images
UN
UN
ကချင်အထူးဒေသ(၁)နယ်မြေအတွင်း ဆက်သွယ်ရေးတာဝါတိုင်များ စိုက်ထူနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းတိုင်းတာမှုလုပ်ငန်းများဆောင်ရွက်
မင်းမင်း(မြစ်ကြီးနား) Tuesday, 27 December 2016
ကချင်ပြည်နယ် ကချင်အထူး ဒေသ(၁)နယ်မြေအတွင်း ဆက် သွယ်ရေးတာဝါတိုင်များ စိုက်ထူ နိုင်ရေးအတွက် မြေပြင်ကွင်းဆင်း တိုင်းတာမှုလုပ်ငန်းများ ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
ကျွန်တော်တို့မနောမြေ ဂရင်း လဲန်းကုမ္ပဏီလီမိတက်အနေနဲ့ အခု ဆက်သွယ်ရေးတာဝါတိုင်စိုက်ထူ နိုင်ဖို့အတွက် ပန်ဝါဆော့လော်ဖီ မော်ချီဖွေ ကန်ပိုက်တည် မြို့နယ် အပါအဝင် ကချင်အထူးဒေသ (၁) နယ်မြေအတွင်းမှ မြေပြင်ကွင်း ဆင်းတိုင်းတာမှုတွေပြုလုပ်ဆောင် ရွက်နေပြီဖြစ်ပါတယ်''ဟု မနော မြေဂရင်းလဲန်းကုမ္ပဏီမှ တာဝန် ရှိသူ ဦးလင်းကျော်ငြိမ်းက ပြော သည်။
''ကွင်းဆင်းစမ်းသပ်တိုင်းတာ မှုတွေအနေနဲတော့ ပြီးသလောက် ဖြစ်နေပါပြီ။ တာဝါတိုင်အရေ အတွက်နဲ့ ဘယ်တော့လောက် စိုက်ထူနိုင်မလဲတော့ အတိအကျ ပြောလို့မရသေးပါဘူး။ အမြန် ဆုံးစိုက်ထူနိုင်ဖို့အတွက် ပြုလုပ် နေပါတယ်။ တာဝါတိုင်စိုက်ထူ ပြီးရင်တော့ တိုင်တွေမှာမြန်မာ ဆက်သွယ်ရေးMPT ၊တယ်လီ နော၊အူရီဒူးဆက်သွယ်ရေးများ ပူး တွဲ တပ်ဆင်အသုံးပြုနိုင်အောင် ပြုလုပ်ဆောင်ရွက်သွားမယ်''ဟု ၄င်းကပြောသည်။
''ကချင်အထူးဒေသ(၁)ဟာဆို ရင် ကချင်ပြည်နယ်အရှေ့မြောက် အစွန်ဆုံးနေရာမှာရှိတယ်။ မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းဖြစ်သလို နှစ်နိုင်ငံလူဝင် လူထွက်များတဲ့ နယ်စပ်မြို့လည်း ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ် ရေး လူထုဆက်သွယ်တဲ့နေရာမှာ အခြားဒေသတွေထက်ပိုပြီးခက်ခဲ တယ်။ ဒီဒေသမှာက ဌာနဆိုင်ရာ တွေရှိတော့ အထက်ဌာနကိုချိတ် ဆက်တင်ပြပြောဆိုတဲ့နေရာမှာဆက် သွယ်ရေးမကောင်းတော့ အခက် အခဲတွေနဲ့တွေ့ကြုံနေရတယ်'' ဟု ပန်ဝါမြို့နေဒေသခံတစ်ဦး ဖြစ်သူ ဦးဇယ်ဒေါင်ကပြောသည်။
''ဌာနဆိုင်ရာတင်မဟုတ်ပါဘူး။ ဒေသခံပြည်သူတွေအနေနဲ့လည်း လမ်းပန်ဆက်သွယ်ရေးကမကောင်း တော့ အခြားမြို့နယ်တွေမှာနေထိုင် တဲ့ မိဘဆွေမျိုးသားချင်းတွေကို ဆက်သွယ်တဲ့နေရာမှာအခက်အခဲ တွေများစွာတွေ့ကြုံနေရတယ်။ဆက်သွယ်ရေးမကောင်းတော့ပညာ ရေး၊ စီးပွားရေးဒေသဖွံ့ဖြိုးတိုး တက်မှုနှောင့်နှေးနေတယ်။ အခုလို ကုမ္ပဏီအနေနဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေစိုက်ထူဖို့အတွက် နယ်မြေကွင်းဆင်းတိုင်းတာမှုတွေ ဆောင်ရွက်နေပြီဆိုတော့ ပန်ဝါ မြို့အပါဝင်အခြားမြို့နယ်တွေအတွက် လည်း များစွာအကျိုးသက်ရောက် မှုတွေရှိလာမှာဖြစ်တယ်''ဟု ၄င်း က ပြောသည်။
ပန်ဝါမြို့အခြေစိုက်ကချင်အထူး ဒေသ(၁)ထာဝရငြိမ်းချမ်းရေးအဖွဲ့ ချုပ်သည် ယခင်တပ်မတော်အစိုး ရလက်ထက်မှစ၍ ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကိုနိုင်ငံတော်အစိုးရ နှင့်လက်တွဲ၍ ဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒေသခံ ပြည်သူများကိုလည်းအလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအတွက် ဖန်တီးပေးလျက်ရှိကာအဖွဲ့အစည်း မှဦးစီးထားသော မနောမြေ ဂရင်း လဲန်းကုမ္ပဏီအနေဖြင့် လုပ်ထုံး လုပ်နည်းနှင့်အညီတည်ထောင် ထားပြီး လက်ရှိလုပ်ငန်းကိုလည်း အစိုးရမှ တရားဝင်လုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီတစ်ခုဖြစ် ကြောင်း သိရသည်။