images
UN
UN
ပြည်ထောင်စုရှေ့နေချုပ်က အမေရိကန်နိုင်ငံသံအမတ်ကြီး H.E Mr. Scot Alan Marciel အားလက်ခံတွေ့ဆုံ
Tuesday, 20 December 2016
ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် အမေရိကန် နိုင်ငံသံအမတ်ကြီးH.E Mr. Scot Alan Marciel နှင့်အဖွဲ့အား ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံဆွေးနွေးစဉ်အမေရိကန် ပြည်ထောင်စုမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှား လိုက်ပြီးနောက် အမေရိကန်ဘဏ် များနှင့် ဆက်သွယ်ဆောင်ရွက်နိုင် ရေးအတွက် ငွေကြေးခဝါချမှုများ ကို ထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ဘဏ် လုပ်ငန်းစီမံခန့်ခွဲမှုနှင့် တရားမဝင် ငွေကြေးများ စောင့်ကြည့်လေ့လာ မှုကိစ္စ၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များ တွင် နိုင်ငံအချင်းချင်း အပြန်အလှန် အကူအညီပေးရေးအတွက်နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများ၊ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာရေးတွင် အထောက်အကူပြုနိုင်မည့် Company Law နှင့်IP Law များ ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိသည့်ကိစ္စများ၊ ဥပဒေရေး ရာကဏ္ဍဖွံ့ဖြိုးရေးအတွက် ပြည် ထောင်စုရှေ့နေချုပ်ရုံးနှင့် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်း နှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည် ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ်ဦးဝင်းမြင့်၊ အမြဲတမ်း အတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြား ရေးမှူးချုပ်များဖြစ်ကြသောဒေါ်ခင် ချိုအုန်းနှင့် ဒေါက်တာသီတာဦးတို့ လည်း တက်ရောက်ခဲ့ကြသည်။