images
UN
UN
အွန်လိုင်းမှ တစ်ဆင့် MECTel ဆင်းမ်ကတ်များကို မှတ်ပုံတင်နိုင်ပြီ
Tuesday, 20 December 2016
MECTel ဆင်းမ်ကတ်များကိုအသုံးပြုသူများကိုယ်တိုင်အွန်လိုင်း မှတစ်ဆင့် မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း MECTel မှ သိရသည်။
MECTel ဆင်းမ်ကတ်များကိုမှတ်ပုံတင်ရာတွင် လိုအပ်သော အချက်အလက်များဖြည့်သွင်းရာ၌ မိမိတို့၏ရှင်းလင်းပြတ်သား သော နိုင်ငံသားစိစစ်ရေးကတ်၊ ဝန်ထမ်းကတ်၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်၊ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ် မိတ္တူ သို့မဟုတ်Scan ဖတ်ထားသည့်ပုံများ လိုအပ်မည်ဖြစ်ပြီး ပထမဦးစွာမှတ်ပုံတင်ပြုလုပ်မည့် ဖုန်းဆင်းမ်ကတ်များကို မှတ်ပုံတင် ပြုလုပ်နိုင်မည့် ဖုန်းအတွင်းထည့်ကာ
အဆိုပါဖုန်းမှအင်တာနက်Browser ရှိလိပ်စာBar တွင် MECTel ၏ အင်တာနက်ဝက်ဘ်ဆိုက်ဖြစ်သောwww.mectel. com. mmရိုက်ကာ ပေးပို့ရမည်ဖြစ်သည်။
ဆက်လက်၍ ဆင်းမ်ကတ် များကိုမှတ်ပုံတင်လို့ရပါပြီဆိုသော စာမျက်နှာ ကျရောက်လာပါက မှတ်ပုံတင်ရန် Registration Button ကိုနှိပ်၍ ဖုန်းနံပါတ်ရိုက်ထည့် ရန်နေရာတွင် မှတ်ပုံတင်ရန် မိမိ ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီးSearch ကို နှိပ်ရပါမည်။
MECTel မှ Code နံပါတ် ကSMS ပေးပို့ပေးမည်ဖြစ်ပြီး ထို Code နံပါတ်အား Code ထည့်ရန် နေရာတွင် ရိုက်ထည့်ပေးပြီးလျှင်Submit ကိုနှိပ်၍ ကျလာသော စာမျက်နှာတွင်လိုအပ်သောအချက် အလက်များကို ပြည့်စုံစွာဖြည့်စွက် ပေးရပါမည်။
အချက်အလက်များ ဖြည့်သွင်း ပြီးပါက မိမိ၏မှတ်ပုံတင် ဓာတ်ပုံ ရိုက်ရန် Choose File ကို နှိပ်ရ ပါမည်။ ဓာတ်ပုံတစ်ခါရိုက်ပြီးတိုင်း ယာဘက်ထောင့် အပေါ်ဘက်ရှိ အမှန်ခြစ်လေးကို နှိပ်ပေးရမည်ဖြစ် သည်။
မှတ်ပုံတင် အရှေ့ခြမ်းနှင့် အနောက်ခြမ်းနှစ်ခုစလုံး ရရှိပါကUpdate ကိုနှိပ်ပါ။ Update Successful စာတန်းအား မြင်ရပြီဆိုပါ ကဆင်းမ်ကတ်အားမှတ်ပုံတင်ခြင်း အောင်မြင်စွာ ဆောင်ရွက်ပြီးဖြစ် သည်။
MECTel အနေဖြင့် MEC Tel CDMA 800 MHz မိုဘိုင်းလ် ဖုန်းအသုံးပြုသူများလွယ်ကူအဆင် ပြေစွာ အသုံးပြုနိုင်စေရန် ငွေဖြည့် ကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အလုံအလောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် အပြင် ဖုန်းများအား ငွေဖြည့်ကတ် ဖြင့် ငွေဖြည့်ခြင်းအပြင်Eload စက်ဖြင့်ဖြည့်ခြင်း၊ Skypay ဖြင့် ငွေဖြည့်ခြင်း၊ Myanmar Mobile Money ဖြင့် ငွေဖြည့်ခြင်း စသည့် နည်းလမ်းများဖြင့် ငွေဖြည့်နိုင်စေ ရန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။