images
UN
UN
မှိုဆိပ်ပါဝင်သည့် ငရုတ်သီးမှုန့်များကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်း
ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်) Tuesday, 13 December 2016
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ကြီး ရပ်ကွက်၌ စည်ပင်သာယာနှင့်မြို့နယ်ကျန်းမာရေးအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ယမန်နေ့ နံနက် ၁ဝနာရီတွင် စံပြညဈေး၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များတွင် ငရုတ်သီးမှုန့်များတွင် ခွင့်မပြု ဆိုးဆေးများ၊ မှိုဆိပ်(AFlatoxin B1)နှင့်Impurities များပါဝင် နေခြင်း ရှိမရှိကို လိုက်လံစစ်ဆေးပြီး ငရုတ်သီးမှုန့် အမှတ်တံဆိပ်အမည် ကိုးမျိုးနှင့် မလွတ်ကင်းသော ငရုတ်သီးမှုန့်များအား သက်ဆိုင်ရာမှ ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရသည်။