images
UN
UN
ကြာရှည်ခံအစားအစာများ မကြာခဏစားခြင်းဖြင့် အစာအိမ်ကင်ဆာဖြစ်ပွားနိုင်
မိလဲ့ Tuesday, 27 December 2016
ကြာရှည်ခံစေရန် ပြုလုပ်ထားသည့် ငါးပိ၊ ငါးပိကောင်၊ ဝက် ပေါင်ခြောက်အပြင် အခြားအစားအစာအချို့ကြောင့် အစာအိမ်ကင် ဆာဖြစ်ပွားနိုင်ကြောင်းသိရသည်။
ထို့အပြင် ယမ်းစိမ်း၊ နိုက်ထရိတ်ပါသည့် ငါးခြောက်၊ ဝက် အူချောင်း၊ ကြက်အူချောင်း၊ ကျပ်တင်ထားသည့်ဆတ်သားခြောက်၊ သနပ်၊ ချဉ်ဖတ်၊ ဆားစိမ်၊ အသားကင်တို့အား မကြာခဏကြာရှည် စွာစားသုံးခြင်းဖြင့် အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ကြောင်း အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာနွယ်နွယ်အေးကပြောသည်။
လေပွခြင်း၊ လေတက်ခြင်း၊ ဗိုက်ပြည့်ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းတို့မှာ အစာအိမ်ကင်ဆာရောဂါလက္ခဏာများဖြစ်ပြီး အစာ အိမ်အနာဖြစ်ခြင်းထင်မှတ်ကာ ဆရာဝန်အားမပြသဘဲ သင့်လျော် သလိုဆေးသောက်ခြင်းတို့ကြောင့် ရောဂါတွေ့ရှိမှု ပိုမိုနောက်ကျရ ကြောင်း သိရသည်။
''အစာအိမ်ကင်ဆာက စတင်ဖြစ်တဲ့အချိန်မှာ ရောဂါလက္ခဏာ မပြတဲ့အတွက် စောစောသိဖို့ခက်တယ်။ နောက်ကျမှ ရောဂါလက္ခဏာ ပေါ်တော့ ကုဖို့နောက်ကျတာတွေဖြစ်တယ်''ဟု ဒေါက်တာနွယ်နွယ် အေးက ပြောသည်။
အစာအိမ်ကင်ဆာဖြစ်ပွားမှုသည် အစားအသောက်နှင့် ဆက်နွှယ် နေသဖြင့် အထက်တွင်ဖော်ပြပါ အစားအစာများအားရှောင်ခြင်းဖြင့် အစာအိမ်ကင်ဆာကို ကာကွယ်နိုင်ပြီး မျိုးရိုးရှိပါက ယင်းအစားအစာ များကို မလွဲမသွေရှောင်ရန် ပိုမိုလိုအပ်ကြောင်း သိရသည်။
ဆေးလိပ်သောက်ခြင်းအား ရှောင်ကြဉ်ခြင်း၊အသက် ၅ဝကျော် အရွယ်တွင် ကြိုတင်စမ်းသပ်ခြင်း၊ အစာအိမ်တွင် အလုံး၊ ခွဲစိတ်ထားမှု ရှိလျှင်ကြိုတင်စမ်းသပ်ခြင်း၊ နာတာရှည်အစာအိမ်ရောင်ရောဂါရှိသူများ အနေဖြင့်ကြိုတင်စမ်းသပ်ခြင်း၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးများစားသုံးခြင်းတို့ပြုလုပ်ခြင်းဖြင့် အစာအိမ်ကင်ဆာကို ကာ ကွယ်နိုင်ကြောင်း ဒေါက်တာနွယ်နွယ်အေးက ပြောသည်။
အစာအိမ်ကင်ဆာသည် ကမ္ဘာပေါ်တွင် အဆုတ်ကင်ဆာ ဖြစ်ပြီး လျှင် ဒုတိယအဖြစ်အများဆုံးကင်ဆာဖြစ်ကာ လူ့ခန္ဓာကိုယ်ရှိ အစာ လမ်းကြောင်းတွင်ဖြစ်ပွားသည့် ကင်ဆာများအနက် အဖြစ်များသည့် ကင်ဆာလည်းဖြစ်သည်။ အစာအိမ်ကင်ဆာသည် အသက် ၄ဝ ကျော် အရွယ်တွင်အဖြစ်များပြီး အသက် ၅ဝနှင့် အသက် ၇ဝကြားတွင် အဖြစ်ပွားနိုင်ဆုံးဖြစ်ပြီး အရွယ်မရွေးဖြစ်ပွားနိုင်ကြောင်းသိရသည်။