images
UN
UN
အကယ်ဒမီဆိုတာ ဘာလဲဆိုရင်...
ခင်ပန်နှင်း Thursday, 15 December 2016
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ကို လူတိုင်းစိတ်ဝင်စားကြပါ၏။ မြန်မာကားကြည့်ကြည့် မကြည့်ကြည့်၊ ရုံတင်ကားတစ်ခါမှမကြည့်ဖြစ်လည်း ရုပ်ရှင်ရုံဆီ မရောက်တာ ဘယ်နှနှစ်ကြာကြာ အကယ်ဒမီကိုတော့ စိတ်ဝင်စားသည်။ ထိုအတွက် ပရိသတ်ကိုကျေးဇူးတင်ပါသည်။
အကယ်ဒမီဆိုတာ နတ်ကြီးလှပါ သည်။ အကယ်ဒမီ၏သဘောသဘာဝ မှာပင် ပရိသတ်အထင်ကြီးထင်ထားသူ မရဘဲ၊ လွဲသွားမှ အကယ်ဒမီစစ်၏ဟု ဆိုရမလိုလို။ တစ်ခေတ်တစ်ခါက ကျော် ဟိန်းကို အထင်ကြီးထင်ခဲ့ကြသည်။ အချီ ချီလွဲခဲ့၏။ ဤသည်ပင်လျှင် အကယ်ဒမီ အရသာဖြစ်နေသည်။ ကျော်သူကို ရစေ ချင်ကြပြန်သည်၊ လွဲပြန်သည်။ ဒါလည်း အရသာပဲ။ အကယ်ဒမီဆိုတာ ပရိသတ် ထင်မှတ်သူလည်းပါမှသာ၊ ထို့တူစွာ ပရိ သတ်မထင်မှတ်သူလည်း ရသွားမှသာ အကယ်ဒမီစစ်၏။ အကယ်ဒမီဆိုတာ လက်ထဲအရုပ်ရောက်မှ သေချာတာဟု အကယ်ဒမီများရှင် ငြိမ်းမင်းကပြော၏။
အကယ်ဒမီဆိုတာ စောလွန်းလည်း မကောင်း၊ နောက်ကျလွန်းလည်းမဖြစ်။ စောလွန်းတာကတော့ ပြောရရင် အကယ် ဒမီခိုင်ခင်ဦးပေါ့။ ဒါလည်း ရသင့်လို့ပေး တာမှန်ပါ၏။ စောတာက သူ့ဘာသာသူ ဖြစ်လာတာဖြစ်သည်။ စောလွန်းပြီး သရုပ်ဆောင်ငယ်လွန်းရင် သရုပ်ဆောင် မှာ အကယ်ဒမီပိတတ်သည်။ နောက်ကျ လွန်းရင်လည်း ဥပမာပေးရမှာ အားနာပါ သည်၊ တင်တင်ညို နောက်ကျသည်။ စိုးသူလည်း နောက်ကျသည်။
သို့သော် တစ်ကျော့ပြန်ဝင်လာပြီးမှ အကယ်ဒမီပိုက်သွားသူလည်းရှိတတ်၏၊ အကယ်ဒမီမြင့်မြင့်ခိုင်...။
ခင်သန်းနုကတော့ ရုပ်ရှင်သက်တမ်း အနှစ် ၃ဝ မှာ ၁ဝ နှစ်တစ်ကြိမ်အကယ် ဒမီရ၏။ ထူးခြားမှုဖြစ်သည်။
နှစ်အနည်းငယ်က အမျိုးသမီး ဇာတ်ပို့တစ်ဦးက အကယ်ဒမီပွဲအပြီးမှာ သူပါဝင်သောဇာတ်ကားက ရသွားသူ သည် မင်းသမီးဖြစ်ပြီး သူသာလျှင် ဇာတ်ပို့အစစ်ပါ။ ဆုရသင့်ပါသည်ဟု စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
အကယ်ဒမီဆိုတာ ရသင့် မရသင့် နှင့်လည်း မသက်ဆိုင်ဘဲ ရချင်သလိုရ သွားတတ်သောသဘောရှိ၏။ တင်တင်မူ ကိုပဲကြည့်။ တစ်သက်လုံး မင်းသမီး အကယ်ဒမီရတော့ ဇာတ်ပို့ဖြင့်ရသည်။ ဆုတက်မယူရုံမျှမက ရုပ်ရှင်လောကမှ အပြီး ထွက်သွားတော့သည်။ မာနကို ရိုက် ချိုးလိုက်သလိုဖြစ်ခဲ့ရခြင်း။ အနုပညာ မာနဆိုတာ အဲဒါပဲဟုဆိုချင်ပါသည်။
ဒါက ထိုကာလခံစားမှုဖြစ်သည်။ အနုပညာမာနကို တန်ဖိုးထားခြင်းဖြစ် သည်။ ခုကာလကတော့ မို့မို့မြင့်အောင် ပွဲဦးထွက်အကယ်ဒမီကို ဇာတ်ပို့ဖြင့်ရ၏။ ယူရတာပါပဲ။ နန္ဒာလှိုင်လည်း ပွဲဦးထွက် အကယ်ဒမီကို ဇာတ်ပို့ဖြင့်ပဲ တက်ယူခဲ့ ရတာပါပဲ။ ဘာနဲ့ပဲဖြစ်ဖြစ် ရဖို့သာအရေး ကြီးသည်ဟု တွေးထင်ကြပုံရပါ၏။
ပွဲဦးထွက်ဇာတ်ကားဖြင့် အကယ် ဒမီရပြီး ဆက်လက်အောင်မြင်သူနည်းရ တဲ့အထဲမှာ မြတ်မွန် ပါဝင်နေပါသည်။ ကကြီးရေက ဇာတ်ကားမှာ ပွဲဦးထွက် အကယ်ဒမီရခဲ့၏။ ပရိသတ်ဆက်လက် နှစ်ခြိုက်လက်ခံပြီး နှစ်တော်တော် အကြာမှာ ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း ဇာတ်ကားဖြင့် အကယ်ဒမီထင်ကြေးပေး ခံရပြန်သည်။ ခိုင်ခင်ဦးလည်း ပထမ ဇာတ်ကားဖြင့်ပင် ပွဲဦးထွက်အကယ်ဒမီ ရခဲ့ပြီး ပရိသတ်ဆက်လက်နှစ်ခြိုက်ခံရ သူဖြစ်ခဲ့သည်။ အကယ်ဒမီ စန္ဒာသည် လည်း ပွဲဦးထွက်ဇာတ်ကား နှစ်မြွှာ အသည်းဖြင့် အကယ်ဒမီရခဲ့ပြီး အနုပညာ အရာမှာ စိတ်ချရသူအဖြစ် ပရိသတ် သတ်မှတ်ခံရခဲ့သည်။ ဇာတ်ကားတွေ လည်း အများကြီးရိုက်ကူးရသည်။
ခင်မိုးမိုးကတော့ ပုံစံတစ်မျိုးဖြစ် သည်။ ပွဲဦးထွက်ဇာတ်ကား အပါယ် ရတနာဖြင့် ဇာတ်ပို့အကယ်ဒမီရ၏။ ဇာတ်ကားဆက်လက်ရိုက်ကူးမှု အနည်း ငယ်သာရှိခဲ့၏။ ခုတော့ ပရိသတ် မျက်စိ အောက်မှာ မရှိတော့ပြီ။
သို့သော် အကယ်ဒမီသည် အနုပညာ ကိုသာ ပေးခြင်းဖြစ်ပါသဖြင့် ဆက်လက် ဇာတ်ကားရိုက်ကူးခြေရှိ မရှိနှင့် မသက် ဆိုင်ပါ။
စောစောကပြောခဲ့သည့် မိမိကိုယ် မိမိလည်းကောင်း၊ ပရိသတ်ကလည်း ကောင်း အကယ်ဒမီရမည်ထင်ပြီး မရ သဖြင့် မကျေမနပ်ဖြစ်ကြေးဆိုလျှင် ခင်မိုး မိုးအပါယ်ရတနာဇာတ်ကားဖြင့် ဇာတ်ပို့ ဆုရသည့်နှစ်က တိမ်လွှာမို့မို့လွင်ဇာတ် ကားမှာ ခင်လေးဆွေကို လူတကာထင် ကြေးပေးခဲ့ကြတာပဲ။ စန္ဒာ နှစ်မြွှာ အသည်းဖြင့် မင်းသမီးဆုရတော့ အပါယ် ရတနာကပဲ စမ်းစမ်းအေး(ရှုမဝ)ကို ဝိုင်း ထင်ခဲ့ကြတာပဲ။ ကတ္တီပါဖိနပ်စီးရွှေထီး ဆောင်းမှာ မြတ်မွန်ရမယ်ထင်ကြတာ၊ ရစေချင်ကြတာ။ အားနွဲ့သူပါရှင်က ဒေစီ ကျော်ဝင်းရသွားတာပဲ။ အကယ်ဒမီဆို တာ အဲဒါပါပဲ။ ထိုထိုဇာတ်ကားတို့ ရုပ် မြင်က ပြန်ပြန်ပြတတ်သည်။ ထိုအကယ် ဒမီကို ပရိသတ် ဘဝင်ကျခဲ့ကြသည် ချည်း။ ဟိုတစ်ယောက်မရလို့ ဒီတစ် ယောက်ညံ့နေသည်မတန်ဟု ဘယ်သူက မှမပြော။ ထိုကာလ သရုပ်ဆောင်တို့ တော်ကြပါသည်။
ထည့်ပြောရရင် ဝင်းဦးတစ်ယောက် ကို အကယ်ဒမီက ဒါရိုက်တာဆု မပေးခဲ့ ကြ။ ဆောင်းအိပ်မက်မှာရော မှုံရွှေရည်မှာ ရော သူ့ကို ဇာတ်ဆောင်ဆုသာပေးခဲ့၏။ ခု သူ့ကားတွေ ပြန်ပြန်ပြနေတာ ကောင်း လိုက်တဲ့ ဒါရက်တင်း၊ ကောင်းလိုက်တဲ့ ညွှန်ကြားရိုက်ကူးမှု သို့သော် သူ ဒါရိုက် တာဆု မရရှိခဲ့။
အကယ်ဒမီနဲ့ပတ်သက်ရင် လူပြော သူပြောများတာ ကျော်ဆွေပါပဲ။ ကျော် ဆွေအကယ်ဒမီမရတာ ပြောစရာကိုဖြစ် ပါရော။ တကယ်ဆိုရင် ကျော်ဆွေ အကယ်ဒမီမရတာမဟုတ်ပါ။ အကယ် ဒမီက ကျော်ဆွေကို မရနိုင်တာဆိုရင် ရော ဤသို့ဆိုချင်ပါတော့သည်။