images
UN
UN
တယ်လီနောမှ ဆင်းမ်ကတ်မှတ်ပုံတင်နေ့များကို နိုင်ငံအနှံ့ပြုလုပ်မည်
ခင်ရူပါမော် Tuesday, 13 December 2016
တယ်လီနောမြန်မာမှ ဆင်းမ် ကတ်မှတ်ပုံတင်နေ့များကို ယခု လအတွင်း နိုင်ငံအနှံ့ ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ 'ဆင်းမ်ကတ်မှတ်ပုံ တင်နေ့များ'ကို ယခုလ ၁၄ ရက် တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ် ပြီး ဆင်းမ်ကတ်မှတ်ပုံတင်သူများ ကို လက်ဆောင်များပေးအပ်မည် ဖြစ်ကြောင်းသိရသည်။ ယင်းနေ့ တွင် ဆင်းမ်ကတ်ကို လွယ်ကူစွာ မှတ်ပုံတင်ရန် နည်းလမ်းများနှင့် မှတ်ပုံတင်ခြင်း၏ အကျိုးကျေးဇူး များကို တယ်လီနောဝန်ထမ်းများ က ရှင်းပြပြီး လက်တွေ့ချက်ချင်း မှတ်ပုံတင်နိုင်ရန် ကူညီပေးကြမည် ဖြစ်သည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များဖြစ်ကြသော နေပြည် တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ရှိ မြို့များနှင့် ကျေးရွာပေါင်း ၈ဝဝ ခန့်တွင် ဆင်းမ်ကတ်မှတ်ပုံတင် နေ့ကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဆင်းမ်ကတ်ကို မှတ်ပုံတင် ထားခြင်းကြောင့် သုံးစွဲသူများအနေ ဖြင့် မိုဘိုင်းလ်မှတစ်ဆင့် ဆောင် ရွက်နိုင်သော ငွေရေးကြေးရေးဝန် ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည်ဖြစ်ပြီးဆင်းမ်ကတ် ပျောက်ဆုံးခြင်းနှင့် ဝန်ဆောင်မှု ဆိုင်ရာပြဿနာများကိုလည်းလွယ် ကူစွာဖြေရှင်းနိုင်သည့် အကျိုး ကျေးဇူးများ ရနိုင်မည်ဖြစ်သည်။
ထို့ပြင်လိုအပ်သောအထောက် အထားများနှင့် Verificationကုတ်နံပါတ်လက်ခံနိုင်သည့်အသုံး ပြုဆဲဆင်းမ်ကတ်တို့ရှိပါကမိသားစု ဝင်များ၊ မိတ်ဆွေများအတွက်ပါ ကိုယ်စားမှတ်ပုံတင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။