images
UN
UN
အများအတွက် ပြေးလမ်းတစ်ကြောင်းချန်လှပ်ပါ
သာလှ(ပျဉ်းမနား) Tuesday, 03 January 2017
''အများအတွက် ပြေးလမ်းတစ် ကြောင်းချန်လှပ်ပါ''ဆိုတဲ့ စာတန်းလေး ဘာကြောင့်ဖြစ်ပေါ်လာရတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် အိန္ဒိယရဲ့ အဲ့ဒီအရပ်ဒေသက အသက်ကြီး ပိုင်း ဟိန္ဒူလူမျိုး 'ရှာလ်ဒီခ်'ဆိုတဲ့လူတစ် ဦးနဲ့စာရေးသူကိုလိုက်ပို့တဲ့ကာလကတ္တား နေ ရခိုင်လူမျိုး ကိုမောင်လှထွန်းတို့နှစ်ဦး ရွာအဝင်လမ်းကွေ့လေးမှာတွေတဲ့ ဆိုင်း ဘုတ်စာတန်းလေးနဲ့ပတ်သက်ပြီး စကား တွေအပြန်အလှန်ပြောဖြစ်ကြပြီး ကိုမောင် လှထွန်းက စာရေးသူကို ဘာသာပြန်ပြီး ပြောပြခဲ့ပါတယ်။ ''လမ်းတစ်လမ်းဆို တာ အများသုံးတဲ့အရာလို့ လူတစ်ဦးချင်း စီဟာ ဦးစွာဦးနှောက်ထဲမှာ အလိုလို သိနေရမှာပါတဲ့၊ သူလည်း ဒီလမ်းပေါ် မှာလျှောက်သလို ကိုယ်လည်း ဒီလမ်း ပေါ်မှာ လျှောက်ရတော့မယ်ဆိုရင် သူပဲ ဖြစ်စေ ကိုယ်ပဲဖြစ်စေ သွားရာအရပ်တစ် ခုခုကိုဦးတည်ပြီး လမ်းပေါ်တက်လာကြ သူတွေချည်းပါပဲ။ ဒါပေမဲ့ အခြေအနေ ကွာဟနေကြပါလိမ့်မယ်၊ သူသွားလိုတဲ့ ခရီး၊ ကိုယ်သွားလိုတဲ့ ခရီးတွေရဲ့အကွာ အဝေး၊ ဒါမှမဟုတ် အချိန်ကိုစားသုံးမှု ဒီလိုအခြေအနေတွေဟာ လမ်းအသုံးပြု သူတွေ ကိုယ်စီမှာမတူညီနိုင်ကြပါဘူး။ ဒါကြောင့် ကိုယ်သာအရေးကြီးနေမယ် ဆိုရင် လမ်းပေါ်မှာသတ်မှတ်တဲ့ ပြေး လမ်းပေါ်တက်ပြီး အပြေးအလွှားသွားဖို့၊ သူကသာ အရေးကြီးနေပြီဆိုရင်လည်းပဲ သူ့အတွက်ကိုယ်ကပြေးလမ်းတစ်ကြောင်း စာကိုချန်လှပ်ပေးဖို့ ဒီလိုမျိုးအပြန်အလှန် နားလည်မှုနဲ့ဖြစ်ပေါ်လာတဲ့ လူ့အသိတွေ ကိုအခြေခံပြီး သစ်သားပျဉ်ပြားလေးပေါ် မှာ 'အများအတွက်ပြေးလမ်းတစ်လှမ်း ချန်လှပ်ပါ'ဆိုတဲ့ စာကြောင်းလေးပေါ် ပေါက်လာတာဖြစ်တယ်လို့ 'ရှာလ်ဒီခ်' က ကိုမောင်လှထွန်းကိုရှင်းပြတယ်''လို့ စာရေးသူကို ဘာသာပြန်ဆိုပြခဲ့တာပါ။
လူတစ်ဦးချင်း ဒါမှမဟုတ် အစုအဖွဲ့ တစ်ခုချင်းအစရှိတဲ့ လူမှုပတ်ဝန်းကျင်မှာ သဘာဝတရားက မျှတစွာအပ်နှင်းထား တဲ့ အချိန်ကာလတွေက တန်းတူအခွင့် အရေးတွေပေးထားတာဖြစ်ပါတယ်။ သို့ သော်လည်း ဒီအချိန်တွေအသုံးချတဲ့အခါ တစ်ဦးနဲ့တစ်ဦး အုပ်စုတစ်စုနဲ့တစ်စု မတူ ကြပါဘူး။ ဒီလိုမတူညီတဲ့ အချိန်ကာလ ရဲ့ အခြေအနေတွေအပေါ်အမှီပြုပြီးတော့ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ အကျိုးရှိ ခြင်း၊အကျိုးယုတ်ခြင်းအစရှိတဲ့အကြောင်း အကျိုးတွေက ပေါ်ပေါက်လာခဲ့တာပါ။
ယနေ့မိမိတို့ရဲ့ နိုင်ငံရေး၊ နိုင်ငံရဲ့ အရေးအရာတိုင်းအတွက် ခုတ်ထွင်ထား တဲ့ လမ်းကြောင်းတွေပေါ်မှာ လမ်း အသုံးချသူတွေရဲ့အခန်းကဏ္ဍက ရှေ့က ရေးသားပြခဲ့သလိုပဲ အရေးကြီးသူ၊ ခရီး ပေါက်ရောက်နိုင်တဲ့သူ၊ မိမိထက်ပိုမို အောင်မြင်ဖို့ အခွင့်အလမ်းရှိသူ၊ မိမိ အသက်ရှူမှုထက် တန်ဖိုးကြီးသူ (ဆိုလို တာက အသက်ရှူတာဟာ ကိုယ့်တစ်ဦး တည်းအတွက် အသက်ရှူတာမှန်ပေမဲ့ အသက်ရှူမှုတွေရဲ့နောက်ကွယ်မှာ လူ တွေ အများကြီးအတွက် အသက်ရှူရှိုက် နေသူ) ဒါကိုဆိုလိုတာပါ။ ဒါ့ကြောင့် လမ်းပေါ်မှာ ယှဉ်ပြီးလျှာက်ကတည်းက သူကကိုယ်ထက်သက်လုံကောင်းသလား။ ကိုယ့်ထက်ကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှု သာနိုင်သလား။ ကိုယ့်ထက် လူတွေ အများကြီးအတွက် အကျိုးသယ်ပိုးနိုင် မယ့် ခွန်အားတွေ စွမ်းအားတွေရှိမလား အစရှိသဖြင့်ပေါ့၊ ဒီလမ်းပေါ်မှာယှဉ်ပြီး လျှောက်လာစကတည်းက တစ်ဦးချင်း
ရဲ့ အခြေခံသဘောတရားတွေသိပြီးသား ဖြစ်ပါတယ်။ ဒီတော့ သူသာကိုယ့်ထက် သာမယ်လို့တွေ့မြင်လိုက်ပြီဆိုရင် ထိုလူ အတွက် ကိုယ်က ပြေးလမ်းတစ်လမ်း ဖယ်သင့်တယ်လို့ မှတ်ယူလက်ခံရမှာ ဖြစ်ပါတယ်။ ဖယ်ပေးဖို့အသိလည်း ရှိနေ ရမှာပါ။ ဘာကြောင့်လဲဆိုတော့ အများ အတွက်မို့လို့ပဲ ပြောပါရစေ..။
ဒီနေ့ ကျွန်တော်တို့နိုင်ငံ့အရေးအခြေ အနေဟာ လက်တွေ့ကာလမှာ ထိုပြေး လမ်းကြောင်းတွေ ပိတ်မိနေသယောင်ဖြစ် နေတာကို တွေ့မြင်ရသည်။ 'ရှာလ်ဒီခ်' ရှင်းပြသလိုဆိုရင်''ခရီးပေါက်ရောက်နိုင် တဲ့ သူတွေရှိနေပါလျက် ထိုသူတွေ အတွက် လမ်းပိတ်နေတဲ့ အနေအထားမှာ ဆိုက်ရောက်နေပါတယ်။ ဒီတော့ စာရေး သူအနေနဲ့ ဒီခေါင်းစီးစာတန်းလေးတစ် ကြောင်းနဲ့ ခိုင်းနှိုင်းတင်ဆက်လိုတာက မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးမြေပြင်မှာ အရှိန် အဟုန်နဲ့ပြေးတက်ရမယ့် အဓိကပြေးလမ်း ကြောင်းသုံးခုကို စာရေးသူလက်လှမ်းမီ သလောက် တွေ့မြင်မိပါတယ်။ ဒီအထဲ က အဓိကကျတဲ့စီးပွားရေးလမ်းကြောင်း ကိုဦးတည်ပြီး နှိုင်းယှဉ်ချပြရရင်တော့ နိုင်ငံတစ်နိုင်ငံရဲ့စွမ်းအားဟာ စီးပွားရေး တောင့်တင်းခိုင်မာမှုလို့ပဲပြောပါရစေ..။ယနေ့နိုင်ငံရဲ့ စီးပွားရေးတောင့်တင်းခိုင် မာမှု ဘယ်လောက်ထိတောင့်တင်းခိုင် မာမှုရှိနေပါပြီလဲ။ အကြမ်းဖျင်းပြော ရရင် ဒေါ်လာဈေးထိုးတက်နေတာရယ်၊ ပြည်ပတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ဈေး တက်နေတာရယ်၊ ပြည်တွင်းဖြစ် ထုတ် ကုန်တွေ ဈေးကွက်ပျက်နေတာရယ်၊ ဒါတွေဟာ နိုင်ငံ့ရဲ့စွမ်းအင်တောင့်တင်းမှု ရှိမရှိကို မီးမောင်းထိုးပြနေတာ ဖြစ်ပါ တယ်။ ဒီအခြေအနေတွေကို စီးပွားရေး ပညာရှင်တွေကတော့ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် နှစ်တစ်ဝက်ရဲ့ မြန်မာ့စီးပွားရေး အခြေအနေကို အခုလက်ရှိမှာ မြန်မာနိုင်ငံ ရဲ့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပထမ နှစ်ဝက် ပို့ကုန်တန်ဖိုး ဒေါ်လာ ၅ ဒသမ ၅၇ ဘီလီယံရှိခဲ့ပြီး ဒါဟာ အခုနှစ် လျာထားချက်ပို့ကုန်ရဲ့ ဒေါ်လာ ၃၉ ဒသမ ၄၄ ရာခိုင်နှုန်းရှိနေတယ်''လို့ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ ထွက် ပေါ်လာပါတယ်။
မြန်မာနိုင်ငံလူဦးရေရဲ့ ရာခိုင်နှုန်း ၇ဝဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အမှီပြုပြီး ရပ်တည်နေရသလို အစိုးရရဲ့ စီးပွားရေးမူဝါဒမှာ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ခေတ်မီအောင် ဆောင်ရွက် ရန်ဆိုတဲ့အချက် ပါဝင်နေတဲ့အတွက် ဒီ လယ်ယာကဏ္ဍဟာ တစ်နှစ်ထက် တစ်နှစ်ပိုမိုအရေးကြီးလာမှာဖြစ်ပါတယ်။ ဒါကြောင့် အခုပထမနှစ်ဝက်ရဲ့လယ်ယာ ထွက်ကုန်ရဲ့ အဓိကပင်မစီးပွားရေးထုတ် ကုန်ဖြစ်တဲ့ စပါးဈေးထိုးကျနေတာဟာ နောက်နှစ်တွေအတွက် အားယုတ်စေမယ့် အခြေခံအကြောင်းရင်းတွေဖြစ်ပါတယ်။ ဒီလိုဆိုရင် အထက်မှာရေးခဲ့သလိုပဲ ပြေး လမ်းပေါ်မှာ နေရာယူထားသူဟာ ရှေ့ ဆက်ပြေးဖို့
ခွန်အားမလုံလောက်တော့ဘဲ ပြေးလမ်း ပေါ်ကလည်း အောက်ကိုပြန်မဆင်းဘဲ လမ်းပိတ်နေသလိုမျိုးဖြစ်နေတဲ့အတွက် အားအင်ရှိသူက ရှေ့ကိုမတက်နိုင်ဘဲ ဒီ အခြေအနေတွေကိုဆွဲခေါ်ဖို့ အခွင့်အလမ်း တွေပိတ်မိနေမှာဖြစ်သလို ကျရောက်နေ ပြီး ကိုယ်ရဲ့အသက်ရှူမှုနောက်မှာ အမှီပြု နေသူတွေရဲ့ ဘဝတွေ အသက်တွေဟာ လည်း ကျရှုံးဖို့ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီအရေးကိစ္စအတွက် အား အင်ရှိသူတွေကို ရှေ့တန်းတင်ပြေးခိုင်းဖို့ ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။ ကိုယ့် အခြေအနေကို ကိုယ်သိတယ်ဆိုရပေမဲ့ ကိုယ့်ထက် အပြင်ကမြင်ရသူက ပိုပြီး တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
အလားတူပါပဲ စီးပွားရေးအောင် မြင်ခြင်း၊ ကျရှုံးခြင်းအပေါ်မှာ အခြေခံပြီး တော့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေးဆိုတဲ့ နိုင်ငံရေးပြေးလမ်း တစ်ကြောင်းကလည်း ယှဉ်တွဲပြီးဖြစ်ပေါ် လာပြန်ပါတယ်။ ဒီပြေးလမ်းဟာလည်း နိုင်ငံရဲ့ဥပဓိရုပ်ကိုအဆင်းလှခြင်း၊ ရုပ်ဆိုး ခြင်းတို့ကို ပေါ်ပေါက်စေနိုင်တာဖြစ်တာ မို့ ဒီဟာကိုလည်းမိမိတို့အနေနဲ့ အလေး အနက်ထားရမယ့် ကိစ္စဖြစ်ပါတယ်။အစိုးရသစ်သက်တမ်း ကိုးလမျှကာလ အတွင်းမှာ နိုင်ငံရဲ့တရားဥပဒေစိုးမိုးရေး ယန္တရားလည်ပတ်မှုကို အဓိကလုပ် ဆောင်ပေးနေတဲ့ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကို ပြန်လှန်သုံးသပ်ကြည့် မယ်ဆိုရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေဖျက်သိမ်းလိုက်တာတို့၊ ဧည့် စာရင်းတိုင်ကြားခြင်းဆိုင်ရာ ဥပဒေတွေ၊ ရပ်/ကျေးဥပဒေတွေ၊ ဒါတွေကို မဲခွဲဆုံး ဖြတ်တဲ့အခါ ထောက်ခံမဲအားသာချက်နဲ့ ဖျက်သိမ်းအတည်ပြုလိုက်တဲ့ နောက်ပိုင်း မှာ သုံးလောင်းပြိုင်လူသတ်မှု၊ လေး လောင်းပြိုင်လူသတ်မှုနဲ့ နေ့ခင်းမရှောင် အနုကြမ်းစီး၊ ခိုးဆိုးလုယက်မှုတွေက အစ၊ သက်ငယ်မုဒိမ်းကိစ္စတွေ၊ နိုင်ငံသား မဟုတ်သူတွေ တရားမဝင်ပြည်မထိ ဝင် ရောက်လာတဲ့ကိစ္စတွေအဆုံး ဖြစ်ပေါ် လာတာဟာ တည်ငြိမ်အေးချမ်းမှုတွေကို ခြိမ်းခြောက်လာပြီး ပြည်သူ့ဘဝလုံခြုံမှု ကင်းမဲ့လာတဲ့အထိဖြစ်ပေါ်လို့လာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ အစွန်အဖျားနယ်စပ်ဒေသ တောတောင် တွေကြားကနေ နယ်နိမိတ်အတွင်းထိ သယ်ဆောင်လာပြီဖြစ်တဲ့ စစ်မက်ဖြစ်ပွား မှုတို့ဟာလည်း အထက်ကခင်းကျင်း ရေးသားခဲ့တဲ့ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အခြေအနေတွေကို တိုက်ရိုက်လွှမ်းခြုံလို့ လာပြန်ပါတယ်။ မူဆယ်နယ်စပ်မြို့လိုမျိုး နေရာရဲ့ တည်ငြိမ်အေးချမ်းမှု ပျက်သုဉ်း လာခဲ့တဲ့နောက်ပိုင်းမှာ တရုတ်-မြန်မာ သွင်းကုန်ထုတ်ကုန်စီးဆင်းမှု ပင်မလမ်းမ ကြီး အသက်ဝင်မှုက ရပ်ဆိုင်းသွားပြီး စီးပွားရေးလည်ပတ်မှု ရပ်ဆိုင်းနေရသလို မြန်မာနိုင်ငံရဲ့အနောက်ဘက်အခြမ်း ရခိုင် ဒေသရဲ့ မြန်မာရေပိုင်နက် စီးပွားရေးကိစ္စ ဟာလည်း ယုတ်လျော့လို့လာပါတယ်။ ဘင်္ဂလားပင်လယ်အော်ကို အမှီပြုပြီး ပြည်ပကုန်တင်သင်္ဘောကြီးတွေဖြတ်မောင်း ဖို့အခက်တွေ့နေတဲ့အတွက်ပြည်တွင်းအခွန် ကောက်ခံမှုလျော့ကျလာတာနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်စီးပွားရေးလမ်းကြောင်း ဟာလည်း ရပ်ဆိုင်းလို့နေပါတယ်။
ဒီအချက်တွေအားလုံးရဲ့ ပင်မအခြေခံ အကြောင်းရင်းတွေကို ပြန်လှန်စိစစ် ကြည့်ကြမယ်ဆိုရင် လမ်းကြောင်းပေါ်မှာ အသက်ပေါင်းမြောက်မြားစွာအတွက် ပြေးလွှားပေးနေသူတွေရဲ့သက်လုံမကောင်း ခြင်းနဲ့ မောင်းနှင်ဖို့ ခွန်အားမလုံလောက်မှု တို့ရှိနေပြီဆိုတာ သိသိသာသာပေါ်လွင် နေပါတယ်။
ဒါဆိုရင် ဦးဆောင်ပြေးလွှားလှုပ်ရှား သူရဲ့ လက်ဝယ်မှာရှိတဲ့ အသက်ရှူမှုများ စွာကို ကာယဗလ၊ Óဏဗလ၊ စိတ္တဗလ တည်းဟူသော ဗလသုံးတန်နဲ့ပြည့်စုံတဲ့ ဦးဆောင်ပြေးလွှားနိုင်မယ့်သူ ဘယ်သူလဲ၊ အသက်ရှူမှုများစွာအတွက်ရှူရှိုက်ခွင့်တွေ ပိုမိုရှင်သန်စေမယ့် အခွင့်အရေးပေးနိုင် သူက ဘယ်သူလဲ ဒါတွေထည့်စဉ်းစား ဖို့လိုပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ရပ် တန့်ယိုင်လဲမသွားခင်မှာ ကိုယ့်အသက်ရှူ မှုရပ်တန့်သွားသလို အခြားသောအသက် ရှူမှုတွေဟာလည်း တစ်ချိန်တည်းမှာ ရပ်တန့်မသွားရလေအောင်လို့ လက်ရှိ ပြေးလမ်းပေါ်မှာ အားအင်မရှိဘဲနဲ့ ဦးဆောင်ပြေးလွှားနေမယ့်အစား ပြေးနိုင် စွမ်းရှိ၊ ဦးဆောင်နိုင်မယ့်သူ၊ အများ အတွက် အသက်ရှူရှိုက်ခွင့်ကို အပြည့် အဝပေးနိုင်မယ့်သူများကို ပြေးလမ်းတစ် ကြောင်းစာဖယ်ပေးခြင်းဟာ ကိုယ်ရော အများသူပါ အသက်ရှူခွင့်ကို ဆက်လက် ရှင်သန်စေခြင်းဖြစ်တာမို့ စာရေးသူ ၂ဝဝ၂ခုနှစ်အိန္ဒိယနိုင်ငံကိုရောက်တုန်းက ကာလကတ္တားမြို့နယ်ရဲ့ ရွာလေးတစ်ရွာ က သွားတဲ့လမ်းမှာ အိန္ဒိယဘာသာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးနဲ့ရေးထိုးထားတဲ့ အများအတွက် ပြေးလမ်းတစ်ကြောင်း ချန်လှပ်ပါဆိုတဲ့ ဒီအကြောင်းအရာလေး ကို အခြေခံပြီးတော့ ဒီနေ့နိုင်ငံရဲ့အစိုးရ သစ်သက်တမ်း ကိုးလတာကာလအတွင်း မှာ မိမိတို့ကြုံတွေ့ခဲ့ကြတဲ့အတွေ့အကြုံ တွေထဲက မျက်မှောက်ဖြစ်ဆဲဖြစ်လတ္တံ့ နိုင်ငံရေးမြင်ကွင်းတွေကိုဒီခေါင်းစဉ်လေး အမှီပြုပြီး ရေးသားလိုက်ပါတယ်။