images
UN
UN
မိုင်းလွန်-ငပိုးကြီးလမ်း သွားလာရေးအဆင်ပြေစေရန် ဒေသခံပြည်သူများလိုလား
နိုင်နိုင်(မွန်) Sunday, 11 December 2016
ကရင်ပြည်နယ် သံတောင်ကြီး မြို့နယ် လိပ်သိုမြို့ မိုင်းလွန်ကျေး ရွာအုပ်စု မိုင်းလွန်-ငပိုးကြီးလမ်း သွားလာရေးအဆင်ပြေစေရန်အတွက် လမ်းကောင်းမွန်ရေးကို ဒေသခံ ပြည်သူများ လိုလားနေကြကြောင်း သိရသည်။
အဆိုပါလမ်းမှာ မိုင်းလွန်မှ ငပိုးကြီးကျေးရွာသို့ လမ်းအရှည် ၁ဝ မိုင်ကျော်ရှိပြီး လက်ရှိဒေသခံ ပြည်သူများက ကိုယ်ထူကိုယ်ထ ဖောက်လုပ်ထားသော သုံးပေ အကျယ်လမ်းကို ဆိုင်ကယ်ဖြင့် သွားလာ အသုံးပြုနေရကြောင်း ဒေသခံ ပြည်သူများထံမှ သိရ သည်။
မိုင်းလွန်-ငပိုးကြီးလမ်းမှာ ကျေးရွာ ၁ဝ ရွာခန့်အသုံးပြုနေရ ပြီး ဒေသခံပြည်သူများ၏ ကျန်းမာ ရေး၊ပညာရေး၊စီးပွားရေး၊ လူမှုရေး တို့အပြင် ဒေသထွက်သီးနှံများ လိပ်သိုမြို့ပေါ်သို့ အချိန်မီပို့ဆောင် ရောင်းဝယ်ရသော အဓိကအသုံးပြု သွားလာနေရသည့် လမ်းဖြစ်သော ကြောင့် ကိုယ်ထူကိုယ်ထ ဖောက် လုပ်ထားသော သုံးပေအကျယ် လမ်းမှာ မိုးရာသီတွင် သွားလာရေး လွန်စွာခက်ခဲခြင်း၊ မိုးကုန်သွား ချိန်တွင်လည်း ချိုင့်ခွက်များကျန်နေ ခြင်းကြောင့် ဒေသခံပြည်သူများက မိုင်းလွန်-ငပိုးကြီးလမ်းကို အဆင် ပြေစွာသွားလာနိုင်ရေး လိုလားနေ ကြကြောင်း သိရသည်။