images
UN
UN
ကော့သောင်းတွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းဖွင့်
ကျော်စိုး(ကော့သောင်း) Monday, 19 December 2016
ကော့သောင်းမြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးပညာသင်တန်း အခြေခံအိမ်တွင်းမှုသင်တန်းအမှတ် စဉ်(၇၅)နှင့် အဆင့်မြင့်စက်ချုပ် သင်တန်းအမှတ်စဉ်(၄၆)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီက သင်တန်းကျောင်းခန်းမ တွင်ကျင်းပရာ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်သက် တက်ရောက်၍ သင်တန်းဖွင့်အမှာ စကားပြောကြားသည်။
အခမ်းအနားသို့ ကော့သောင်း ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင် ရာများ၊ အသင်းအဖွဲ့များမှတာဝန် ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ သင်တန်းကျောင်းအုပ်နှင့် ဆရာမများ၊ သင်တန်းသူ ၆၄ဦး တက်ရောက်သည်။
အဆိုပါသင်တန်းအား ကော့ သောင်းခရိုင် နယ်စပ်ဒေသရှိ ငယ် ရွယ်သူ အမျိုးသမီးလေးများအား အသက်မွေးဝမ်းကျောင်းပညာအဖြစ် ကိုယ်ပိုင်စီးပွားရေးအဆင့်အထိ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပြီး ရေ ရှည်ဘဝရပ်တည်မှုရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျော့နိုင်ရေး ရည် ရွယ်ကာနိုင်ငံတော်မှ စဉ်ဆက်မ ပြတ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ် ကြောင်း သိရသည်။