images
UN
UN
တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသည့်အစည်းအဝေးသို့ဒုတိယရှေ့နေချုပ်တက်ရောက်
Tuesday, 20 December 2016
ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ ယခုလ ၁၄ရက်မှ ၁၆ရက် အထိ ကျင်းပသည့် ဒုတိယအကြိမ်မြောက် တရုတ်-အာရှဥပဒေရေးရာ ဆွေးနွေးပွဲနှင့် ယခုလ ၁၇ ရက်တွင်ကျင်းပသည့် တရုတ် -အာဆီယံ ဥပဒေရေးရာဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ပြီး တောင်အာရှနှင့်အာဆီယံဒေသတွင်းမြန်မာနိုင်ငံ၏ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဥပဒေရေးရာမူဘောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲများသို့ တရုတ်၊ နီပေါ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မော်လ်ဒိုက်နှင့် အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များ၊ ရှေ့နေချုပ်များ၊ ဒုတိယရှေ့နေချုပ်များ၊ဥပဒေပညာရှင် များ တက်ရောက်ခဲ့ကြသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယရှေ့နေချုပ်နှင့်အတူ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးဆန်းလင်း လိုက်ပါတက်ရောက်ခဲ့ကြောင်း သိရသည်။