images
UN
UN
ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် ဆိုးလ်အမျိုးသမီး တက္ကသိုလ်တို့အကြား MoU လက်မှတ်ရေးထိုး Oesolhoe Association မှ ပညာသင်ဆုပေးအပ်
Tuesday, 13 December 2016
ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့်ဆိုးလ်အမျိုးသမီးတက္ကသိုလ် တို့အကြား MoU လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ ကြည်ရွှင်နှင့် ဆိုးလ်အမျိုးသမီးတက္ကသိုလ်မှ Professor Lee Jeong Tack တို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ပါမောက္ခချုပ်က ဆိုးလ်အမျိုးသမီးတက္ကသိုလ်မှတာဝန်ရှိသူများအား အမှတ်တရလက်ဆောင် ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် Oesolhoe Association မှ Professor Sung Nack Soo က နှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့သည်။
ဆက်လက်၍ Oesolhoe Association မှ ပညာသင်ဆုရရှိသူ ကျောင်းသူ ၁ဝ ဦးတို့အား Oesolhoe လက်မှတ်နှင့်ပညာသင်ဆုများ ပေးအပ်ချီးမြှင့်ပြီး ကိုရီးယားဘာသာဌာန ပညာသင်ဆုရကျောင်းသူတစ်ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။