images
UN
UN
ကျောက်ပန်းတောင်းမြို့နယ်တွင် ဇီဝနည်းပညာနှင့်ဇီဝဆေးများအသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
ကိုနေ(ကျောက်ပန်းတောင်း) Tuesday, 13 December 2016
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများရှိ လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးဝင်းများနှင့် ကျောင်းများ၊ ဈေးများသို့ ဇီဝနည်းပညာနှင့် ဇီဝဆေးများအသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုBIO TOP PRODUCTIONအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းက လွတ်လပ်ရေးရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
အဆိုပါအဖွဲ့မှဇီဝနည်းပညာနှင့် ဇီဝဆေးများအသုံးပြု၍ အခမဲ့ ခြင်ဆေးဖျန်းခြင်း၊ မိလ္လာကန်နှင့်ရေဆိုးမြောင်းများ သန့်စင်ဆေးဖြန့် ဝေခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ၄င်းတို့ဆောင်ရွက်နေ သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ''ကျွန်မ တို့က လောလောဆယ်တော့ မြို့ပေါ်(၁၂)ရပ်ကွက်ကို လမ်းအလိုက် လှည့်ပြီး ခြင်ဆေးဖျန်းတာတွေ၊ အနံ့ဆိုးနဲ့ပိုးလောက်လမ်းသေစေ နိုင်တဲ့ဇီဝဆေးခတ်တာတွေ ဆောင်ရွက်ပေးသွားမှာပါ။ ဒီဇီဝဆေးမှုန့် ကလည်း လူကိုအန္တရာယ်မဖြစ်စေနိုင်ပါဘူး။ သောက်ရေ၊ သုံးရေ ကန်တွေထဲမှာ ပိုးလောက်လမ်းတွေသေအောင်ထည့်ထားနိုင်ပါ တယ်။ နောက်ပြီး မိလ္လာကန်တွေ၊ တွင်းတွေနဲ့ ရေဆိုးမြောင်း တွေမှာလည်း အနံ့ဆိုးပျောက်အောင် ထည့်သွင်းအသုံးပြုနိုင်ပါ တယ်။ အခုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုတော့ အခမဲ့ ဆောင်ရွက်ပေးသွားမှာပါ။ နောင်ဒီဆေးတွေ လိုအပ်မယ်ဆိုရင်တော့ ကျွန်မတို့က ဖြန့်ဖြူးရောင်းချပေးသွားမှာပါ''ဟု BIO TOP PRODUCTIONအဖွဲ့မှ တာဝန်ခံဒေါ်ချောစုလှိုင်က ပြောသည်။
၎င်းတို့အဖွဲ့အနေဖြင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ဆေးရုံ၊ ကျောင်း၊ ဈေးနှင့် မိသားစုနေအိမ်များတွင် မိလ္လာကန်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ ဖြစ်ပွားမှုမရှိစေရေး၊ ရေဆိုး၊ရေညစ်မှတစ်ဆင့် ကူးစက်တတ်သောရောဂါမဖြစ်ပွားစေရေး၊ အနံ့ဆိုးများ ကင်းစင်စေရေးနှင့် မိလ္လာကန် စနစ်ပြည့်စုံကောင်းမွန်စေ ရေးအတွက် ဓာတုပစ္စည်းလုံးဝမပါဝင်သောအဆင့်မြင့်နည်းပညာသုံး သဘာဝဇီဝဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ခြောက်လတစ်ကြိမ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။