images
UN
UN
ဦးပိန်တံတား ညနေခင်းနေဝင်ဆည်းဆာအလှရှုခင်းကို နိုင်ငံတကာခရီးသွားများ လာရောက်ကြည့်ရှုမှုပိုမိုများပြား
တိမ်တမန် Tuesday, 27 December 2016
ကောင်းမွန်သောကန်ပတ်လမ်း များခင်းထားမှုနှင့်အတူ သဘာဝ အလှအပများဖြင့် သာယာနေသော ဦးပိန်တံတားသည်နိုင်ငံတကာခရီး သွားဧည့်သည်များသာမက ပြည် တွင်းဧည့်သည်များပါ စိတ်ဝင်စား သော နေရာတစ်ခုပင်ဖြစ်သည်။
လက်ရှိကာလတွင် ရှေးယခင် ကအတိုင်း ရေဝင်ရေထွက်ကို သဘာဝအတိုင်း ထားရှိသည့် အတွက် သုံးပန်လှဦးပိန်တံတားဟု တင်စားနိုင်သည့် အခြေအနေ ရောက်ရှိနေပြီဖြစ်သည်။ ရေနည်း သွားချိန်ဖြစ်သည့်အတွက် နေဝင် ဆည်းဆာအလှဓာတ်ပုံများကို ငှက် လှေစီးစရာမလိုဘဲ လိုသလိုရွေ့ လျားရိုက်ကူးလာနိုင်ပြီဖြစ်သည်။ ညနေတိုင်းတံတားအောက်ခြေအထိ လာရောက်ကာ နိုင်ငံတကာခရီး သွားဧည့်သည်များ စိတ်တိုင်းကျ နေဝင်ဆည်းဆာအလှကို ရိုက်ကူးမှု ပိုမိုများပြားလျက်ရှိသည်။ တောင် သမန်အင်း ဦးပိန်တံတား၊ကိုတံငါ တို့၏ငါးဖမ်းဟန်များသည် လှပပြီး ဆွဲဆောင်မှုရှိစေသည်။ ''တောင် သမန်ထဲ အင်းရေကြည်ကြည် ရေ ဖွေးဖွေးမို့ ငါးတွေဖမ်းကြသည်'' ဆိုသော တေးစာသားမြင်ကွင်းက ပြည်တွင်း ပြည်ပခရီးသွားများကို ဆွဲဆောင်စေသောအလှဖြစ်သလို သမိုင်းဝင် အရှည်ဆုံးသစ်သား တံတားဂုဏ်က ကမ္ဘာကိုကျော်စေ ခဲ့ပေသည်။
ဦးပိန်တံတားကို ၁၂၁၁ ခုနှစ် တွင် မြို့စာရေးမောင်ပိန်ဦးစီး တည်ဆောက်ပြီး ၁၂၁၃ ခုနှစ်တွင် ပြီးစီးခဲ့သည်။ တိုင်အလုံးရေ၁ဝ၈၆ လုံးရှိပြီး အခန်း ၄၈၂ ခန်း ဇရပ် လေးဆောင်၊ ဖောင်ကြောင်း ကိုးခု ဟု အရှည် ၇ ဒသမ ၈ ဖာလုံ ရှိ ကြောင်းသိရသည်။ တောင်သမန် အင်းကို အလွယ်တကူဖြတ်သန်း သွားလာနိုင်ရန်ရည်ရွယ်ချက်ဖြင့် နဝမမြောက် ပုဂံမင်းတရားကြီး၏ အမိန့်တော်ဖြင့် မြို့စာရေးမောင်ပိန် က ဦးစီးတည်ဆောက်ခဲ့သည်။ အင်းဝနန်းတော်တိုင်ဟောင်းများ ကို အသုံးပြုပြီး အချိန်နှစ်နှစ်မျှကြာ အောင် တည်ဆောက်ခဲ့သည်။ ဆောက်လုပ်ပြီးစီးသည့် ခုနှစ်အား အမှတ်အသားပြုကြရာတွင်''အင်း က အော်ညည်း'' ဆောက်လုပ်ပြီး ဟု အမှတ်အသားပြုကာ ၁၂၁၃ ခုနှစ်ကို မှတ်ထားသည်။
လက်ရှိကာလ တောင်သမန် အင်းရေနည်းချိန်တွင် ဦးပိန်တံတား နေဝင်ဆည်းဆာအလှကို ငှက်လှေ မစီးဘဲ လိုသလိုရွေ့လျားရိုက်ကူး လာနိုင်ပြီဖြစ်သည်။ ညနေခင်း တိုင်းနိုင်ငံတကာခရီးသွားဧည့်သည် များ၊ ပြည်တွင်းဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရ သည်။