images
UN
UN
ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်း ပရဆေးပင်လေ့လာ
ရွှေထွန်းဇံ(ရွှေလှော်ကား) Tuesday, 20 December 2016
မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ အသင်း(ရန်ကုန်တိုင်းဒေသကြီး)မှ ဆရာဆရာမများသည် ပရဆေးပင် လေ့လာရေးနှင့်ဆွမ်းကျွေးအလှူကို ယခုလ ၁၇ ရက်က ပဲခူးတိုင်း ဒေသကြီး ၁ဝမိုင်ကုန်းရှိ ပဏ္ဍိတာ ရာမရွှေတောင်ကုန်းဓမ္မရိပ်သာတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်း ဆေးဆရာအသင်းနှင့် ထက်လင်း ရင်လူးဆေးမိသားစုတို့က အရုဏ် ဆွမ်းကို ကျွေးမွေးလှူဒါန်းကြသည်။
ပဏ္ဍိတာရာမရွှေတောင်ကုန်း ဓမ္မရိပ်သာသည် ဧက ၁ဝဝကျော် ခန့်ကျယ်ဝန်းသည်။ ရိပ်သာဝင်း အတွင်း သဘာဝအလျောက်ပေါက် ရောက်နေကြသော ပရဆေးပင်များ စွာရှိသည်။ ပရဆေးပင်ဥယျာဉ်ဟူ ၍ပင် ခေါ်ဆိုနိုင်သည်။
ထိုပရဆေးပင်လေ့လာရေးကို အသင်းဥက္ကဋ္ဌဆရာဦးသောင်းနိုင်က ဦးဆောင်၍ ပရဆေးပင်ကျွမ်းကျင် သောဆေးမုဆိုး(ဒွေးစမ္ဗာ)က ဆေး တစ်ပင်ချင်းကို အမည်နှင့်တကွ လိုက်လံပြသခဲ့သည်။
ထို့နောက် တိုင်းရင်းသမား တော်များက ဆေးတစ်ပင်ချင်း၏ ရသ၊ ဂုဏ်၊ ဝိဘာဂ၊ ပဘာဝ တို့ ကို တိုင်းရင်းဆေးဆရာများနှင့် အပြန်အလှန်ဆွေးနွေးတင်ပြနှီးနှော ခဲ့ကြသည်။
ထို့အပြင် တိုင်းရင်းဆေးဆရာ များသည် ပဲခူးမြို့ရှိ သမိုင်းဝင် ရွှေမော်ဓောဘုရားသို့ သွားရောက် ဖူးမြော်ခဲ့ကြသည်။