images
UN
UN
၂ဝ၁၇ခုနှစ်နှစ်လယ်ပိုင်းမှစကာ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်များ ပိုမိုကောင်းမွန်သွက်လက်လာနိုင်
မောင်စိန်ဝင်း Tuesday, 27 December 2016
၂ဝ၁၇ခုနှစ် နှစ်လယ်ပိုင်းဖြစ် သောအနာဂတ်ကာလ၌ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်ကောင်းမွန်လာနိုင်သော ကြောင့် အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်များ ပိုမိုကောင်းမွန်သွက် လက်လာနိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) မှ သိရသည်။
မြန်မာနိုင်ငံ၏အိမ်ခြံမြေအရောင်း အဝယ်နှင့်အိမ်အငှားဈေးကွက်များ မှာ ပြီးခဲ့သည့် ၁၉၉၇ခုနှစ် နောက် ပိုင်း အိမ်ခြံမြေပထမရွှေခေတ်ဖြစ်ခဲ့ ပြီး တဖြည်းဖြည်းအတက်အကျဖြစ် ခဲ့ကာ ၂ဝ၁၂ခုနှစ်မှစတင်၍ ၂ဝ၁၄ ခုနှစ်ထိ အိမ်ခြံမြေဒုတိယရွှေခေတ် ဖြစ်ခဲ့ကြောင်းနှင့် ဈေးကွက်အရှိန် အဟုန်မြင့်ခဲ့ကြောင်းသိရသည်။ ၂ဝ၁၅ခုနှစ်ရွေးကောက်ပွဲကာလ၌ အိမ်ခြံမြေအရောင်းအဝယ်နှင့် အိမ် အငှားဈေးကွက်များအေးစက်ခဲ့ပြီး နိုင်ငံတော်ကချမှတ်ထားသည့်ဥပဒေ များရှိနေသော်လည်း လက်ရှိ၂ဝ၁၆ ခုနှစ်တွင် အိမ်ခြံမြေအတွက် ခိုင်မာ သည့်ဥပဒေမရှိသည့်အတွက် အိမ် ခြံမြေနှင့်ပတ်သက်သည့် ရင်းနှီး မြှုပ်နှံမှုများ နည်းပါးနေသေး ကြောင်း၊ ကွန်ဒိုမီနီယံဥပဒေမှာ မူကြမ်းထွက်ရှိနေသေးသော်လည်း နည်းဥပဒေမထွက်ပေါ်သေးသည့် အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များ အခက်အခဲများရှိနေကြောင်း၊ ထိုအတွက် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို)မှ အိမ်ခြံ မြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေ မူကြမ်းအား နိုင်ငံတော်ကို တင်ပြ ထားကြောင်း၊ အဆိုပါအိမ်ခြံမြေ ဝန်ဆောင်မှုဆိုင်ရာဥပဒေမူကြမ်း ကို နိုင်ငံတော်ကဆက်လက်ရေးဆွဲ အတည်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအနေအထားအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အိမ်ခြံမြေ အငှားဈေးကွက်များ အဆင်ပြေလျက်ရှိပြီး အစိုးရသစ် လက်ထက်၌ အိမ်ခြံမြေဈေးနှုန်း များ ကျဆင်းမည်ဟုဆိုထားသော ကြောင့် ၂ဝ၁၇ ခုနှစ် နှစ်လယ် ပိုင်းဖြစ်သော အနာဂတ်ကာလ၌ အိမ်ခြံမြေဈေးကွက်များပိုမိုကောင်း မွန်လာနိုင်ကြောင်း၊ ပုံမှန်အရောင်း အဝယ်နှင့် အငှားဈေးကွက်များ အောင်မြင်လာနိုင်ကြောင်း၊ အိမ်ခြံ မြေဝန်ဆောင်မှုဆိုင်ရာဥပဒေထွက် ပေါ်လာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ ပိုမိုလာနိုင်သောကြောင့် အိမ် ခြံမြေဝန်ဆောင်မှုဆိုင်ရာဥပဒေ ထွက်ပေါ်ရန် အရေးကြီးကြောင်း၊ အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ လိုင်စင်ရရှိရေးအတွက်လည်း နိုင်ငံ တော်သို့ တင်ပြထားကြောင်း၊ လိုင်စင်ရရှိပါက အိမ်ခြံမြေရောင်း မှား၊ဝယ်မှားများ လျော့နည်းလာ မည်ဖြစ်ပြီး မှန်ကန်သောအရောင်း အဝယ်များဖြစ်လာမည်ဖြစ်ကာ တရားစွဲဆိုမှုများ လျော့နည်းလာ မည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် လည်း အိမ်ခြံမြေဝန်ဆောင်မှုဆိုင် ရာ လိုင်စင်များဖြင့် လုပ်ကိုင်နေကြ သဖြင့် အာဆီယံအသင်းဝင်ထား သော မြန်မာနိုင်ငံ အိမ်ခြံမြေဝန် ဆောင်မှုအသင်း(ဗဟို)အတွက် လည်း အိမ်ခြံမြေဝန်ဆောင်မှု ဆိုင်ရာ လိုင်စင်လိုအပ်ကြောင်းဖြင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်း(ဗဟို)မှအထွေထွေအတွင်း ရေးမှူးဒေါ်မို့မို့အောင်က သုံးသပ် ပြောကြားသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန် ဆောင်မှုအသင်း(ဗဟို)မှ အထွေ ထွေအတွင်းရေးမှူး ဒေါ်မို့မို့ အောင်က '' ကျွန်မတို့ နိုင်ငံမှာက ပါးစပ်ပါရင် လူတိုင်းပွဲစားဖြစ်နေ ကြတာမျိုးတွေကို တွေ့နေရပါ တယ်။ ကျွန်မတို့ အိမ်ခြံမြေ ဝန် ဆောင်မှုအသင်းမှာအသင်းဝင် တယ်ဆိုရင် (က)(ခ)(ဂ)အဆင့် ဆိုပြီး အဆင်သုံးဆင့်ခွဲထားပါ တယ်။ အဆင့်သုံးဆင့်မှာ ဝင်နေ တဲ့အသင်းသားတွေကို အိမ်ခြံမြေ သင်တန်း ၁၆ နာရီကြာသင်တန်း ပေးပါတယ်။အဲ့လိုသင်တန်းပြီးဆုံး မှ ကျွန်မတို့ကျာမေအ ကတ်ပြား ထုတ်ပေးတာပါ။ ဘာမှမတတ် တာတဲ့စာရင် ၁၆ နာရီစာ အိမ်ခြံ မြေအသိပညာရရှိသွားတဲ့အတွက် ဘယ်လိုအရောင်းအဝယ်လုပ်ရမလဲ၊ စာချုပ်ချုပ်တဲ့ အခါကျရင်ဘယ်လို ခိုင်မာမှုတွေနဲ့ စာချုပ်ချုပ်ရမလဲ၊ မြေမဝယ်ခင်မှာလည်း သက်ဆိုင်ရာ ဌာနများကို သွားရောက်စစ်ဆေး ပြီးခိုင်မာမှုရှိတော့မှ အရောင်းအဝယ် ဘယ်လိုလုပ်ပေးရမလဲဆိုတာမျိုး ကိုပါထည့်သွင်းသင်ကြားပို့ချပေး ပါတယ်။ ပြီးတော့ Customer ကို ဆက်ဆံပုံဆက်ဆံနည်းများပါ သင်ကြားပို့ချပေးပါတယ်။ဒါကြောင့် ကျွန်မတို့အနေနဲ့ အသင်းကြီးကို အောင်မြင်အောင်လုပ်ဆောင်သွား မှာပါ။ပြီးတော့အိမ်ခြံမြေဝန်ဆောင် မှုဆိုင်ရာ ဥပဒေမူကြမ်းကိုလည်း နိုင်ငံတော်က ရေးဆွဲအတည်ပြုပေး ပါလိမ့်မယ်။ ပြီးတော့ ကျွန်မတို့ တစ်နိုင်ငံလုံးအတွင်းမှာရှိနေကြတဲ့ အိမ်ခြံမြေအသင်းသူ၊အသင်းသား များ၊ စိတ်ပါဝင်စားသူများ၊ရှေ့နေ တွေကလည်း အကြံဥာဏ်ပေးထား တာတွေလည်း အများကြီးရှိပါ တယ်။ မကြာမီကာလမှာ အိမ်ခြံ မြေဝန်ဆောင်မှုဆိုင်ရာဥပဒေထွက် ပေါ်လာမယ်လို့ မျှော်လင့်ထား ပါတယ်''ဟု ဆိုသည်။