images
UN
UN
ကုလအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ ရက်ပိုင်းအတွင်း ရခိုင်သို့ လာရောက်ဖွယ်ရှိ
Rakhine News Agency Tuesday, 03 January 2017
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူမစ္စရန်ဟီးလီသည် လာမည့်ရက်ပိုင်း အတွင်း ရခိုင်ပြည်နယ်သို့ လာရောက်ဖွယ်ရှိကြောင်း သိရသည်။
မစ္စရန်ဟီးလီ ရခိုင်ပြည်နယ်သို့ လာရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ၄င်းလာရောက်မည့်နေ့ရက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးဦးတင်မောင်ဆွေကပြောသည်။
''လာမယ်လို့တော့ သတင်းကြားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လည်း အတိအကျတော့ မသိသေးပါဘူး''ဟု ၄င်းကပြောသည်။ မစ္စရန်ဟီးလီသည် လာမည့် ယခုလ ၆ရက်တွင် စစ်တွေမြို့သို့ ရောက်ရှိမည်ဟု သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။ ၄င်းသည် ယမန်နှစ် ဇွန်လအတွင်းက ရခိုင်ပြည်နယ် သို့ နောက်ဆုံးလာရောက်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ် ခရီးစဉ်သည် မစ္စရန်ဟီးလီ၏ စတုတ္ထအကြိမ်မြောက် ရခိုင်ပြည်နယ်ခရီးစဉ်ဖြစ် လာမည်ဖြစ်သည်။