images
UN
UN
လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဌေးဝင်း(ဟင်္သာတ) Tuesday, 03 January 2017
ဟင်္သာတမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ပါတီကော်မတီနှင့် ရပ်/ကျေးစည်း ရုံးရေးမှူးများ လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲတွင် ကျင်းပရာ ပါတီဥက္ကဋ္ဌဦးညွန့်ဦးနှင့်အတူ မြို့ နယ်ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ အင်အား ၈ဝ ခန့်တက်ရောက်ကြသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပါတီဥက္ကဋ္ဌဦးညွန့်ဦး၊ အတွင်းရေးမှူးဦးခင်ဦးနှင့်မြို့နယ် ပါတီကော်မတီဝင်စီမံရေးရာတာဝန် ခံဦးဌေးဝင်း(၁)တို့ကရှေ့ဆောင်ရွက် မည့်လုပ်ငန်းစဉ်များရှင်းလင်းပြော ကြားပြီး တက်ရောက်လာသော ပါတီစည်းရုံးရေးမှူးများက လိုအပ် သည်များ ပြန်လည်ဆွေးနွေးညှိနှိုင်း တိုင်ပင်ကာအစည်းအဝေးကိုနံနက် ၁၁နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။