images
UN
UN
ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင်ရွှေ့ပြောင်းအလုပ်သမားများအပေါ် ကိုယ်ကျိုးရှာအမြတ်ထုတ်မှုဆက်လက်ဖြစ်ပွားနေကြောင်း အစိုးရထံတိုင်စာထပ်မံပို့
ဖြူသင်းခိုင် Tuesday, 20 December 2016
ထိုင်းနိုင်ငံရှိမြန်မာသံရုံးတွင် ရွှေ့ပြောင်းအလုပ် သမားများ သာမန်နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) လျှောက်ထားရာတွင် မတရားအမြတ်ထုတ်၍ ငွေကြေးကောက်ခံနေမှုများ ဖြစ်ပေါ်လျက်ရှိ၍ MWRN (Migiant Worker Rights Network) အဖွဲ့မှငွေကြေးကောက်ခံမှုအကြောင်းအရာများကို သက်သေအထောက်အထားဖြင့်နိုဝင်ဘာ ၁၇ ရက် တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြား စာပေးပို့ခဲ့ပြီးဖြစ်ကြောင်းMWRN မှ သိရသည်။
MWRN မှ တိုင်ကြားစာပေးပို့ခဲ့သော်လည်း မြန်မာသံရုံးရှိ သာမန်နိုင်ငံကူးလက်မှတ်ထုတ်ပေး ရေးဌာနတွင် ယခင်အတိုင်းလျှောက်လွှာတင်သူ များကိုဘတ် ၃ဝဝ ဆက်လက်ကောက်ခံနေဆဲ ဖြစ်၍ ယမန်နေ့တွင်MWRN အဖွဲ့က နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများသို့ ထပ်မံရရှိသော အထောက်အထားအသစ်များနှင့်အတူ တိုင်စာထပ် မံပေးပို့ခဲ့ကြောင်း သိရသည်။
''အလယ်အလတ်အဆင့်တွေ၊ အောက်ခြေ တွေမှာတော့ မတရားလုပ်နေတာတွေရှိနေတုန်းပဲ။ ဒီအကျင့်ဆိုးတွေပပျောက်ဖို့။ အထူးသဖြင့် ထိုင်း နိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်ကူညီစောင့်ရှောက်ပေးရမယ့် မြန်မာသံ ရုံးက တာဝန်မကျေတဲ့အပြင် သူတို့ကပါအလုပ် သမားတွေအပေါ် ကိုယ်ကျိုးရှာနေတယ်ဆိုတာ တော်တော်လေးရုပ်ဆိုးပါတယ်။ ဒါကြောင့်လည်း အခုလိုသက်သေအချက်အလက်တွေ စုဆောင်းပြီး ဒါမျိုးတွေရပ်တန့်သွားဖို့ တိုင်စာထပ်ပို့ရတာဖြစ်ပါ တယ်'' ဟု MWRN အဖွဲ့ကိုယ်စား တိုင်စာသွား ရောက်ပို့ပေးသော ဥက္ကဋ္ဌဦးစိန်ဌေးက ပြောကြား သည်။
ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် နေ့စဉ် ရွှေ့ ပြောင်းအလုပ်သမား ၄ဝဝ မှ ၅ဝဝခန့်အကြား နိုင်ငံကူးလက်မှတ်လျှောက်လွှာတင်လျက်ရှိပြီး တစ်ဦးလျှင်ဘတ် ၃ဝဝ ကောက်ယူနေခြင်းကို ပျှမ်းမျှတွက်လျှင်ပင် တစ်နေ့လျှင်ဘတ် ၁၂ဝဝဝဝမှ ၁၅ဝဝဝဝ အထိရှိ၍ အဆိုပါကိစ္စရပ်များ ပျောက် ကွယ်သွားသည်အထိ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းMWRN အဖွဲ့ထံမှ သိရသည်။