images
UN
UN
ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ဝေါမြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးစည်းမှူးများနှင့်တွေ့ဆုံ
အောင်ဖြိုးကျော် Tuesday, 27 December 2016
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမော် ထွန်းသည် တိုင်းဒေသကြီးအတွင်းရေးမှူး ဦးညီညီ မြင့်၊ တိုင်းဒေသကြီးကော်မတီဝင် ဦးရဲမြင့်ထွန်း၊ ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်စိုးတို့ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီတွင် ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူး၊ အမှု ဆောင်များနှင့်တွေ့ဆုံ၍ ပါတီတွင်းဆိုင်ရာကိစ္စရပ် များ၊ ၂ဝ၂ဝ ပြည့် ရွေးကောက်ပွဲပါတီအောင်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။