images
UN
UN
စလစ်ဖြင့်တင်သွင်းသည့်စနစ် ကို အစားထိုးမည့်မူဝါဒချမှတ်လျှင်လည်း ကားဈေးနှုန်းများ လျော့ကျရန်မလွယ်ကူဟုဆို
NG Tuesday, 13 December 2016
ဇန်နဝါရီ (၁)ရက်မှစတင်ကာ ပြည်တွင်းသို့ မော်တော်ယာဉ်တင် သွင်းမှုနှင့်ပတ်သက်သည့်မူဝါဒ အပြောင်းအလဲများပြုလုပ်ရန်စီစဉ် ထားရာတွင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုစနစ်အရ စလစ်ဖြင့်တင် သွင်းသည့်မူဝါဒအားအပြောင်းအလဲ ပြုလုပ်မည်ဟုသတင်းများထွက်ပေါ် လျက်ရှိသော်လည်း ကားဈေးနှုန်း များလျော့ကျရန်မလွယ်ကူဟုပြည် တွင်းမော်တော်ယာဉ်လုပ်ငန်းရှင် များထံမှ သိရသည်။
ပြည်တွင်း၌ အပ်ကားရှားပါး လာခြင်းကြောင့်စလစ်ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ယခုလအတွင်း ၌ အိမ်စီးယာဉ်များတင်သွင်းခွင့်ရှိ သည့် စလစ်တစ်စောင်လျှင်ကျပ် သိန်း ၁၂ဝ နီးပါးသို့ရောက်ရှိလာ ခဲ့သည်။ ထို့အပြင် အပ်ကားရှားပါး နေခြင်းကြောင့် စလစ်ဈေးနှုန်းများ မှာဆက်လက်မြင့်တက်မည့်အလား အလာများ ရှိနေဆဲဖြစ်သည်ဟု ဝါရင့်ကားဝယ်ရောင်းများထံမှသိရ သည်။ မော်တော်ယာဉ်တင်သွင်းမှု မူဝါဒသစ်အရ စလစ်ဖြင့်တင်သွင်း သည့်ကားများကို အနိမ့်ဆုံး ၂ဝ၁၁ မိုဒယ်ကို တင်သွင်းရမည်ဖြစ်သော ကြောင့် စလစ်ကပ်ကားများ၏ဈေး နှုန်းမှာ လက်ရှိဖြစ်ပေါ်နေသော ပေါက်ဈေးအထက် သိသိသာသာ မြင့်တက်သွားမည်ဖြစ်သည့်အပြင် တင်သွင်းရန်ခက်ခဲသည့်အခြေအနေ များကိုလည်း ရင်ဆိုင်ရမည်ဟု ဆိုသည်။
ဝါရင့်မော်တော်ယာဉ်လုပ်ငန်း ရှင်တစ်ဦးဖြစ်သောဦးသန်းထွဋ်က 'မူဝါဒသစ်နဲ့ စလစ်ကပ်ကားတွေ တင်သွင်းမယ်ဆိုရင် တော်တော် ခက်ခဲမယ့်သဘော ရှိပါတယ်။လက်ရှိမူဝါဒနဲ့ ၂ဝဝ၉ မိုဒယ်မျိုး တင်သွင်းမယ်ဆိုရင်တောင် CIF တန်ဖိုးနဲ့ အခွန်ကွာခြားမှုတွေက အမျိုးအစားတူ ထုတ်တဲ့နှစ်ကွာ တာလေးနဲ့တင် သိန်း ၃ဝလောက် ကွာနေပါတယ်။ ဥပမာ မူဝါဒ အဟောင်းနဲ့ ၂ဝဝ၆ မိုဒယ်Wish သွင်းမယ်ဆိုရင် ကျပ်သိန်း ၂၅ဝ လောက်နဲ့မှ ရောင်းနိုင်တော့မှာပါ။ လက်ရှိအခြေအနေအရပေါ့။ မူဝါဒ အဟောင်းနဲ့ ၂ဝဝ၉ မိုဒယ်Wish ဆိုရင် သိန်း ၃ဝဝ အထက်ရောက် မယ်။ ဒီတော့ ၂ဝ၁၁ မိုဒယ်ဆိုရင် စဉ်းစားသာကြည့်ပါ။ ဒီဈေးတွေ နဲ့ဆိုရင် ကားဈေးကွက်က အခြေ အနေကောင်းဖို့ခက်မယ်။ ဈေးပြန် ကျဖို့ဆိုတာကလည်းမလွယ်ဘူး။ စလစ်နဲ့တင်သွင်းတဲ့စနစ်နေရာမှာ ဘယ်လိုစနစ်နဲ့ အစားထိုးမှာလဲ။ အစားထိုးရင်ရော ကျန်တဲ့ တင် သွင်းမှုစနစ်တွေကို မထိခိုက်ဖို့လို ပါလိ့မ်မယ်'ဟုပြောသည်။
မော်တော်ယာဉ်တင်သွင်းမှု မူဝါဒသစ်မတင်မီတွင် ပြည်တွင်း သို့ မော်တော်ယာဉ်တင်သွင်းမှုများ မြင့်တက်နေသောကြောင့် ပါမစ် လျှောက်ထားရာတွင် အခက်အခဲ များဖြစ်ပေါ်လျက်ရှိသည်ဟု မော် တော်ယာဉ်လုပ်ငန်းရှင်များထံမှသိ ရသည်။ မော်တော်ယာဉ်တင်သွင်း မှုမူဝါဒသစ်ကို စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန က အတည်ပြုခဲ့ပြီးနောက်တွင် ပြည်တွင်းကား ဈေးကွက်အတွင်း၌ လှုပ်ခတ်မှု များစွာဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ဝါရင့်ကားဝယ်ရောင်းတစ်ဦး ဖြစ်သောဦးမြင့်ဦးက 'လက်ရှိဈေး ကွက်အခြေအနေက ခန့်မှန်းဖို့တော် တော်ခက်ပါတယ်။ တက်ဈေးနဲ့ ကားရောင်းလိုက်ရင်လည်း တက် ဈေးနဲ့ပဲ ပြန်ဝယ်ရမှာပါ။ ဒီကြား ထဲ ရန်ကုန်လိုင်စင်ပြန်ပေးမှာလား၊ ဒီပြင်ဘယ်လိုမူဝါဒသစ်တွေလုပ်ဦး မလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ပါ။ ပြည်တွင်းကားဈေးကွက်က အစိုးရရဲ့မူဝါဒအပြောင်းအလဲအပေါ် မူတည်ပြီး ဈေးအတက်အကျကြမ်း တာကြောင့် သတိထားနိုင်မှအဆင် ပြေပါလိ့မ်မယ်။ လက်ရှိဖြစ်နေတဲ့ အလားအလာအရဆိုရင် လူလတ် တန်းစားလောက်နဲ့ ကားစီးနိုင်ဖို့ ခက်သွားမှာပါ။ ယာဉ်ကြောကျပ် တဲ့ပြဿနာကို ဖြေရှင်းဖို့ မူဝါဒ အပြောင်းအလဲထဲမှာ ထည့်စဉ်းစား ခဲ့တယ်ဆိုရင်လည်း ဒါဟာသိပ် ကောင်းတဲ့အခြေအနေမျိုးဟုတ်ဖို့ ခက်ပါလိမ့်မယ်။ အကောင်းဆုံး ကတော့ ဈေးကွက်အခြေအနေကို စောင့်ကြည့်တာပါပဲ'ဟုပြောသည်။
လက်ရှိအချိန်၌ ပြည်တွင်း ကားဈေးကွက်တွင် အများဆုံးဝယ် ယူစီးနင်းကြသည့် ၁၃ဝဝ စီစီနှင့် ၁၅ဝဝ စီစီကားဈေးနှုန်းများမှာ တစ်စီးလျှင် ပျမ်းမျှကျပ်သိန်း ၃ဝ ခန့်မြင့်တက်နေသည်ဟုသိရသည်။