ရမည်းသင်းတွင် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်
လှိုင်သန်းတင့်(ရမည်းသင်း)
Tuesday, 20 December 2016
မန္တလေးတိုင်းဒေသကြီးရမည်း သင်းမြို့ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၂၈)စက်မှုလယ်ယာစခန်းမှ ဖွင့်လှစ်သောလယ်ယာသုံးစက်ကိရိ ယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) တောင်သူပညာပေးသင်တန်းအမှတ် စဉ်(၁/၂ဝ၁၆)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ရမည်းသင်း မြို့နယ် ရွှေဒါးအုပ်စုလယ်ပြင်သာ ကျေးရွာအသောကာရုံကျောင်းတိုက် သန္တီသုခဓမ္မာရုံတွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထက် မြတ်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စက်မှုလယ်ယာ ဦးစီးမှူး ဦးအောင်ကျော်သန်း၊ မြို့နယ်ဦးစီးမှူးဦးအောင်သန်းတို့က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ် ချက်နှင့် သင်တန်းနှင့်ပတ်သက် သည်များကို ရှင်းလင်းပြောကြား သည်။ ယင်းနောက်တက်ရောက် လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ သင်တန်းသားများ အား သင်တန်းတွင် အသုံးပြုသင် ကြားပို့ချပေးမည့် လယ်ယာသုံး စက်များကို ခရိုင်/မြို့နယ်ဦးစီးမှူး တို့က ရှင်းလင်းပြသသည်။
အဆိုပါသင်တန်းတွင်ရိတ်သိမ်းြေ>ွခလှေ့စက်၊ ထွန်စက်၊ လက် တွန်းထွန်စက် အစရှိသည်တို့ဖြင့် မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင် တန်းကို သင်ကြားပေးမည်ဟု သိရပြီး သင်တန်းကာလမှာ ယနေ့ မှ ယခုလ ၃၁ရက်အထိဖြစ်ကာ ရွှေဒါးအုပ်စုနှင့်ပတ်ဝန်းကျင်ကျေး ရွာများမှ သင်တန်းသား ၄၁ဦး တက်ရောက်ခဲ့ကြသည်။