images
UN
UN
ကော့သောင်းမြို့တွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်
ကျော်စိုး(ကော့သောင်း) Tuesday, 03 January 2017
မိမိတို့၏ဥယျာဉ်ခြံမြေများသိမ်း ဆည်းခံရ၍ တရားစွဲခံနေရသော တောင်သူလယ်သမားများငြိမ်းချမ်း စွာဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ယမန် နေ့ နံနက် ၉ နာရီခွဲတွင် ကော့သောင်းမြို့တွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် ကော့သောင်းမြို့နယ် ဘန်းကချွန် ကျေးရွာ ၁၈ မိုင်တွင် ကုမ္ပဏီက မိမိတို့၏ ဥယျာဉ်ခြံမြေများ သိမ်းဆည်းခံရကာ တရားစွဲခံနေ ရသော တောင်သူလယ်သမား ကိုးဦးမှ ကော့သောင်းမြို့ပိတောက် ရွှေဝါရပ်ကွက် အဝိုင်းပတ်လမ်းဆုံ မှ စတင်စုစည်းပြီး ဗိုလ်ချုပ်လမ်း၊ ကမ်းနားလမ်း၊ ရွာမလမ်း၊ နိဗ္ဗာန် လမ်းမှတစ်ဆင့် မူလနေရာအဝိုင်း ပတ်အထိမြေစာရင်းမြေပုံအမှန်ရေး ဆွဲပေးရေး၊ ဘာတစ်ခုမှနားမလည် သည့် လွှတ်တော်ကိုယ်စားလှယ် များနုတ်ထွက်ပေးပါ၊ သက်ဆိုင်ရာ ဌာနများကိုစောင့်ကြည့်ပေးပါ၊အရပ် ဘက်နှင့် အစိုးရမြေယာကော်မတီ ဖွဲ့စည်းပေးရေး၊ အမှန်တကယ်လုပ် ကိုင်သည့်တောင်သူတွေထောင်ကျ ကုန်ပြီစသည့် စာသားများရိုက် နှိပ်ထားသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်ြေ<ွကးကြော်ကာ၊ ဒီမို ကရက်တစ်ပါတီ (မြန်မာပြည်)၏ တနင်္သာရီတိုင်းဒေသကြီး စည်းရုံး ရေးမှူး ဦးသန်းထွန်းဆိုသူက ဦး ဆောင်ကာခွင့်ပြုချက်ရယူ၍ ငြိမ်း ချမ်းစွာဆန္ဒထုတ်ဖော်ကြခြင်းဖြစ် သည်။ ယခုဆန္ဒထုတ်ဖော်ပွဲသည် ၂ဝ၁၇ ခုနှစ် နှစ်ဦးအစတွင် ကော့ သောင်းမြို့၌ ပထမဆုံးအကြိမ် စတင်ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။