images
UN
UN
ခေတ်မကုန်တဲ့ ဗိုလ်အောင်ဒင်
ခင်ပန်နှင်း Tuesday, 20 December 2016
ယခုနှစ်ကထိန်မှာ အံ့အားသင့်ဖွယ် ဗိုလ်အောင်ဒင်ပေါက်ခဲ့သည်။ ကျွန်မတို့ ဆီမှာ ခြေခင်းလက်ခင်းသာချိန် ၁၂ ရာသီပွဲတို့ရှိတတ်၏။ ပွဲဦးထွက်ကတော့ သီတင်းကျွတ်ပေါ့။ သီတင်းကျွတ်မှာ မိုးလေက စိတ်မချရသေးတော့ အရှိန် ယူထားရုံသာ...၊ တန်ဆောင်တိုင်မှသာ လွတ်လွတ်လပ်လပ်ပျော်ကြရသည်။ သီတင်းကျွတ်လစ၍ဆုတ်ကတည်းက ကထိန်ခင်းကြသည်။ တန်ဆောင်မုန်း လပြည့်ထိတိုင်ပါရော...။ ကထိန်ကို ပျော်ချင်ရာ သီချင်းတွေနဲ့ ပျော်ခဲ့ကြတာ တော်တော်ကြာပြီ။ ကိုကြီးကျော်နဲ့ ကထိန်လည်း ဘာဆိုင်လည်းမသိ၊ အိုပါး ဂန်နမ်စတိုင်နဲ့ ကထိန်လည်း ဘာဆိုင် လည်းမသိ၊ သို့သော် ငယ်သူတွေပဲလေ .....ကိုမြကြီးရဲ့ မြိုင်မြိုင်ဆိုင်ဆိုင် လ တန်ဆောင်တိုင်နဲ့တော့ သူတို့ဘယ်ပျော် ချင်တော့မလဲ... နားလည်ပေးလိုက်ရ တာပါပဲ။
ဒါပေမဲ့ ဒီနှစ် ကထိန်ကတော့ ထူးခြားခဲ့သည်xxxxငါက ဗိုလ်အောင်ဒင် နင်က ဒါကိုမမြင်xxxx ဗိုလ်အောင်ဒင် တကယ်ပဲပြန်လာခဲ့သည်။
ဗိုလ်အောင်ဒင်ဆိုတာ မြန်မာပြည် မှာ နှစ်ဒင်မရှိ၊ တစ်ဒင်ပဲရှိသည်။ ဆရာ ရွှေဒုံးဘီအောင်ရဲ့ ဗိုလ်အောင်ဒင် တစ်ဒင် တည်းပါပဲ။ ခင်မောင်ရင်....ပါ။ ခင် မောင်ရင်၊ ဦးဘချစ်၊ မေမေဝင်းတို့ ပါဝင်သရုပ်ဆောင်သည်။ ပဲ့ကိုင်ခေါ် မလား ခေါင်းကိုင်ခေါ်မလား...ထို့ ထက်မက ဆိုချင်ပါသည်...ဆရာ ရွှေဒုံး ပေါ့။
ဆရာရွှေဒုံးသည် အလွန်တရာ ဆရာ ကျလှပါသည်။ဆရာရွှေဒုံး ဆရာကျတာ ထက် အခုပြောချင်တာ ဗိုလ်အောင်ဒင် မမြဝင်းကို ချစ်တဲ့အချစ်က ဂန္ထဝင်တွင် သည့် အချစ်လို့ဆိုချင်သည်။
ထို့ထက်ပို၍ဆိုရပါမူ ဗိုလ်အောင်ဒင် သည်...လူဆိုးပါ၊ ဓားပြပါ။ သို့သော် လူကြီးလူကောင်းဆန်ပြီး သိက္ခာရှိသူဖြစ် သည်။ ဥာဏ်ပညာကြီးမားသူဖြစ်သည်။ စတိုင်လ်ကလည်းကောင်းလှပါ၏။
တကယ်တော့ ဗိုလ်အောင်ဒင် ဇာတ် ကားကို ကျွန်မ မမီပါ။ ကော်ပီသစ်ပြန် ပြမှကြည့်ရတာဖြစ်သည်။ ရုပ်သံမှပြန်ပြ တော့လည်း ကြည့်ရသည်။
ခုထိထက်တိုင် ခေတ်မကုန်ခြင်းဖြစ်သည်။
ဒီတော့ ဒီဘက်ခေတ် ဘယ်သရုပ် ဆောင်များ ဘယ်ဇာတ်တွေမှာ အံဝင် ခွင်ကျရှိပါသလဲ။ ကျော်ဟိန်း၊ နေအောင် လောက်အထိပဲ အံဝင်ခွင်ကျဇာတ်ကား အနည်းငယ်ရှိခဲ့ပြီး ဒွေး၊ လွင်မိုးက စလို့ တစ်ယောက်မှ၊ တစ်ကားမှ အံဝင်ခွင်ကျ ဆိုတာမရှိ၊ မတွေ့ရ။
လူမင်းလည်း အံဝင်ခွင်ကျဆိုတာ တစ်ကားမှမရှိ။ နေတိုး၊ ပြေတီဦး ... ပိုဝေးရော။
သရုပ်ဆောင်တာတွေ ကောင်းနေတာ ပဲ၊အကယ်ဒမီတွေလည်း ရနေတာပဲဆို တာနဲ့ အံဝင်ခွင်ကျဖြစ်တာနဲ့ မသက်ဆိုင် လှပါ။သရုပ်ဆောင်ကောင်းတာက လွယ် သည်၊ဇာတ်ကားတစ်ကားလုံးနှင့် သရုပ် ဆောင် အံဝင်ခွင်ကျဖြစ်ဖို့ကပိုခက်သည်။ အရေးကြီးတာ ဒါရိုက်တာဖြစ်သည်။ သူကိုင်ရမည့်ဇာတ်ကို သူစီးစီး ပိုင်ပိုင် သိရမည်။ ဇာတ်လမ်းအနေအထား တော် တည့်မှန်ကန်ဖို့ကလည်း အရေးကြီးသည်။
ဆရာရွှေဒုံးမှအပ ပြောရရင် ဘဘ ဦးသုခပါပဲ။ မကြာမကြာ ပြန်ပြနေတတ် သော ဥပမာဆိုပါစို့။ အကာကအချစ် အနှစ်ကမေတ္တာမှာ မောင်ဘတင့်(ကျော် ဟိန်း)၊ ခင်ခင်နု(ဆွေဇင်ထိုက်)၊ကောလိပ် ဂျင်နေဝင်း၊ ဒေါ်စိန်ခင်တို့ အကုန်လုံး အံဝင်ခွင်ကျရှိလှပါသည်။ ရုပ်မြင်က ဘယ်နှခါပြန်လာလာ ကြည့်ရတာတန်ဖိုး ရှိလှပါသည်။
ထို့နောက် ဆရာရွှေဒုံးပါပဲ။ ဗန်တို လူလေးနှင့်သူဇာ...။ ညွန့်ဝင်းနှင့်ဇာတ် နှင့်သာမက ဒေစီကျော်ဝင်းပါ အံဝင် ခွင်ကျရှိခဲ့တာ...။ ဆရာရွှေဒုံးကိုနည်းနာ ယူသင့်တာ ပြစရာရှိတာကို ပြချင်တဲ့ ဆီရောက်အောင် တစိုက်မတ်မတ်သွား တာကို နည်းနာယူသင့်သည်။ ဗန်တိုလူ လေးနှင့်သူဇာ ဇာတ်ကားမှာ ဇာတ်သိမ်း ဗန်တိုလူလေးနဲ့ ဆရာဝန်ဒေါက်တာ သူတော်တို့ အမြွှာညီအစ်ကိုဆိုတာ တစ်ယောက် တစ်ယောက်သိသွားတာ မျိုး မပြုလုပ်ခြင်းဖြစ်သည်။ တကြောင်း ကြောင်းဖြင့် အမြွှာညီအစ်ကိုဆိုတာ ပေါ် သွားခဲ့ရင် ရှေ့မှာလုပ်လာခဲ့သည့်ဇာတ်စီး ကြောင်းက ထိုအတွက်မဟုတ်။ ဇာတ်ကို ခုရခံရတာတွေပါ လုပ်ရတော့မည်။ သို့သော် ပရိသတ်ကိုတော့အသိပေး ထားခဲ့သည်။ ထို့ပြင် လူလေး၏ကျူးလွန် ခြင်းကိုခံစားရသော သူဇာက လက်ထပ် ရမည့် ဒေါက်တာသူတော်ကို အမှန် အတိုင်းဖွင့်ပြောလိုသည်ကို အဒေါ်ဖြစ်သူ က ဖွင့်မပြောရန် လောကကြီးမှာ မှန်တိုင်း ဖွင့်မပြောအပ်တာတွေ ရှိတတ် ကြောင်းပြောဆိုမှုတို့ ကောင်းမွန်လှသည်။
ယနေ့ကာလ ဇာတ်လမ်းရွေးချယ်မှု များစွာလိုအပ်နေပါသည်။ ဇာတ်ဆောင် နေရာချထားမှု ပို၍လိုအပ်သည်။ အံဝင် ခွင်ကျဆိုတာကို ကောင်းကောင်းနားလည် စေချင်သည်။ ဗိုလ်အောင်ဒင် ကနေ့အထိ ရှင်သန်နေတာ ဘာကြောင့်လဲ၊ဆရာရွှေဒုံး ဘယ်လိုကိုင်တွယ်ခဲ့သလဲ၊ ခင်မောင်ရင် ဘယ်လိုသရုပ်ဆောင်ထားသလဲ...။ ဇာတ်ကိုဘယ်လို ဘယ်ပုံဖွဲ့စည်းသလဲ... ပညာယူသင့်လှပါ၏။