images
UN
UN
ဘကြီးတော်မင်းလက်ထက်၌ ဆောက်လုပ်ခဲ့သော သစ်သားကျောင်းတော်ကြီးကို ခရီးသွားနိုင်ငံခြားသားများနှင့် ဘုရားဖူးပြည်သူများ အထူးစိတ်ဝင်စားလေ့လာ
ကျော်ကျော်(မလှိုင်) Tuesday, 03 January 2017
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ ဘကြီးတော်မင်းလက်ထက်၌ တည်ဆောက်ခဲ့သော သစ်သားကျောင်းတော်ကြီး ကို နေ့စဉ်ခရီးသွားနိုင်ငံခြားသားများ ဘုရားဖူး မြန်မာပြည်သူများစွာ လာရောက်လေ့လာလျက်ရှိ ကြောင်းသိရသည်။''ကျွန်တော်တို့က အမေရိကန် နိုင်ငံက ခရီးသွားကုမ္ပဏီအစီအစဉ်နဲ့ မြန်မာပြည်က ရှေးဟောင်းဒေသများကို သွားရောက်လေ့လာကြ မှာပါ။ မြန်မာပြည်ကို စရောက်တာ ဒီနေ့ဆိုရင် ငါးရက်ရှိသွားပါပြီ။ပထမဦးဆုံး ပုဂံဒေသကိုသွား ရောက်လေ့လာကြတာပါ။ ဒီအင်းဝမြို့ဟောင်းကို ဒုတိယအနေဖြင့်လာရောက်ကြတာပါ။ဆက်လက် ပြီးလည်း ရှေးဟောင်းနေရာ ဒေသများကို သွား ရောက်လေ့လာကြမှာပါ''ဟု ခရီးသွားနိုင်ငံခြား သားတစ်ဦးက ပြောသည်။
''သမီးတို့ကရန်ကုန်မြို့ကလာရောက်ကြတာ ပါ။ မန္တလေးမြို့ရှိ အင်းဝမြို့ဟောင်းကို တစ်ခါမှ မရောက်ဖူးပါဘူး။ ဒီဒေသကိုရောက်တော့ကိုယ် မသိတဲ့အကြောင်းအရာအတော်များများကို တွေ့ မြင်ကြရပါတယ်။ အခုဆိုရင် ဘကြီးတော်မင်း လက်ထက်ကတည်ဆောက်ခဲ့တဲ့သစ်သားကျောင်း တော်ကြီးဆိုရင် အရမ်းကို စိတ်ဝင်စားစရာတွေ တွေ့မြင်ကြပါတယ်''ဟု ရန်ကုန်မြို့မှ လာရောက် လေ့လာသည့် သမိုင်းဘာသာရပ်လေ့လာနေသူ ကျောင်းသူတစ်ဦးက ပြောသည်။ အဆိုပါကျောင်း တော်ကြီးသည် ရှေးဟောင်းသစ်သားများဖြင့် တည်ဆောက်ထားသလို ကျွန်းတိုင်ပေါင်း ၂၆၇ လုံးရှိပြီး အကြီးဆုံးကျွန်းတိုင်၏ လုံးပတ်သည် ကိုးပေရှိသကဲ့သို့ အမြင့်ပေ၆ဝ အကျယ်အဝန်း အားဖြင့် အလျား ၁၈၈ပေ အနံ၁ဝ၃ပေ ရှိပြီး ယင်းကျောင်းတော်ကြီး၌ ယခုအခါတွေ့မြင်ရန် အလွန်ရှားပါးသွားပြီဖြစ်သော ရှေးဟောင်း မြန်မာ့ဗိသုကာနှင့် ပန်းပုအနုပညာအမွေ များကို ပေါင်းစပ်ဆောက်လုပ်ခဲ့ကြောင်းကို တွေ့မြင်ကြရ မည်ဖြစ်သည်။ အဆိုပါအင်းဝမြို့ဟောင်းရှိ ဘုရား စေတီ၊ ဂူ၊ဥမင်၊ကျောင်းစသည်တို့ကို ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ထိန်း သိမ်းထားပြီး အင်းဝမြို့ဟောင်းရှိ ဘကြီးတော်မင်း လက်ထက်၌တည်ဆောက်ခဲ့သော ဗားကရာ သစ်သားကျောင်းတော်ကိုခရီးသွားနိုင်ငံခြားသား များနှင့် ဘုရားဖူးမြန်မာပြည်သူများစွာ နေ့စဉ် လာရောက်လေ့လာလျက်ရှိကြောင်း သိရသည်။