images
UN
UN
ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအတွင်း ရိဒ်ရေကန်သို့ လာရောက်လည်ပတ် မှတ်တမ်းရိုက်ယူသူများပြားလျက်ရှိ
ချင်းတွင်းသား Monday, 02 January 2017
ချင်းပြည်နယ်၏ အလှကို တန်ဆာဆင်ပေးသည့် အထင်ကရ နေရာတစ်ခုနှင့်ပင်လယ်ရေမျက်နှာ ပြင်အထက် ၂၉၆၆ ပေ အမြင့်တွင် သဘာဝအတိုင်းဖြစ်ပေါ်ပြီး ပြည် နယ်၏ဂုဏ်ဆောင်တစ်ခုဖြစ်သည့် အသည်းနှလုံးပုံသဏ္ဌာန် ရိဒ်ရေ ကန်သို့ ခရစ္စမတ်နှင့် နှစ်သစ်ကူး ကာလအတွင်း ပြည်တွင်းပြည်ပမှ ခရီးသွားပြည်သူများ၊ လေ့လာရေး ခရီးလာရောက်လည်ပတ်သည့် ဧည့်သည်များအတွက် အမှတ်တရ မှတ်တမ်းရိုက်ယူနိုင်ရန် ရိဒ်ရေကန် ရှုခင်းသာ(ျွင့ ဠငနတစသငညအ) ကို ပြု လုပ်တည်ဆောက်ပေးခြင်း ကြောင့် ဝမ်းသာကျေနပ်လျက်ရှိကြကြောင်း သိရသည်။
ရိဒ်ရေကန်သည် ချင်းပြည် နယ်၏ အနောက်မြောက်ဘက် အိန္ဒိယ-မြန်မာနယ်စပ်တွင် တည်ရှိ ပြီး ကလေးမြို့မှ ၉၇ မိုင်ခန့်၊ တီးတိန်မြို့မှ ၃၂ မိုင်၊ ဖလမ်းမြို့မှ ၆၄ မိုင်၊ ဟားခါးမြို့မှ ၁ဝ၄ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ရိဒ် ရေကန်သည် ပတ်လည်အကျယ် ၂ ဒသမ ၅ မိုင်ခန့်ရှိပြီး ကန်ရေ အနက်ပေ ၄ဝ မှ ၅ဝ ခန့်ရှိ၍ နှစ်စဉ် ဒီဇင်ဘာလနှောင်းပိုင်းတွင် ကန်ရေ တစ်ခုလုံး နောက်ကျိလေ့ရှိသည်။ အဆိုပါရိဒ်ရေကန်၏ ပေ ၃ဝ ပတ် လည်သာရှိသောနေရာ၌သာ ရေချိုး ဆိပ်တစ်နေရာရှိရာ အခြားကမ်းစပ် များတွင် ရွှံ့ဗွက်များဖြင့် ပြည့်နှက် ဝန်းရံထားသဖြင့် လူနှင့် တိရစ္ဆာန် များအတွက် အလွန်အန္တရာယ်များ သည်။ ထို့ကြောင့် ရေချိုးဆိပ်၌ သာ ခရီးသွားပြည်သူများက မှတ် တမ်းဓာတ်ပုံရိုက်ကူးကြသော်လည်း ယင်းနေရာတွင် ရေကန်၏သဘာဝ အလှအသည်းနှလုံးပုံသဏ္ဌာန် ပေါ် လွင်ခြင်းမရှိပေ။ ထို့ကြောင့် ရိဒ် ရေကန်၏အသည်းနှလုံးပုံသဏ္ဌာန် ထင်ရှားပေါ်လွင်သည့် မြို့တွင်းရှိ တောင်ကုန်းတစ်နေရာအား ရိဒ်ရေ ကန်ရှုခင်းသာအဖြစ် ဌာနဆိုင်ရာ များနှင့် ပြည်သူများပူးပေါင်း၍ စီစဉ်ဆောင်ရွက်ခဲ့ရာ ရိ-ဘွန်နဲလ် ကုမ္ပဏီ၏ တာဝန်ယူမှုဖြင့် ရိဒ် ရေကန်ရှုခင်းသာကို ရာနှုန်းပြည့် အကောင်အထည်ဖော်ပြီးစီးခဲ့ခြင်း ဖြစ်သည်။
'ရိဒ်ရေကန်ရဲ့ ရေချိုးဆိပ်ဘေး ပတ်ဝန်းကျင်မှာ ခရီးသွားပြည်သူ တွေ နေထိုင်စားသောက်ရေး၊ ည အိပ်တည်းခိုနိုင်ရေးအတွက် ရိဒ် ကန်သာစားသောက်ဆိုင်နဲ့ဟိုတယ် တွေ ဖွင့်လှစ်ထားပါတယ်။ အဲဒီမှာ တည်းခိုဆောင် ခုတင်လေးလုံးပါ အဆောင်ခြောက်ဆောင်ရှိပါတယ်။ ဒါ့အပြင် ရိဒ်ပြည်ထောင်စုရိပ်သာ တစ်ခုရှိပြီး အဲဒီရိပ်သာမှာလည်း ခရီးသွားပြည်သူ ၂ဝ လောက် ည အိပ်တည်းခိုနိုင်ပါတယ်။ အခုအခါ မှာတော့ ရိဒ်ရေကန်လေ့လာရေး ခရီးစဉ်နဲ့ရောက်ရှိလာတဲ့ အများ ပြည်သူတွေအတွက် နေထိုင်စား သောက်တည်းခိုရေး၊ ရေကန်ရဲ့ သဘာဝအလှနဲ့အတူ အမှတ်တရ မှတ်တမ်း ဓာတ်ပုံရိုက်ကူးရေးပါ အဆင်ပြေလို့ ဝမ်းသာကျေနပ်ကြ သလို ပြည်တွင်းပြည်ပက ခရီး သွားပုဂ္ဂိုလ်တွေ အရင်နှစ်တွေက ထက် ပိုပြီးအဆင်ပြေချောမွေ့လာ တာကို တွေ့မြင်ရပါတယ်''ဟု ဒေသခံဦးပက်ကာကပြောသည်။
ရိဒ်ရေကန်သို့ လေ့လာကြည့်ရှု ရန်လာရောက်လည်ပတ်သူအများစု မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ မီဇိုးကျောင်းသားများဖြစ်ကြပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့လည်းလာရောက် လေ့လာကြကြောင်း၊ လာရောက် လည်ပတ်သူများစုမှာ အပန်းဖြေ နားနေရန် အစုအဖွဲ့လိုက်ဖြင့်သော် လည်းကောင်း၊ အသင်းအဖွဲ့ဖြင့် သော်လည်းကောင်း၊ ဘာသာရေး အသင်းအနေဖြင့်သော်လည်းကောင်း လာရောက်လည်ပတ်သူများဖြစ်ကြ ကြောင်း၊ ခရစ္စမတ်နှင့်နှစ်သစ် ကာလအတွင်း ရိဒ်ရေကန်မှရေများ သည် နှစ်စဉ်အစဉ်အလာမပျက်ရေ နောက်ချိန်ဖြစ်ပြီး ယင်းရေ နောက် ချိန်မှာ ရိဒ်ရေကန်၏ ထူးခြားမှု လက္ခဏာတစ်ခုဖြစ်ကြောင်း၊ ရေ နောက်ချိန်မှာ နှစ်အလိုက် ကွာခြား မှုရှိပြီး အများအားဖြင့်တစ်ပတ်၊ နှစ် ပတ်ကြာ ရေနောက်လေ့ရှိသည်။