images
UN
UN
ဇာတ်ညွှန်းနှင့်ရိုက်ကွင်း
ချစ်နိုင်(စိတ်ပညာ) Tuesday, 03 January 2017
လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော်က ဖြစ်ပါသည်။ အကယ်ဒမီဦးကျောက်လုံးမှာ သမီး တစ်ယောက်ရှိသည်း။ ထိုမိန်းကလေးမှာ အကယ် ဒမီဝါဝါဝင်းရွှေဖြစ်ပေသည်။မြန်မာရုပ်ရှင်ဇာတ် ကား အတော်များများ၏ထုံးစံအတိုင်း ပြည့်စုံြ<ွကယ်ဝသော ဦးကျောက်လုံး၏သမီးဝါဝါဝင်းရွှေ က မိဘသဘောမတူသူနှင့်ရည်ငံသည်။ ထို့အပြင် အတင်းယူမည်လိုက်မည်ပြုသည်။ ယောင်းမကို မြင်းစီး ထွက်နေပြီ။
ဖခင်ကသမီးကို သဘောမတူနိုင်ကြောင်း ဖျောင်းဖျောင်းဖျဖျပြောဆိုဆုံးမသည်။ သမီးဖြစ် သူက အချစ်ဇောတွေမွန်နေသဖြင့် သူနှင့်သူ့ချစ် သူတို့ခွဲခွာ၍မရဖြစ်နေကြပါပြီဟု ထုတ်ဖော်ပြော ဆိုလေသောအခါ ဖခင်ဦးကျောက်လုံးဒေါသ ပေါက်ကွဲ၊ စိတ်ဆင်းရဲရ၊ ရှက်လည်းရှက်၊ ဝမ်းလည်းဝမ်းနည်း၊ အပြင်းအထန်စိတ်လှုပ်ရှားမိ သည်။
အိမ်တစ်အိမ်၏ဧည့်ခန်းမှာ ဦးကျောက်လုံးနှင့် ဝါဝါဝင်းရွှေအပြိုင်အဆိုင် သဘာဝကျကျသရုပ် ဆောင်ကြပုံကို ဇာတ်ညွှန်းကရေးထားသည်။ သူတို့နှစ်ယောက်လည်း ကျေကျေညက်ညက် ရီဟာဇယ်လုပ်ထားပြီးသား။ ဒါရိုက်တာက သဘောကျပြီးသား။ အဆင်သင့်ရိုက်ကွင်းတည် ထားပြီ။ ''ကဲ အားလုံးငြိမ်ပါ။ ရိုက်ပြီ။ သရီး၊ တူး၊ ဝမ်း၊ အက်ရှင်''လည်းဆိုရော-
အချစ်ကြီးသောဖခင်၏နားဝင်လေမလား ဆုံးမတားမြစ်သောစကားကို ဦးကျောက်လုံးက စီကာပတ်ကုံးပြောဆိုသည်။ စကားလုံးတွေချော သည်။
သမီးဝါဝါက ယခင်အချိန် မိဘစကားကို မြေဝယ်မကျနားထောင်ခဲ့ပါသော်လည်း ဤအခြေ အနေမှာတော့ ဖေဖေဘာပြောပြော နားမထောင် နိုင်တော့ပါဟု ငိုယိုပြော။
ပြောရင်း ပြောရင်း ချစ်သူဘဝလွန်ကျွံခဲ့ကြမိ ပြီဟု ထုတ်ဖော်ပြောလိုက်လေသောအခါ
''ဘာ''
''သမီးတို့က ဒီအခြေအနေထိအောင်တောင် မှားယွင်းခဲ့ကြပြီလား။ မိုက်လိုက်တာ သမီးလေး ရယ်''ဟု ဖခင်ဖြစ်သူမှာ နာကြည်းကြေကွဲဒေါသ ပေါက်ကွဲကာ(ဇာတ်ညွှန်းထဲ၌မပါဘဲ)အနီးရှိစာအုပ် မှန်ဗီရိုကို လက်သီးဖြင့် ခွမ်းခနဲနေအောင် ထိုးခွဲ ပစ်လိုက်ပါတော့သည်။
ဇာတ်ကောင်နှစ်ယောက်စလုံးမှာ ဇာတ်ရှိန် တက်နေသဖြင့် ဒါရိုက်တာက ကင်မရာမင်းကို ဆက်ပြီး ရိုက်စေသည်။ ဇာတ်ဆောင်နှစ်ဦးက လည်း သဘာဝကျစွာ ဆက်ပြီးသရုပ်ဆောင်ကြ သည်။ ဦးကျောက်လုံးလက်မှာ သွေးများစီးကျ လာသည်။ လက်ဖမိုးကို မှန်ကွဲစစူးသဖြင့် အရေ ပြားစုတ်ပြဲသွားသည်။
သွေးလူးပေနေသောဖခင်၏လက်ကို သမီးက ပတ်တီးပြေးယူလာပြီးစည်းပေးသည်။ ဒဏ်ရာ ကိုပြုစုစည်းနှောင်ပေးနေစဉ်မှာပင် ဝါဝါဝင်းရွှေ က သူ့အပြစ်ပါ။သူ့ကိုသေအောင်သာသတ်လိုက် ပါ။''ဖေဖေရယ်၊ ဖေဖေ့လက်မှာ အခုလိုဒဏ်ရာ အနာတရဖြစ်အောင် သမီးမိုက်မှားခဲ့မိပါတယ်'' စသည်ဖြင့်(ပရိသတ်မျက်ရည်ကျဆို့နင့်လောက် အောင်)အလွမ်းသယ်သည်။
''သမီးမမှားဘူး။ သမီးမမှားပါဘူးကွယ်၊ တစ်ဦးတည်းသောသမီးလေးမို့ အဖေလည်း ငါပဲ။ အမေလည်းငါပဲဆိုပြီး အရိပ်တကြည့်ကြည့် နဲ့ ကလေးလို့ပဲထင်မှတ်နေခဲ့မိတဲ့အဖေ့ရဲ့အမှားပါ။ ဖေဖေ့ရဲ့မသိနားမလည်ခဲ့မှုပါ၊ သမီးလေးရယ်။ အမေမရှိလို့ သမီးကို နေရာတကာအလိုလိုက်ခဲ့ မိတဲ့ ဖေဖေရဲ့အပြစ်ဒဏ်ကိုဖေဖေခံရမှာပေါ
ကွယ်'' စသည်ဖြင့် အဖေနှင့်သမီးပြောကြ ငိုကြ။ မျက်ရည်မိုးတွေစွေခဲ့ကြသည်။ ဇာတ်ညွှန်းထဲက ထက်အသက်ပါသောစကားလုံးတွေဖြင့်အနုပညာ မြောက်စွာ အစွမ်းကုန်သရုပ်ဆောင်လိုက်ကြလေ သည်။ မီးထိုး၊ မှန်ထိုး၊ အသံဖမ်းစသော ရုပ်ရှင် ဝန်ထမ်းအားလုံးပင်သဘာဝကျလွန်းလှပုံကိုကြည့် နေရင်း မျက်ရည်တွေစီးကျ၊ ကြေကွဲနေရ။
မှန်ပါသည်။
ချစ်သမီးအမည်ရှိ ထိုဇာတ်ကားဖြင့် ဦး ကျောက်လုံးရော၊ ဝါဝါဝင်းရွှေပါအကယ်ဒမီရွှေ စင်ရုပ်ဆုရခဲ့ကြသည်ထင်ပါသည်။ မူရင်းဇာတ် ညွှန်းအတိုင်းတိတိကျကျကြီးတော့မဟုတ်ခဲ့ကြ ဟုသိရပါသည်။ သရုပ်ဆောင်အနုပညာတွင် တစ်ခါတစ်ရံဝယ် ဇာတ်ညွှန်းနှင့်ရိုက်ကွင်းသည် တစ်ထပ်တည်းမကျဘဲဖြစ်ပျက်တတ်သည်ဆိုရ ပါမည်။
ဇာတ်ညွှန်းရေးဆရာကတစ်ယောက်၊ သရုပ် ဆောင်သူတွေကအခြားလူများဆိုကထားပါစို့။ ဝတ္ထု၊ ဇာတ်ညွှန်းရေးသူကလည်း သူတစ်ယောက် တည်း၊ သရုပ်ဆောင်သူကလည်း သူကိုယ်တိုင်ပဲ။ သို့ရာတွင် ဇာတ်ညွှန်းထက်အသက်ပါအောင်ရိုက် ကွင်းတွင် သရုပ်ဆောင်အနုပညာဖြင့် စွမ်းအားမြှင့် တင်ခြင်းမျိုးလည်းရှိခဲ့သည်။ နမူနာတစ်ခုဖော်ပြ ရသော် ထပ်ဆင့်အကယ်ဒမီ ဝင်းဦးဖြစ်ပါသည်။
ဝတ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ထုတ်လုပ်သူ၊ တေးသီဆိုသူ၊ ကိုဝင်းဦး၊ မှုံရွှေ ရည်အကြိမ်ပေါင်းများစွာ ဘယ်အချိန်ဘယ်အခါ ပင်ကြည့်ကြည့်ဇာတ်ကားကောင်းတစ်ကားအဖြစ် ဆွဲဆောင်နေဆဲဖြစ်ပါသည်။ သဘင်ဂီတကိုအား ပြုသောအနုပညာလောကကို နောက်ခံကားထား ၏။ မန္တလေးမြို့မတေးဂီတအဖွဲ့လည်းပါသေး ၏။ ဂီတလုလင်မောင်ကိုကိုက ဇာတ်ပို့နောက်ခံ တေးများကိုစီမံဖန်တီး၏။ မှုန်ရွှေရည်ကိုပင် သံစဉ် တေးသွားအမျိုးမျိုးခွဲခြားပြီးတီးမှုတ်ပြသည်။ ရှေး ကယူတီစီရွှေနှင်းဆီအငြိမ့်မှ(ယခင်မိုင်ဒါလင်ဆွိ တီစသည်တို့ကိုဖယ်၍) သံစဉ်အချို့ကိုယူပြီး ဆန်း သစ်တီထွင်ထားလေသည်။ လွန်ခဲ့သောနှစ်ပေါင်း ၃ဝ၊ ၄ဝကာလဆီ၌မှုန်ရွှေရည်သီချင်းသည် အလွန်ရေပန်းစားခဲ့ပေသည်။
ဝင်းဦး၊ ခင်သန်းနု၊ ဖိုးပါကြီးတို့ပါဝင်သရုပ် ဆောင်ကြသည်။ ဝင်းဦး၏သမီးလေးနေရာမှာ ဂီတလုလင်မောင်ကိုကို၏သမီးငယ် စန္ဒာလင်းကို ပါဝင်စေခဲ့သည်။စာဖတ်သူများမှတ်မိပါလိမ့်မည်။
ဖခင်က ဇာတ်သဘင်နှင့်ဂီတလောကကိုစိတ် နာခဲ့သည်။ ဇနီးခင်သန်းနုကိုအထင်လွဲကာ အနု ပညာလောကကိုပါစွန့်ခွာခဲ့သည်။ အမေ့သွေး၊ အဖေ့သွေးပါသောသမီးက သဘင်ဂီတကို ဝါသနာထုံနေသည်။ တားမရပြောမရဖြစ်နေ၏။ အဖေမရှိခင် အဖေမသိအောင်စန္ဒရားကိုတီးနေ မိစဉ် ဖခင်ဖြစ်သူဝင်းဦးဝင်လာပြီးသမီးကိုဒေါသ တကြီးဆူပူကြိမ်းမောင်းသည်။ ဤသည်ကား ဇာတ်ညွှန်းထဲမှာပါပြီးသား။ ရီဟာဇယ်ဇာတ် တိုက်ကြပါသည်။ မျက်နှာစိမ်း၊ သရုပ်ဆောင်သစ် စန္ဒာလင်းကို ဒါရိုက်တာ ဝင်းဦးကသေသေချာ ချာလေ့ကျင့်ပေးပြီး စေ့စေ့စပ်စပ်ဇာတ်တိုက်ထား ပြီးသား။
ရိုက်ကွင်းမှာ တကယ်ရိုက်ကြပြီ။
စန္ဒာလင်းလေး၏ဖခင် ဆရာဂီတလုလင် ဦးကိုကိုလည်း ကင်မရာ၏နောက်ဘက်မှာထိုင်ပြီး ကြည့်နေသည်။ သူ့သမီးလေးကို အားမငယ် အောင်အားပေးချင်ပုံရ၏။
ရိုက်ပြီ။
အဆို၊ အတီး၊ ဂီတသဘင်အနုပညာကို အသည်းခိုက်အောင် စိတ်နာလှသဖြင့် တစ်ဦး တည်းသောသမီးလေးကိုမလိုက်စားစေရ၊ မသင် ရ၊ မဆိုရ၊ မတီးရ၊ မကရဟုတင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ထားသည့်ကြားကသမီးလေးစန္ဒရား တီးနေသည်ကို ကိုယ်တိုင်မြင်လိုက်ကြား လိုက် သောအခါ ဖခင်ပေါက်ကွဲသည်။
ဝင်းဦးဒေါသဖြစ်ကာ ဆူပူကြိမ်းမောင်းလေ တော့သည်။ ရိုက်နေပြီ။
ပြောရင်းပြောရင်း ဒေါသပိုဖြစ်လာကာ ဝင်းဦးက စန္ဒာလင်း၏ပါးကို တအားလွှဲ၍ဖြန်း ခနဲရိုက်ချလိုက်ပါတော့သည်။ (မူလက ဇာတ်ညွှန်း ထဲ၌ မပါပါ) ရုတ်တရက် ဂီတလုလင်ဦးကိုကို လည်း အံ့သြသွားသည်။ ရိုက်ကွင်းအတွင်းမှာ ဝင်းဦးသည် ခင်သန်းနုကို အထင်လွဲစိတ်နာ စကားတွေပြောရင်း ဒေါသမှကြေကွဲမှုသို့တဖြည်း ဖြည်းပြောင်းသွားသည်။ သမီးလေးကို သူပါး ရိုက်မိတာ ဖေဖေမှားသွားပြီကွယ်ဟု တောင်းပန် စကားဆိုသည်။အရိုက်ခံရတာ တကယ်နာသော် လည်း''သမီးဘာမှမနာပါဘူးဖေဖေ''ဟုမျက်ရည် သွယ်သွယ်ကျနေရင်းမှ စန္ဒာလင်းလေးကလည်း သရုပ်ပါပါပြောတတ်ရှာပါ၏။
ဤဇာတ်ကွက်ကိုကြည့်နေရစဉ်တွင် ရုပ်ရှင် ကြည့်ပရိသတ်အားလုံးမျက်ရည်ကျရ၏။ အဖေ ရော၊ သမီးပါ လွမ်းကြပုံမှာ ကြေကွဲဆို့နင့်စရာ ကောင်းလှပါ၏။
ပြင်ပတွင် ရိုက်ကွင်းပြီးချိန်၌ တကယ်ဒေါသ ကြီးကာ ဝင်းဦးကို သတ်မည်ဖြတ်မည်ဟု ပေါက် ကွဲသူကား ဂီတလုလင်ဦးကိုကိုဖြစ်လေသည်။ သူ့ သမီးကို ဤကဲ့သို့ရိုက်နှက်တာမပါစေရပါဟု ပြော၍သာ ခွင့်ပြုခဲ့၏။ ယခုတော့ တကယ်ပါး ရိုက်လိုက်၏။ ဝင်းဦးကို အတော်စိတ်ဆိုး၏။ အချိန်အတော်ကြာမှ ဖိုးပါကြီး၊ ကျော်ဖေစသော လုပ်ဖော်ကိုက်ဖက်များကပါ အခါခါ အတန်တန် တောင်းပန်ကြသဖြင့် စိတ်ပြေသွားခဲ့ရလေသည်။ အနုပညာကောင်းမွန်ထူးချွန်အောင် ဖန်တီးရာ၌ ဝင်းဦးသည် ဘယ်သူ့ကိုမှအားမနာ။ သူစွမ်းသမျှ အကောင်းဆုံး အမှန်ဆုံးဖြစ်အောင်သာ ကြံစည် အားထုတ်အလုပ်လုပ်တတ်၏။ ဤသို့ ကြားခဲ့ ဖူး၏။
နိဂုံးချုပ်ပါပြီ။
ဇာတ်ညွှန်းသည် ဇာတ်ညွှန်းသာဖြစ်ပါ၏။ လက်တွေ့လုပ်ဆောင်ရန် လမ်းညွှန်၊ မူဘောင် လည်း ဟုတ်ပါ၏။ တကယ်လုပ်ကြဆောင်ကြ သောအခါ၌မူ ဇာတ်ညွှန်းလောက်မထိရောက်တာ လည်းရှိတတ်၏။ မူရင်းဇာတ်ညွှန်းထက်စိတ်ကူး စိတ်သန်းနှင့်အနုပညာထပ်ဆောင်းကာ ပိုကောင်း အောင်အခြေအနေဖန်တီးရိုက်ကူးနိုင်ခဲ့ခြင်းများ လည်းရှိ၏။
ဇာတ်ညွှန်းတောင်မှ ရေရေရာရာတိတိကျကျ မရှိခဲ့ကြသော မြန်မာ့ရုပ်ရှင်ဇာတ်ကားအချို့မှာ အဘယ်မှာလျှင် ကောင်းနိုင်ပါအံ့နည်း။ ဇာတ်အိမ် ဇာတ်လမ်းမခိုင်ဘဲနှင့် ပရိသတ်ကို ဘယ်မှာဖမ်း စားဆွဲဆောင်နိုင်ပါ့မလဲ။ စာပေသဘောက အခြေ မခိုင်လျှင် လက်တွေ့တွင်အဘယ်မှာလျှင် ကောင်း နိုင်ပါအံ့နည်း။