ကြရပါပြီ။တိုက်ပွဲသံများကြောင့် ထိတ်လန့်နေကြရပြီး နေ့မအိပ်နိုင်၊ ညမအိပ်နိုင်၊ မစားနိုင် မသောက် နိုင်၊ ထိမိခိုက်မိတာတွေကြောင့် ကျန်းမာရေး ထိခိုက်လာကြရ ပါပြီ။ဒီလိုဖြစ်ပျက်နေတဲ့အနိဋ္ဌာရုံ ဟာ ကျွန်တော်တို့ရှမ်းပြည်နယ် လွှတ်တော်ရဲ့Vision ဖြစ်တဲ့ရှမ်း ပြည်နယ်ပြည်သူ ပြည်သားတို့၏ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေး၊ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ မျှော်မှန်း ချက်တွေလည်းကြီးမားစွာထိခိုက် လာခဲ့ရပြီဖြစ်ပါတယ်။ ဘယ်လို ပင်ဖြစ်ဖြစ် ကိုယ်နေတဲ့အိမ်ကိုပဲ ပြည်သူတွေက ပြန်ချင်ကြတာပါ။ မိသားစုနှင့်အတူတကွ အေးချမ်း စွာ လုပ်ကိုင်ရှာဖွေစားသောက်ကြ တာပါ။
ဒီလိုဒုက္ခတွေ ပင်လယ်ဝေနေ တဲ့ စစ်ဘေးဒဏ်သင့်တဲ့ပြည်သူ တွေရဲ့ ဆန္ဒတွေကို ပြန်လည်ဖြည့် ဆည်းပေးနိုင်ဖို့ အခုလို အကျည်း တန်၊ အရုပ်ဆိုးလွန်းတဲ့ လုပ်ရပ် တွေဖန်တီးနေတဲ့ ဒီမဟာမိတ်တပ် ပေါင်းစုအကြမ်းဖက်သောင်းကျန်း သူအဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ပြစ် တင်ရှုတ်ချဆောင်ရွက်ရမှာဖြစ် ပါတယ်။
သို့ဖြစ်ပါ၍ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူ၏KIA ၊ TNLA၊ MNDAA နှင့် AA မဟာမိတ်တပ် ပေါင်းစုများရဲ့ အပြစ်မဲ့ပြည်သူ လူထုအပေါ် ဆောင်ရွက်ကြတဲ့ ဆောင်ရွက်ချက်များအပေါ် ပြစ် တင်ရှုတ်ချကြောင်းနှင့် အကြမ်း ဖက်သူအဖွဲ့အစည်းအဖြစ် သတ် မှတ်သင့်ပါကြောင်းအဆိုကိုအလေး အနက်ထောက်ခံသည့်အဆိုအား လွှတ်တော်ဥက္ကဋ္ဌကြီးထံမှတစ်ဆင့် ရှမ်းပြည်နယ်လွှတ်တော်သို့တင်ပြ အပ်ပါသည်ခင်ဗျား။