images
UN
UN
မိုးရေတိုက်စားမှုဒဏ် နှစ်စဉ်ကြုံတွေ့နေရခြင်းကြောင့် နေ့စဉ်သွားလာအသုံးပြုနေရသည့် လမ်းပျက်စီးမှုများဖြစ်နေ၍ သွားလာမှုအဆင်ပြေစေရေး ပြုပြင်ဆောင်ရွက်ပေးစေလို
Tuesday, 03 January 2017
ညောင်ဦးခရိုင် ငါ့သရောက် မြို့နယ် ဗြူကြီးကျေးရွာမှ စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ဒေသခံတောင်သူများ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ရာတွင် နေ့စဉ် သွားလာ အသုံးပြုနေရသည့် လှည်းလမ်းမကြီးတစ်ခုဖြစ်သည့် ရွာတောင်ဖျားရှိလှည်းလမ်းမကြီး မှာ ရေစီးမြောင်း(ချောက်)နှင့် အလွန်နီးစပ်နေသည့်အတွက် ယခု နှစ်တွင် မိုးရေတိုက်စားမှုဒဏ် ကြောင့် လမ်းပျက်စီးမှုများဖြစ်ပေါ် ခဲ့ရာ ဒေသခံတောင်သူများအတွက် သွားလာမှုအခက်အခဲများ ကြုံ တွေ့ရဖွယ်ရှိနေသည့်အပြင် ယင်း လှည်းလမ်းမကြီးအနီး နေထိုင် လျက်ရှိသည့် နေအိမ်အချို့အတွက် လည်း တဖြည်းဖြည်းမိုးရေတိုက် စားမှုများလာပါက စိုးရိမ်ရသည့် အခြေအနေများရှိနေသဖြင့် သက် ဆိုင်ရာတာဝန်ရှိသူများက အဆိုပါ မိုးရေတိုက်စားမှုကြောင့် ပျက်စီး သည့် လှည်းလမ်းမကြီးအား ကွင်း ဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံ တောင်သူများသွားလာမှုအဆင် ပြေစေရေး အခိုင်အမာဖြစ်အောင် ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ် လျက်ရှိနေကြောင်း ဗြူကြီးကျေး ရွာမှ ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။
''ကျွန်တော်တို့ ဗြူကြီးကျေး ရွာမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ မြေယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြ တာပါ။ အိမ်ထောင်စု ၃ဝဝ နီးပါး ရှိပြီး လူဦးရေက ၂ဝဝဝ ကျော်ခန့် ရှိပါတယ်။ အဓိကပြောချင်တာ ကတော့ ကျွန်တော်တို့ တောင်သူ တွေ စိုက်ပျိုးရေးလုပ်ငန်းအတွက် နေ့စဉ်သွားလာအသုံးပြု နေရတဲ့ ရွာရဲ့တောင်ဖျားက လှည်းလမ်းမ ကြီး ဒီနှစ်မိုးရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှုတွေ ဖြစ်ခဲ့တဲ့ အကြောင်းကို ပြောချင်တာပါ။ဒီလှည်းမကြီး ပျက်စီးမှုဖြစ်ရတဲ့ အကြောင်းကတော့ အဲဒီလှည်း လမ်းမကြီးရဲ့အနီးက ရေစီးမြောင်း (ချောက်)ကြောင့် မိုးရေတိုက်စား မှုတွေဖြစ်ပြီး လမ်းပျက်စီးမှုတွေ ဖြစ်နေရတာပါ။ ပြီးခဲ့တဲ့နှစ်က လည်း ဒီလှည်းမကြီးမိုးရေတိုက်စား မှုကြောင့်ပျက်စီးခဲ့လို့ ကျွန်တော် တို့ရွာသူရွာသားတွေ စုပေါင်း ပြုပြင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့မြို့နယ်မှာ ယခု နှစ် မိုးရွာသွန်းမှုများတဲ့အတွက် မရပါဘူး။ ပြန်ပြီး ပျက်စီးသွားပါ ပြီ။ ဒီလှည်းလမ်းမကြီး ပျက်စီး နေမှုကို ပြန်ပြီးတော့ မပြုပြင်ဘဲ နေရင် လမ်းအသုံးပြုသွားနေရတဲ့ တောင်သူအချို့နဲ့ လှည်းလမ်းမကြီး အနီးက လူနေအိမ်တွေအတွက် အခက်အခဲကြုံတွေ့နိုင်ပါတယ်။ နောက်ပြီး တစ်နှစ်ထက်တစ်နှစ် မိုးရေတိုက်စားမှုတွေကြောင့် တ ဖြည်းဖြည်းနဲ့ လှည်းလမ်းမကြီး သွားလာလို့မရ ဖြစ်မှာကိုလည်း ဒေသခံတစ်ဦးအနေနဲ့ စိုးရိမ်မိပါ တယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ ကျွန် တော်တို့တောင်သူတွေ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ဖို့ နေ့စဉ်သွား လာအသုံးပြုနေရတဲ့ ရွာတောင်ဖျား ရှိ လှည်းလမ်းမကြီးရေ စီးမြောင်း (ချောက်)ကြောင့် ရေတိုက်စားမှု ဖြစ်ပြီး လမ်းပျက်စီးနေမှုကိုဒေသခံ တောင်သူတွေ သွားလာမှုအဆင် ပြေစေရန်နဲ့ လှည်းလမ်းမကြီး အနီးက လူနေအိမ်တွေ ရေတိုက် စားမှုအန္တရာယ် ကင်းဝေးစေဖို့ လာရောက်ကွင်းဆင်းကြည့်ရှုစစ် ဆေးပြီး အခိုင်အမာပြုပြင်ဆောင် ရွက်ပေးဖို့ ဒေသခံပြည်သူတွေက မျှော်လင့်နေကြပါတယ်'' ဟု တောင်သူတစ်ဦးကပြောသည်။
ရဲဝင်းနိုင်(ညောင်ဦး)