images
UN
UN
ကားအရောင်းစင်တာနှင့် အရောင်းပြခန်းများမှ ကားတင်သွင်းမှုကိုလစဉ် ၁ဝ ရာခိုင်နှုန်းစီလျှော့ချမည်
မင်းလွင်သစ် Tuesday, 03 January 2017
ပြည်တွင်းသို့ မော်တော်ယာဉ် တင်သွင်းရာ၌ ၂ဝ၁၇ ခုနှစ် တွင်လည်း ကားအရောင်းစင်တာ နှင့် ကားအရောင်းပြခန်းများ၏ ကားတင်သွင်းမှုကို တစ်လချင်းစီ အလိုက် ၁ဝ ရာခိုင်နှုန်းစီလျှော့ချ မည်ဖြစ်ကြောင်း သိရသည်။
'' အရောင်းပြခန်းနဲ့ အရောင်း စင်တာတွေအတွက် ပါမစ်ချပေးတဲ့ နေရာမှာ အရင်အတိုင်းလအလိုက် အစီးရေကန့်သတ်ဖို့ ဆောင်ရွက် သွားမှာပါ။ ပုံမှန်အတိုင်း တစ်လ မှာ ၁ဝ ရာခိုင်နှုန်းစီလျှော့ပြီး တင်သွင်းခွင့်ပေးဖို့ရှိပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခုနှစ်မှစတင်၍ တစ်ဦးချင်း ဖရီးပါမစ်တင်သွင်းခြင်းကို ရပ် ဆိုင်းပြီးဖြစ်သောကြောင့် ဖရီး ပါမစ်ဖြင့် တင်သွင်းခွင့်ရမည့် ၂ဝ၁၅ မိုဒယ်ဘယ်မောင်းတစ်ပတ် ရစ်ကားများကို အရောင်းစင်တာ များမှ တစ်ဆင့်ဝယ်ယူရမည်ဖြစ် သည်။
ယခုနှစ်တွင် ဖရီးပါမစ်ကား တင်သွင်းမှုနှင့်ပတ်သက်၍ သတ် မှတ်ထားသည်ထက်ပို၍ တင်သွင်း ခွင့်ပေးရန် တောင်းဆိုမှုများရှိခဲ့ ကြောင်း ကားအရောင်းစင်တာ မန်နေဂျာတစ်ဦးက ပြောသည်။
ကားတင်သွင်းရာတွင် လူတစ် ဦးချင်း အစီအစဉ်ဖြင့် ဖရီးပါမစ် လျှောက်ထားခြင်းအား အချိန် ကာလ ခြောက်လခန့်ရပ်ဆိုင်းမည် ဖြစ်ပြီး ယာဉ်အိုယာဉ်ဟောင်း အစားထိုးတင်သွင်းခွင့်ပါမစ်ကိုဆက် လက်ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကားတင်သွင်းမှု စနစ် အရ အရောင်းစင်တာနှင့်Show room များအား လစဉ်ကားအစီးရေ ၅ဝခန့်တင်သွင်းခွင့်ပေးထားကြောင်း သိရသည်။
စလစ်ကပ်ကားများ တင်သွင်း ခြင်းကို ဇန်နဝါရီလတွင် အစီး ၁၅ဝ၊ ဖေဖော်ဝါရီတွင် ၁၃၅စီး၊ မတ်တွင် ၁၂၁ စီး၊ ဧပြီတွင် ၁ဝ၉ စီး၊ မေတွင် ၉၈ စီး၊ ဇွန်တွင် ၈၈ စီး၊ ဇူလိုင်တွင် ၇၉ စီး၊ သြဂုတ်တွင် ၇၁ စီး၊ အောက်တို ဘာတွင် ၅၈ စီး၊ နိုဝင်ဘာတွင် ၅၂ စီး၊ ဒီဇင်ဘာလတွင် ၄၇ စီးတင်သွင်းခွင့်ပေးထားကြောင်း သိရသည်။