images
UN
UN
ဖျာပုံမြို့နယ် ကျုံကဒွန်းစိုက်ကွင်းတွင် ရိတ်သိမ်းချိန်လွန် နည်းပညာဆွေးနွေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းခြွေလှေ့ သရုပ်ပြသ
မော်ကျွန်းမြင့်အောင် Tuesday, 20 December 2016
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော လယ်ယာ ကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှုတွင် စပါးအလေအလွင့်လျော့နည်းစေရေး အတွက် ရိတ်သိမ်းချိန်လွန်နည်း ပညာ တောင်သူပညာပေးဆွေးနွေး ပွဲနှင့် ရိတ်သိမ်းခြွေလှေ့စက်များ ဖြင့် သရုပ်ပြ ရိတ်သိမ်းခြွေလှေ့ သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဖျာပုံမြို့နယ် ကျုံကဒွန်း ကော်ဖီရာသီ သီးနှံဌာနခွဲ ကျုံက ဒွန်းစိုက်ကွင်း၌ ကျင်းပရာ ဧရာ ဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဖျာပုံခရိုင်နှင့်ဖျာပုံမြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီး ဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျုံကဒွန်း ကြက်ဖမွှေးဇောင်းနှင့် ကနောင်ကျေးရွာတို့မှ လေ့လာရေး စံပြတောင်သူများနှင့် ဒေသခံ တောင်သူလယ်သမား ၁၅၃ ဦး တက်ရောက်ကြသည်။
ယင်းရိတ်သိမ်းချိန်လွန် နည်း ပညာတောင်သူပညာပေးဆွေးနွေး ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်း ဒေသကြီး ဦးစီးမှူး ဦးရဲဝင်း၊ဖျာပုံ ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင် နှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးကျော်ကျော်လှိုင် တို့က လယ်ယာကဏ္ဍစိုက်ပျိုး ထုတ်လုပ်မှုတွင်စပါးအလေအလွင့် လျော့နည်းစေရေးအတွက် ရိတ် သိမ်းချိန်လွန်နည်းပညာများကို ကဏ္ဍအလိုက် တောင်သူပညာပေး ဆွေးနွေးကြသည်။
ထို့နောက် ကျုံကဒွန်းစိုက်ကွင်း အတွင်း ရိတ်သိမ်းခြွေလှေ့စက် လေးလုံးဖြင့် လေးနေရာခွဲပြီး ရိတ်သိမ်းခြွေလှေ့ သရုပ်ပြသကြရာ ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမောင်မောင်သွင်နှင့် ကျုံကဒွန်းစိုက်ကွင်းမှူးဦးဝင်းနိုင် တို့က လေ့လာရေးတောင်သူများ အား ရိတ်သိမ်ြးေ>ွခလှေ့စက်များ ရိတ်သိမ်းခြွေလှေ့ခြင်းအားဖြင့် တ လင်းပျောက်စနစ် ကျင့်သုံးနိုင်ပြီး စပါးအလေအလွင့်လျော့နည်းစေကာ ရာသီချိန်သီးနှံများကို အချိန်မီ စိုက်ပျိုးနိုင်သည့် အကျိုးရလဒ်များ ရရှိနိုင်ကြောင်း ရှင်းလင်းဆွေးနွေး ပြီး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် သရုပ်ပြရိတ်သိမ်ြးေ>ွခလှေ့ပြသကြ သည်။