images
UN
UN
အခြေခံပညာမူလတန်းကျောင်းအတွက် ကျောင်းအသုံးအဆောင်ပစ္စည်းများလှူဒါန်း
မျိုးလှိုင်(တွံတေး) Tuesday, 03 January 2017
ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ် ရေကျော်ကျေးရွာ အုပ်စုအတွင်း ရေကျော်ကျေးရွာ အုပ်စုအခြေခံပညာမူလတန်းကျောင်း အတွက်ကျောင်းအသုံးအဆောင် ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁ဝနာရီက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အလှူရှင် မိသားစု၊ရပ်မိရပ်ဖများ၊ကျေးရွာသူ ကျေးရွာသားများ တက်ရောက် ကြပြီး အခြေခံပညာအလယ်တန်း ကျောင်းမိသားစုဥက္ကဋ္ဌ ဆရာကြီး ဦးရွှေမန်းကအဖွင့်အမှာစကားပြော ကြားသည်။ ထို့နောက် အလှူရှင် ဦးရဲထွဋ်အောင်ကလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားကာ လှူဒါန်းပစ္စည်းများအား ပေးအပ်ခဲ့သည်။ ပညာရေးမိသားစု ဥက္ကဋ္ဌ ဆရာကြီးဦးရွှေမန်းက ဂုဏ် ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ သည်။ ဆက်လက်၍ ကျောင်းအုပ် ဆရာမကြီးဒေါ်သန်းသန်းအေးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့သည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းလမ်း အမှတ် (၄၈)နေ အလှူရှင်ဦးရဲထွဋ်အောင် ဇနီးဒေါ်အေးခင်ခင်၊သားမောင်ဥက္ကာ အောင်၊ သမီးမအယ်နီမိသားစုက အံဆွဲပါ စာရေးစားပွဲ ၃x၂ ၁/၂ ပေ၊နှစ်လုံး၊ အံဆွဲမပါစာရေး စားပွဲ ၃x၂ ၁/၂ပေနှစ်လုံး၊ စာအုပ် ဗီရို အသေးနှစ်လုံး၊ စတီးရေလှောင် စည် ဂါလန်၅ဝဝ ဆံ့နှစ်အိုး၊ စတီး ရေလှောင်စည် ဂါလန် ၅ဝဆံ့ တစ် အိုး၊ အခင်းပိုက်ကြိုးဖျာ ခြောက် ချပ်၊ ပလတ်စတစ်ထိုင်ခုံ အလုံး ၃ဝကိုလှူဒါန်းရာ စုစုပေါင်းတန်ဖိုး ငွေကျပ်၂၄သိန်းဖြစ်ကြောင်း သိရ သည်။