images
UN
UN
ဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့်အဖွဲ့ သလဲဦးကုန်းသာကျေးရွာနှင့် ကုန်းခြံအထက်ကျေးရွာ ပြည်သူများနှင့်တွေ့ဆုံ
အေးဇေယျာ Tuesday, 27 December 2016
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်း ရေးမှူး ဦးသန်းထွန်းသည် ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်တင်မြင့်(တောင်သူလယ် သမားရေးရာ)၊ ဗဟိုကော်မတီဝင် များဖြစ်ကြသည့်ဦးမင်းမင်းဇေယျာ မြင့်(ပါတီလုပ်ငန်းစိစစ်ရေး)၊ဦးတင့် လှိုင်မြင့်(ပါတီစည်းကမ်းထိန်းသိမ်း ရေး)၊ ဦးကိုကိုနိုင်(သုတေသနနှင့် ပညာရေးဌာနကြီး)၊ ဦးအောင်ကျော် ညွန့် (စီးပွားရေးရာ)၊ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ ပါတီကော်မတီ ဝင်များဖြစ်ကြသည့် ဦးအုန်းဖေနှင့် ဦးမိုးစည်သူ၊ တောင်ကြီးခရိုင်ပါတီ ကော်မတီဝင် ဦးကျော်တိုး၊ ညောင် ရွှေမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစံရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များလိုက် ပါပြီး ယမန်နေ့ နံနက် ၁ဝနာရီခွဲ တွင် တောင်ကြီးခရိုင် ညောင်ရွှေ မြို့နယ် သလဲဦးကျေးရွာသို့လည်း ကောင်း၊ မွန်းလွဲ ၁၂နာရီခွဲတွင် ကုန်းခြံအထက်ကျေးရွာသို့လည်း ကောင်း သွားရောက်၍ ဒေသခံ မိဘပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲများသို့ သလဲ ဦးကုန်းသာကျေးရွာ ဒေသခံမိဘ ပြည်သူ ၁၂ဝခန့်၊ ကုန်းခြံအထက် ကျေးရွာဒေသခံမိဘပြည်သူ ၁ဝဝ ခန့်တက်ရောက်ကြပြီး အင်းလေး ကန်ဇီဝအဝန်းနယ်မြေအရှေ့ခြမ်း ဒေသဖွံ့ဖြိုးရေးအတွက် ပါတီမှကူ ညီ ဆောင်ရွက်ပေးနိုင်သည်များကို ဗဟိုအတွင်းရေးမှူးက ရှင်းလင်း ပြောကြားခဲ့ပြီး ဒေသခံမိဘပြည်သူ များ၏ တင်ပြချက်များကို ပြန် လည် ညှိနှိုင်းဆွေးနွေးဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။