images
UN
UN
ဇလွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ကြိုဆို (၁၄)နှစ်အောက်လူငယ်ဘောလုံးပြိုင်ပွဲကျင်းပ
ငွေသန်း Tuesday, 27 December 2016
ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ပြီး (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ကြိုဆိုသောအားဖြင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံး ပြိုင်ပွဲကိုမြို့နယ်ပြည်သူ့အားကစား ကွင်းတွင် ယခုလ ၂၅ ရက် ညနေ ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတ ခရိုင် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးညွန့်လှိုင်က မျိုးဆက်သစ် ကစားသမားများ ပေါ်ထွန်းရေး၊ ကျန်းမာကြံ့ခိုင်သည့် အားကစား သမားကောင်းများကို ဧရာဝတီ တိုင်းမှ တိုးတက်သည့် လူငယ် များစွာရရှိရေးတို့ကို ရည်ရွယ် မျှော်မှန်း၍ ကျင်းပပေးခြင်းဖြစ် ကြောင်း ပြောကြားကာ ဇလွန် မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးနိုင်လင်းက ပြိုင်ပွဲစည်း ကမ်းများအား ရှင်းလင်းပြောကြား ပြီး မြို့နယ်ကော်မတီဝင် ဦးရှိန်း ထက်ခေါင်က အားကစားအဓိဋ္ဌာန် များကိုလူငယ်အားကစားသမားများ နှင့်ရွတ်ဆိုကာ ပြိုင်ပွဲကိုဖွင့်လှစ် ပေးလိုက်သည်။
ယင်းပြိုင်ပွဲတွင် တစ်မြို့နယ် လုံး ၁၄နှစ်အောက် လူငယ် ၁၇ သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး တစ်နေ့လျှင် နံနက်နှစ်ပွဲ၊ ညနေနှစ်ပွဲကို စည်ကားသိုက်မြိုက် စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။