images
UN
UN
မျက်ရည်တစ်ပေါက်မှ ဟုန်းဟုန်းတောက်မီးသို့
နေဇင်လတ် Monday, 26 December 2016
သက္ကရာဇ်(၂ဝ၁၆)မှာ ထင်ရှားတဲ့ ဖြစ်ရပ်တချို့ ရှိခဲ့ပေမယ့် နိုဝင်ဘာလ ၉ ရက်မှာ တစ်ကမ္ဘာလုံး အထင်ကြီး ခံရတဲ့ ဒီမိုကရက်တစ်ပါတီက ဟီလာရီ ကလင်တန်အပေါ် ရီပတ်ဘလစ်ကန် ပါတီက ဘီလျံနာဒေါ်နယ်ထရန့် အပြတ် အသတ် အနိုင်ရလိုက်တဲ့သတင်းနဲ့ ယခု လ ၁၉ ရက်က တူရကီနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး Andrei Karlov ကို အနီး ကပ်လုံခြုံရေးဖြစ်တဲ့ Mevlut Mert Allintas က ပစ္စတိုနဲ့ ကိုးချက်ပစ်သတ် လိုက်တဲ့သတင်းတွေကတော့ တစ်ကမ္ဘာ လုံးကို ဖမ်းစားသွားခဲ့တယ်။
ထူးခြားနေတယ်
တူရကီ အန်ကာရာမြို့ ပန်းချီပြပွဲ တစ်ခုမှာ ရုရှားသံအမတ်ကြီး မိန့်ခွန်း ပြောနေတုန်း သူ့ယာဘက် အနောက် ထောင့်မှာ လုံခြုံရေးယူပေးနေတဲ့ ရဲအရာ ရှိက အနီးကပ် ပစ်သတ်လိုက်တာပါ။ ဗီဒီယိုအပိုင်းလေးကို နှစ်ခါပြန်ကြည့်မိ တယ်။ ထူးခြားတာတစ်ခု တွေ့ရတယ်။ အနီးကပ်လုံခြုံရေးအရာရှိက သေနတ်နဲ့ ကိုးချက်တိတိပစ်လိုက်တဲ့အချိန်၊ သေနတ် နဲ့ပစ်ပြီး အကြမ်းဖက်တွေရဲ့ထုံးစံအရ ''အလ္လာအက္ကဘားလို့အော်ပြီး ဘာသာ ရေးဆုတောင်းစကား ပြောနေချိန်၊ ဆီးရီး ယားကို မမေ့နဲ့၊ အလက်ပိုကို မမေ့နဲ့၊ ငါတို့လုံခြုံမှုမရှိရင် မင်းတို့လည်းမလုံခြုံ တော့ဘူး။ ငါတို့ခံစားရသလို မင်းတို့ လည်း ပေးဆပ်ရမယ်'' စတာတွေကို အချိန်တစ်ခုကြာအောင် ပြောနေနိုင်ခဲ့ တယ်။ ပြီးတော့ သူလည်း ပစ်သတ်ခံ လိုက်ရတယ်။ ပြန်ပြီးနှုတ်ပိတ်ခံလိုက်ရ တဲ့သဘောလို့ ရေးကြတာတွေ့ရတယ်။
အနီးကပ်လုံခြုံရေးတပ်ဖွဲ့တွေဆိုတာ အလွန်လျင်မြန်ပြီး တိတိကျကျ တုံ့ပြန် နိုင်သူတွေပါ။ အထူးလေ့ကျင့်ထားတဲ့ သူတွေလည်း ဖြစ်ပါတယ်။ လူသတ် သမားဟာ သံအမတ်ကို ကိုးချက်၊လေထဲ နှစ်ချက်၊ စုစုပေါင်းသေနတ် ၁၁ ချက် ပစ်ဖောက်ခဲ့ပြီး နှုတ်က စကားပြောြေ<ွကးကြော်ပေါက်ကွဲနေတဲ့အချိန်တစ်ခု ကို ဘာလို့ ကောင်းကောင်းလုပ်သွားနိုင် ပါသလဲ။ တကယ်ဆိုရင် သူ့သေနတ် ပြောင်းဝ သေနတ်နှစ်ချက်ထွက်ပြီးတဲ့ အချိန်မှာပဲ သူပြန်ပြီး အပစ်သတ်ခံရဖို့ လောက် ကျန်သူတွေ လေ့ကျင့်ထားပြီး သားပါ။ ဓာတ်ပုံတစ်ပုံအရ တူရကီ သမ္မတ အာဒိုဂန်ရဲ့ သက်တော်စောင့် တစ်ဦးဖြစ်ခဲ့ဖူးတယ်လို့ ဆိုထားပြန်ပါ သေးတယ်။ လောလောဆယ်မှာတော့ ရုရှားဘက်ကရော တူရကီအစိုးရဘက်က ရော ဖြစ်ပျက်မှုကို ပူးတွဲစုံစမ်းကြမယ်။ နှစ်ဖက်ဆက်ဆံရေး မပျက်ပြားပါဘူးလို့ သံရေးတမန်ရေးအရဆိုထားပြီး ၂ဝ ရက် မှာ စုံစမ်းစစ်ဆေးမယ့် အဖွဲ့တစ်ဖွဲ့ကို ရုရှားက စေလွှတ်လိုက်တယ်။ အကြမ်း ဖက်တွေ နေရာတကာမှာရှိနေပြီ။ လူ လယ်ခေါင်မှာ အေးအေးဆေးဆေး ပစ် သတ်ခံလိုက်ရတဲ့ ရုရှားသံအမတ်ကြီး လုပ်ကြံခံရမှုဟာ နိုင်ငံခေါင်းဆောင်တွေ အားလုံးကို အတော်ချောက်ချားသွား စေမှာကတော့ ယုံမှားသံသယရှိစရာဖြစ် မှာ မဟုတ်ဘူး။ အကြမ်းဖက်တွေဟာ သူတောင်းစားကအစအမတ်တွေ၊စစ်ဗိုလ် ချုပ်တွေ၊ ဝန်ကြီးတွေ၊ သူဌေးသူကြွယ် တွေအဆင့်အထိ စိမ့်ဝင်နေပြီလို့ ကောက် ချက်ပြုနိုင်တဲ့အခြေအနေဖြစ်လာတယ်။ အနီးကပ်လုံခြုံရေးတာဝန် ထမ်းဆောင်သူ တွေက လက်နက်တပ်ဆင်ထားကြရတာ မို့ ခေါင်းဆောင်တွေအတွက် အတော် အန္တရာယ်ကြီးမားလှတဲ့ အခြေအနေကို ရောက်လာခဲ့တယ်။ သေနတ် ၁၁ ချက် ပစ်သွားခဲ့တဲ့ အယ်လင်တပ်စ်ဟာအသက် ၂၂ နှစ်သာရှိသေးပြီး တူရကီအနောက်ပိုင်း ရှေးရိုးစွဲကြီးတဲ့ အိုင်ဒင်ပြည်နယ်၊ ဆိုကီ မြို့လေးမှာမွေးပြီး ရဲကောလိပ်တက်ခဲ့သူ ဖြစ်တယ်။
လုပ်သက် နှစ်နှစ်ခွဲသာရှိ သေးပြီး အတည်မပြုနိုင်သေးတဲ့ သတင်း တွေအရ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမအောင် မြင်ခဲ့တဲ့ တူရကီအာဏာသိမ်းမှုနဲ့ဆက်စပ် နေနိုင်တယ်လို့ ယူဆသူတွေရှိခဲ့တယ်။ တူရကီအာဏာသိမ်းမှု မအောင်မြင်ခဲ့တဲ့ နောက်ပိုင်း လုံခြုံရေးတွေကို အနားပေး၊ တာဝန်က ခေတ္တရပ်ဆိုင်းမှုစတာတွေ ပြု လုပ်ရာမှာ သူဟာပြီးခဲ့တဲ့ နိုဝင်ဘာလ လယ်အထိ တာဝန်က ခေတ္တရပ်ဆိုင်းခံခဲ့ ရသူ ဖြစ်နေတယ်။ သေနတ်သမားရဲ့ မိသားစုဝင်တွေကို လောလောဆယ် ထိန်း သိမ်းထားတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်၊ အမေရိကန်အခြေစိုက် အစ္စလာမ္မစ်ဘာသာရေးဆရာ ဖက်သူ လန်ဂူလန်ရဲ့ လှုပ်ရှားမှုတွေနဲ့လည်း ဆက်စပ်ကောင်း ဆက်စပ်လိမ့်မယ်လို့ ယူဆသူတွေကလည်း ထောက်ပြလာ တယ်။ အန်ကာရာ မြို့တော်ဝန်မီလာဂေါ့ ဆစ်ကတော့ သူ့ရဲ့တွစ်တာထဲမှာ ဘာသာ ရေးဆရာ ဂူလန်နဲ့ ဆက်စပ်နိုင်တယ်လို့ ရေးထားခဲ့တယ်။ ဂူလန်ဘက်ကတော့ အဲဒီအချက်ကို ငြင်းဆိုထားတယ်။
ရုရှားသံအမတ်ကြီး ပစ်သတ်ခံရတဲ့ သတင်း ထွက်ပေါ်လာပြီး ပူတင်က သူ့ ထိပ်တန်းသူတွေနဲ့ ချက်ချင်းအစည်း အဝေးလုပ်ခဲ့တယ်၊ စကားအမှားမပါ အောင် သတိထားပြောခဲ့တဲ့ ပူတင်ရဲ့ ကနဦး ထုတ်ဖော်ပြောဆိုမှုမှာတော့ ''လူ သတ်သမားကို ဘယ်သူက အမိန့်ပေး သလဲဆိုတာ ကျွန်တော်တို့ သိချင်တယ်၊ ရအောင်လည်း စုံစမ်းသွားမှာပါ၊ သေချာ တာတစ်ခုကတော့ အကြမ်းဖက်နှိမ်နင်း ရေး နောက်တစ်ဆင့်တိုးပြီး ပြင်းပြင်း ထန်ထန် နှိမ်နင်းသွားရတော့မယ်ဆိုတာ ပါပဲ''ပူတင်ဟာ ပြောရင်ပြောတဲ့အတိုင်း၊ လုပ်ဆောင်တတ်သူတစ်ဦး ဖြစ်ပါတယ်။အရင် သူပြောခဲ့တဲ့စကားမှာ... ''ရုရှား နိုင်ငံထဲမှာ အကြမ်းဖက်ကိုလုပ်ရင်... အဲဒီနိုင်ငံ ကျောက်ခေတ်ပြန်ရောက်သွား စေရမယ်''တူရကီနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးအဲန်ဒရီကာလော့ဟာ ပူတင် က အသေအချာရွေးပြီး လွှတ်ထားတဲ့သူ တစ်ဦးဖြစ်ပါတယ်၊ အရှေ့အလယ်ပိုင်း ရှုပ်ထွေးနေတဲ့ ဇာတ်လမ်းမှာ တူရကီဟာ အဓိကဇာတ်ဆောင်တစ်ဦး ဖြစ်နေလေ တော့ တူရကီမှာရှိရမယ့် ရုရှားသံအမတ် မျိုးဟာ သာမန်နိုင်ငံတွေမှာရှိရမယ့် သံအမတ်မျိုးထက် အများကြီးစွမ်းဆောင် ရည်ပြည့်ဝရမယ့် အားကိုးရမယ့်သူဖြစ်ရ မှာ အသေအချာပဲဖြစ်ပါတယ်။
ယေဘုယျ ပြောရမယ်ဆိုရင် သံ အမတ်ကို ခြိမ်းခြောက်တာ၊ လုပ်ကြံတာ၊ သံရုံးထဲ အကြမ်းဖက်တာမျိုးဟာ အဲဒီ ဆိုင်ရာနိုင်ငံကို စစ်ကြေညာတဲ့သဘော ဖြစ်ပါတယ်။ လောလောဆယ် အကြမ်း ဖက်သက်သက်ဖြစ်နေရင်တော့ နောက် ကွယ်က ကြိုးကိုင်တဲ့ အကြမ်းဖက်အဖွဲ့ ကို စိစိညက်ညက်ချေမှုန်းဖို့ ပူတင် ဝန်လေးမှာမဟုတ်ပါဘူး။ တူရကီသမ္မတ အာဒိုဂန်အနေနဲ့ သွယ်ဝိုက်ပြီးပါလာရင် တော့ တူရကီလည်း စစ်ပွဲတစ်ပွဲကို ဆင်နွှဲရမှာဖြစ်တယ်။ နိုင်ငံရေးဟာ ရှုပ်ထွေးတဲ့သဘာဝရှိနေတယ် နိုင်ငံရေး ဟာ ရှုပ်ထွေးတဲ့သဘာဝ ရှိနေတတ်ပါ တယ်။ ပြီးခဲ့တဲ့ တူရကီ အာဒိုဂန် ဖြုတ်ချ ပွဲမှာ အမေရိကန်အနေနဲ့ ဘာသာရေး ခေါင်းဆောင် ဂူလန်ကတစ်ဆင့် ပါဝင် နေတယ်လို့ အာဒိုဂန်ကိုယ်တိုင် ပြောဖူး တယ်။ အခု သံအမတ်ကြီးကို ပစ်သတ် လိုက်တဲ့အကြမ်းဖက်သမားဟာ ဘာသာ ရေးခေါင်းဆောင် ဂူလန်နဲ့ဆက်စပ်နေရင် တစ်မျိုးတစ်မည်တွေးစရာ ဖြစ်လာနိုင် တယ်။ ပြီးတော့ အိုဘားမား သက်တမ်း ကုန်ကာနီး ရက်ပိုင်းအလိုမှာဖြစ်သွား တာ။ အခုလိုကိစ္စတွေဟာ အနည်းဆုံး သုံးလေးဆင့်လိမ်ပြီး ဖြစ်လာတတ်ကြ လေ့ရှိပါတယ်။ ဖြစ်ရမယ်လို့ မဆိုလို ပေမယ့် ဖြန့်ကြက်တွေးစရာတွေက အများကြီးပါ။ ရုရှားရဲ့ စစ်ရေးမျက်နှာ စာကို မသိမသာ ရွှေ့ပေးလိုက်တာမျိုး လည်း ဖြစ်နိုင်တယ်။
ရုရှားဟာနိုင်ငံကြီး တစ်နိုင်ငံပါ၊ စူပါ-ပါဝါအဆင့်က လျော့ ကျခဲ့ပြီး စူပါ-ပါဝါအဆင့်အထိ ပြန်ပြီး တက်လှမ်းဖို့ကြိုးစားနေရာမှာ အတော် အတန် ခရီးပြန်ရောက်လာတဲ့နိုင်ငံ ဖြစ် တယ်။ ရုရှားသံအမတ်ကြီး အခုလို အကြမ်းဖက်အသတ်ခံရတဲ့ကိစ္စက ခပ် လွယ်လွယ်နဲ့ ပြီးမသွားနိုင်ဘူး။ ရက်ပိုင်း အတွင်း ထူးခြားတဲ့သတင်းတွေ ထပ်ပြီး ဖတ်ကြရဖို့ရှိနေတယ်။ နောက်တစ်လ ဖြစ်တဲ့ ၂ဝ၁၇-ဇန်နဝါရီမှာ အိုဘားမား ဆင်းပြီး ထရန့် သမ္မတဖြစ်လာခဲ့ရင် ကမ္ဘာ့အခင်းအကျင်း တစ်မျိုးတစ်ဖုံ ပြောင်းလဲဖို့ရှိနေတယ်။ လစ်ဘရယ်တွေရဲ့ အခန်းကဏ္ဍ အတော်မှေးမှိန်သွားတဲ့မြင် ကွင်း၊ အကြမ်းဖက်တွေ ခပ်ပြင်းပြင်း လေး နှိမ်နင်းခံရမယ့်မြင်ကွင်း၊ ''အမေ ရိကန်-တရုတ်'' စီးပွားရေးလွန်ဆွဲမှုတွေ ခပ်ပြင်းပြင်းတွေ့ရမယ့် မြင်ကွင်းတွေက တော့ မလွဲမသွေ ဖြစ်လာပါလိမ့်မယ်။ အိုဘားမား-ဟီလာရီကလင်တန် တို့ရဲ့ အရှေ့အလယ်ပိုင်း ဇာတ်ရှုပ်တွေကလည်း တစ်ခါတစ်ခါ ထွက်လာဦးမယ့် သတင်း တွေပါပဲ။
ကမ္ဘာ့သတင်းမီဒီယာကြီးတစ်ခုက တော့ အန်ကာရာမှာ ရုရှားသံအမတ်ကြီး အသတ်ခံလိုက်ရတဲ့ဖြစ်ရပ်ဟာ စစ်ပွဲ တစ်ပွဲဖြစ်စေဖို့ မီးတောက်တစ်ခုပါပဲလို့ တောင်မှတ်ချက်ပြုထားတာတွေ့ရတယ်။
မြန်မာတွေမပေါ့ပါနဲ့
Futurist ဆိုတဲ့ အနာဂတ်ကြိုတင်ခန့် မှန်းခဲ့ကြသူတွေရဲ့ ၁၉၈ဝ-ကာလ ရေး ခဲ့တဲ့စာအုပ်တချို့ကို ပြန်သတိရမိတယ်။
(၂၁)ရာစုဟာအကြမ်းဖက်တွေ အင်အား ကြီးပြီး။ ကမ္ဘာကိုခြိမ်းခြောက်မယ့်ရာစု ဖြစ်တယ်ဆိုတာကိုနှစ်ပေါင်း ၃ဝ လောက်စောခဲ့တော့ စိတ်ထဲမတင်မကျ ဖြစ်ခဲ့ဖူးတယ်။ သူတို့တစ်တွေကသုတေသ နပြုပြီးမှ ပြောခဲ့တာတွေဖြစ်လို့အခုတော့ ဖြစ်လာခဲ့ကြပြီ။ အကြမ်းဖက်တွေရဲ့ အန္တရာယ်ဟာကြီးမားပေမယ့်အင်အား ကြီးနိုင်ငံတွေက ပွန်းပဲ့ရှနာရုံလောက်သာ ရှိကြနိုင်ကြပေမယ့် အင်အားနည်းပါးတဲ့ မြန်မာနိုင်ငံလို နိုင်ငံငယ်တွေက အတော် သတိထားကြရပါလိမ့်မယ်။ ယခုလ ၂ဝ ရက်မှာ ဘင်္ဂလားဒေ့ရှ်က ဘာသာရေး ခေါင်းဆောင်တစ်ဦးလှုံ့ဆော်မှု ဗီဒီယိုဖိုင် တစ်ခုတက်လာခဲ့တယ်။ နယ်စပ်မှာလူ အုပ်ကြီးက မြန်မာအစိုးရကို ''ဆန့်ကျင်'' ''သတိပေး''တဲ့ြေ<ွကးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့တယ်။ မောင်းတောကို သိမ်းမယ်ဆိုတဲ့ သတင်းတွေလည်းမကြား ချင်မှအဆုံး။ ပြီးခဲ့တဲ့ နိုဝင်ဘာရခိုင်ဖြစ် စဉ်ရဲစခန်းတချို့အကြမ်းဖက်ခံရမှုမှာ ICG – International Crisis Group ရဲ့ ထုတ်ပြန်ချက်ကို အစိုးရအနေနဲ့လေး လေးနက်နက်သတိထားပြင်ဆင်ဖို့လိုလိမ့် မယ်။ အစိုးရရဲ့လုပ်ဆောင်မှုဟာ သမိုင်း စာမျက်နှာမှာပါနေမှာမို့ အလေးအနက် ထားသင့်တယ်လို့ ထပ်ဆင့်ပြောချင်တယ်။ မက္ကာအခြေစိုက် Harakah al-Yankin အဖွဲ့ကနေ မြန်မာနိုင်ငံ အောက်တိုဘာလ မှာ ဖြစ်ခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုအစီ အစဉ်ကိုစီစဉ်ညွှန်ကြားခဲ့ကြောင်း၊ အဲဒီ အဖွဲ့ကို''အတာအူလာ''က ဦးဆောင်ခဲ့ ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်ခဲ့ကြ တဲ့အကြမ်းဖက်တွေကို ပါကစ္စတန်မှာအ ကြမ်းဖက်သင်တန်းတွေပေးခဲ့ပြီး ကုန်ကျ ငွေအရပ်ရပ်ကိုမက္ကာက ထောက်ပံ့ကြေး ငွေပေးခဲ့ကြောင်း ICG က အတိအလင်း ရေးသားဖော်ပြထားတဲ့အတွက်ကြောင့် မြန်မာနိုင်ငံတွင်းဖြစ်ပွားနေတဲ့အကြမ်း ဖက်ကိစ္စမှန်သမျှမှာ ပြည်ပကပါဝင် စွက်ဖက်နေပြီဆိုတာ ငြင်းမရတော့ဘူး။ မလေးရှားဝန်ကြီးချုပ်နာဂျစ်ကိုယ်တိုင်က မြန်မာအစိုးရကို ပြောခဲ့တဲ့စကားတွေဟာ လည်းသူ့ပါတီပုံရိပ်ကျဆင်းမှုအတွက် နိုင်ငံ ရေးကစားကွက်တစ်ခု တည်းလို့မမှတ်စေ လိုဘူး။ နိုင်ငံရေးကစားတာလည်းပါဝင်သ လို မလေးရှားမှာ မြန်မာအစိုးရကိုဆန့်ကျင် တဲ့လှုပ်ရှားမှုတွေဟာ အခြားအဓိပ္ပာယ်တွေ လည်းရှိနေခဲ့တယ်။ အထူးသဖြင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဟာ မြန်မာအတွက်အတော် သတိထားရမယ့်နိုင်ငံဖြစ်နေတယ်လို့မြင် တယ်။ ဘင်္ဂါလီကိစ္စ၊ အကြမ်းဖက်ကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန် ကြီးတွေကိုဖိတ်ပြီး ဒေါ်အောင်ဆန်းစု ကြည် ရှင်းပြမှုဟာ ကောင်းပါတယ်။ ဒါပေမဲ့ မလေးရှားဝန်ကြီးက အဲဒီပွဲမှာ ဒုက္ခရောက်နေတဲ့ ဘင်္ဂါလီတွေအတွက် အထောက်အပံ့ဆိုင်ရာကို အာဆီယံကပေး ဖို့နဲ့ လွတ်လွတ်လပ်လပ်ဝင်ရောက်ခွင့် ပေးဖို့ဆိုပြီး အမြတ်ထုတ်သွားတာတွေ့ လိုက်ရတယ်။ အာဆီယံပဋိညာဉ်မှာ အခြား တစ်နိုင်ငံအရေးကို ဝင်ရောက်စွက်ဖက်ဖို့ ခွင့်မပြုထားဘူး။ အဲဒီအတွက် ကိုယ့်နိုင်ငံ အရေးကိုကိုယ်ကပဲ တာဝန်ယူရှင်းလင်း စေလိုတယ်။ ပရိယာယ်များလှတဲ့သူတို့ လှုပ်ရှားမှုကို ကြိုတင်တားဆီးထားနိုင် ဖို့လိုတယ်။ အင်အားရှိတဲ့ကျွဲကြီးတွေ ခတ်ကြရာမှာ အပွန်းအပဲ့ရှိရုံကလွဲပြီး ဘာမှဖြစ်ကြမှာမဟုတ်ဘူး။ မြန်မာလို နိုင်ငံငယ်လေးတွေကသာ ကျွဲတွေခတ်ကြ တဲ့ကြားက မြေစာလို အပင်ပြတ်၊ အငုတ် ကျွတ်သွားရမယ့်အရေးကို ကာကွယ်ဖို့က ပိုပြီးအရေးကြီးတယ်လို့ မြင်တယ်။