images
UN
UN
နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်လာ၍ပြည်တွင်းပြည်ပခရီးသွားနှုန်းလျော့ကျ
လှမြင့်(မကွေး) Tuesday, 27 December 2016
ပြည်တွင်း၌ နိုင်ငံခြားငွေလဲ လှယ်နှုန်း မြင့်မားနေသောကြောင့် ပြည်ပခရီးစဉ်များသာမကဘဲ ပြည် တွင်းခရီးစဉ်များပါ ရိုက်ခတ်မှုရှိ လာသဖြင့် ခရီးသွားရာသီ ဒီဇင် ဘာလအတွင်းခရီးသွားနှုန်းကျဆင်း သွားကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အမေရိ ကန်ဒေါ်လာလဲလှယ်နှုန်း တစ်ဒေါ် လာလျှင် မြန်မာကျပ်ငွေ ၁၄ဝဝ ကျော်အထိ စံချိန်တင်မြင့်တက် သွား၍ ပြည်တွင်းပြည်ပခရီးစဉ် များ လုပ်ကိုင်ဆောင်ရွက်ရာတွင် အခက်အခဲများရှိကြောင်း ခရီး သွားဝန်ဆောင်မှု လုပ်ငန်းတစ်ခုမှ သိရသည်။
ယခုလ ၁ရက်မှ စတင်ပြီး စင်ကာပူနိုင်ငံနှင့် နှစ်နိုင်ငံအပြန် အလှန် ဗီဇာကင်းလွတ်ခွင့်ကြောင့် မြန်မာနိုင်ငံသို့ စင်ကာပူနိုင်ငံသား ခရီးသွား ၃၅ရာခိုင်နှုန်းခန့် တိုး တက်လာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခန့်မှန်းထားသော်လည်း လက်တွေ့ တွင် ပုံမှန်ထက် ခရီးသွားလျော့ နည်းသွားသည်ကိုတွေ့ရှိရကြောင်း သိရသည်။
နိုင်ငံခြားငွေကြေး ဈေးနှုန်းမြင့် တက်လာခြင်းသည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းသာမဟုတ်ဘဲ နိုင်ငံ တကာအတိုင်းအတာဖြင့်အမေရိကန် ငွေကြေးဈေးနှုန်းမာနေသည့်အတွက် ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။ အမေရိကန် ဒေါ်လာဈေးနှုန်းမြင့်တက်မှုကြောင့် နောက်ဆက်တွဲအနေဖြင့်ကုန်ပစ္စည်း ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ကမ္ဘာ့ လောင်စာဆီဈေးနှုန်း မြင့်တက်မှု များ မြန်မာနိုင်ငံ၏ခရီးသွားလုပ် ငန်းဖွံ့ဖြိုးရေးအတွက် အခက်အခဲ တစ်ခုဖြစ်ပေါ်နေကြောင်းသိရသည်။
ယင်းသို့ ပြဿနာများကို ဖြေ ရှင်းရန် မြန်မာနိုင်ငံအနေဖြင့် တိကျ ခိုင်မာသည့် ငွေကြေးမူဝါဒမျိုး ချ မှတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်တွဲဖက်အထွေထွေအတွင်းရေး မှူးဦးကျော်မင်းထင်ကပြောသည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုသည် ၂ဝ၁၅ ခုနှစ်က ခရီးသွားလေးသန်းခန့် ဝင် ရောက်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ လယ်တွင် ၃ ဒသမ ၄သန်းခန့်သာ ဝင်ရောက်ခဲ့သောကြောင့် ခရီးသွား ရာခိုင်နှုန်း ကျဆင်းနေကြောင်း ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။