images
UN
UN
ဝင်ငွေနည်းပြည်သူများ အိမ်ရာဝယ်ယူနိုင်ရေး ၁ဝနှစ်အရစ်ကျဖြင့် ပေးသွင်းရမည့်စနစ် စီစဉ်ဆောင်ရွက်လျက်ရှိ
မျိုးပပစန်း Tuesday, 20 December 2016
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီး ဌာနမှစီစဉ်သော ဝင်ငွေနည်း ပြည်သူများ အိမ်ရာများဝယ်ယူနိုင် ရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစု စာရင်းဖွင့်၍ ၁ဝ နှစ် အရစ်ကျဖြင့် ပေးသွင်းသောစနစ် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနမှသိရသည်။
လက်ရှိအချိန်တွင် အစိုးရသစ် လက်ထက်အတွင်း ပေါ်ထွန်းလာ သည့်တိုက်ခန်းပေါင်း ၂၂ဝဝကျော် ကိုရောင်းချရန် စီစဉ်ဆောင်ရွက်ပြီး တန်ဖိုးနည်းအိမ်ရာများကို ရန်ကုန် တိုင်းဒေသကြီးတွင်သာမကအခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်ပါ ဝင်ငွေနည်း ပြည်သူများ အတွက် တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများကို ဆောက်လုပ်ပေး လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် အိမ်ရာဖွံ့ဖြိုးရေး အတွက် ဦးတည်ချက်လေးရပ် ချ မှတ်ဆောက်ရွက်လျက်ရှိပြီး လာ မည့်နှစ်နှစ်အတွင်း အိမ်ခန်းပေါင်း ၈ဝဝဝ၊ ငါးနှစ်အတွင်း အိမ်ခန်း ပေါင်း နှစ်သိန်းနှင့် ၂ဝ၃ဝပြည့်နှစ် တွင် အိမ်ခန်းပေါင်း တစ်သန်းဖော် ထုတ်ပေးနိုင်ရန်လည်း ရည်ရွယ် ဆောင်ရွက်နေကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကရတနာနှင်းဆီအဆင့်မြင့် အိမ်ရာစီမံကိန်းစစ်ဆေးCHDB ဘဏ် နှစ်ပတ်လည်အခမ်းအနား တွင် ပြောကြားသည်။
''ရန်ကုန်မြို့ကလာမယ့်၂ဝ၄ဝ ပြည့်နှစ်မှာ လူဦးရေ၁၂ သန်းခန့်ရှိ လာနိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။ ဒါကြောင့် မြို့သစ်တွေတိုး ချဲ့ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုး ရေးဘဏ်အနေနဲ့က ပြည်သူတွေလို အပ်နေတဲ့အိမ်ရာများဝယ်ယူနိုင်ရေး အတွက် နှစ်ရှည်အတိုးနည်းနည်း နဲ့ ချေးပေးနိုင်ရန် အထောက် အကူပြုဆောင်ရွက်ပေးသွားဖို့ လို အပ်ပါတယ်။ဘဏ်အနေနဲ့ကလည်း ငွေကြေးပံ့ပိုးမှုFinancingကို ဆောင်ရွက်ဖို့ လိုအပ်ငွေကို ပြည် တွင်းပြည်ပကနေ ရှာဖို့လိုပါတယ်။ ပြည်တွင်းမှာတင်သာမကဘဲ ပြည်ပအဖွဲ့အစည်းတွေဆီက ချေး ငွေကူညီမှုတွေ အထိုက်အလျောက် ရရှိနေပါတယ်''ဟု ပြည်ထောင်စု ဝန်ကြီးကပြောသည်။
မကြာမီကာလအတွင်း ဖွင့် လှစ်မည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝတီ ဘဏ် ရတနာအထပ်မြင့်အိမ်ရာ စီမံကိန်းမှ ပထမအဆင့်တည် ဆောက်ပြီးစီးပြီဖြစ်သော ရတနာ နှင်းဆီအဆင့်မြင့်အိမ်ရာခြောက် လုံးအား ပြည်သူများနေထိုင်နိုင်ရန် အတွက် ဖွင့်လှစ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာ အဆင့်မီခေတ်မီသာယာလှပသည့် မြို့ပြနှင့် အိမ်ရာကဏ္ဍများဖွံ့ဖြိုးတိုး တက်လာစေခြင်းဖြင့် လူမှုစီးပွား ဘဝအဆင်ပြေချောမွေ့စေရေးနှင့် နိုင်ငံသားများ၏ နေထိုင်မှုအဆင့် အတန်းမြင့်မားလာစေရေး အနာ ဂတ်မျှော်မှန်းချက်များဖြင့် ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။