images
UN
UN
၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတည်ငြိမ်မှုရှိရန်လိုအပ် ပဋိပက္ခများနှင့်အငြင်းပွားမှုမဖြစ်ပေါ်စေရေး ထိန်းသိမ်းဆောင်ရွက်ရန်လိုဟုဆို
ကိုကိုလွင် Tuesday, 03 January 2017
၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲကျင်းပရန်အတွက်မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ကြရာတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနေ ဖြင့် ရွေးကောက်ပွဲကာလအတွင်း တည်ငြိမ်အေးချမ်းစွာကျင်းပနိုင် ရေး အဓိကလိုအပ်ချက်ဖြစ်သည့် အတွက် မိမိတို့အား ထောက်ခံအား ပေးကြမည့် သက်ဆိုင်ရာမဲဆန္ဒရှင် ပြည်သူများအချင်းချင်း ပဋိပက္ခ များ မဖြစ်ပေါ်စေရေးနှင့် မဲဆွယ် စည်းရုံးရာတွင် အငြင်းပွားမှုများ
မဖြစ်ပေါ်စေရေးအတွက် အလေး ထား ထိန်းသိမ်းလုပ်ဆောင်သွား ရန် လိုအပ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက နိုင်ငံရေးပါတီများ နှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများသို့ ပြောကြားခဲ့သည်။
ယနေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ရုံးခန်းမတွင် ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်နှင့်နိုင်ငံရေးပါတီများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု ဆိုင်ရာအစည်းအဝေးအဖွင့် မိန့်ခွန်း ပြောကြားရာ၌ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှအထက် ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
''မဲဆွယ်စည်းရုံးခြင်း ဆောင် ရွက်ရာမှာ နိုင်ငံရေးပါတီများရဲ့ ဆန္ဒနဲ့ ညှိနှိုင်းရေးဆွဲထားခဲ့တဲ့ နိုင်ငံရေးပါတီများရဲ့ ကျင့်ဝတ်နဲ့ အညီ လေးစားလိုက်နာဆောင်ရွက် ကြဖို့နဲ့ ရွေးကောက်ပွဲကာလအတွင်း တည်ငြိမ်အေးချမ်းရေးဟာ အဓိက ကျတာနဲ့အညီ မိမိတို့ပါတီကို ထောက်ခံအားပေးကြတဲ့ ပြည်သူ လူထုကိုလည်း ပဋိပက္ခမဖြစ် အောင်ထိန်းသိမ်းဆောင်ရွက်ကြ ဖို့ လိုပါတယ်။ မဲဆွယ်စည်းရုံးရာ မှာလည်း ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ နဲ့ အခန်း ၁၄ မှာပါ ရှိတဲ့ပြစ်မှုများနဲ့ အငြင်းပွားဖွယ်ရာ များမဖြစ်စေရေးကိုလည်း အလေး ထား ဆောင်ရွက်စေလိုပါတယ်'' ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်း ပြောကြားသည်။
၂ဝ၁၇ ကြားဖြတ်ရွေးကောက် ပွဲအတွက် မဲဆွယ်စည်းရုံးမှုအား ဇန်နဝါရီလ ၃ဝ ရက်မှ မတ်လ ၃ဝ ရက်အထိ ဆောင်ရွက်ကြ ရာတွင် ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ဗဟိုကော် မတီနှင့် သက်ဆိုင်ရာကော်မတီ အဆင့်ဆင့်တို့အား ဖွဲ့စည်းခဲ့သည့် အတိုင်း ယခုကြားဖြတ်ရွေး ကောက်ပွဲ၌ ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကာ ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးမှုကာလ အတွင်းနှင့် ရွေးကောက်ပွဲကာလ အတွင်း ပြဿနာပဋိပက္ခများ ကြောင့်တည်ငြိမ်အေးချမ်းမှု မထိ ခိုက်စေရန် ဖွဲ့စည်းဆောင်ရွက်ရ ခြင်းဖြစ်ပြီးထိုသို့ကော်မရှင်များ ဖွဲ့ စည်းဆောင်ရွက်ရခြင်းမှာ ပြဿနာ ဖြေရှင်းဆောင်ရွက်မှုများ၌ပွင့်လင်း မြင်သာမှုရှိစေရန်အတွက် ဖြစ် ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြဿနာပေါ် ပေါက်မှုများရှိလာပါက ပဋိပက္ခ အသွင်သို့ ကူးပြောင်းမရောက်ရှိ စေရန်အတွက် မဲဆွယ်စည်းရုံး မှုများပြုလုပ်ရာ၌ ပါတီဝင်အချင်း ချင်းသော်လည်းကောင်း၊ မဲဆန္ဒရှင် များတို့မှလည်းကောင်း၊ ပါတီ တာဝန်ရှိသူအဆင့်ဆင့်တို့မှ ရွေး ကောက်ပွဲ တည်ငြိမ်အေးချမ်းမှု ရှိရန်အတွက် အလေးထားညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ရေးအပြင် မဲရုံ တာဝန်ရှိ မဲရုံကိုယ်စားလှယ်များ အကူကိုယ်စားလှယ်များတို့မှမိမိတို့ မဲရုံအတွင်း မဲဆွယ်စည်းရုံးသည့် အသွင် မဖြစ်ပေါ်စေရေးတို့အား အလေးထားဆောင်ရွက်ကြခြင်းဖြင့် ၂ဝ၁၇ ကြားဖြတ်ရွေးကောက် ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆွယ်စည်းရုံးရေးကာလ နှင့် ရွေးကောက်ပွဲကာလတစ် လျှောက် တည်ငြိမ်အေးချမ်းမှုရှိစေ ရေးအတွက် နိုင်ငံရေးပါတီများမှ ပူးပေါင်းဆောင်ရွက်ပေးရန် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်းပြောကြား ခဲ့သည်။
လက်ရှိ အနေအထားအရ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အနေဖြင့် ကိုယ်စားလှယ် လောင်းအမည်စာရင်းတင်သွင်း ခြင်းများစိစစ်ခြင်း၊ ရုပ်သိမ်းခြင်း၊ လုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း နှင့် ၂ဝ၁၇ ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲသို့ နိုင်ငံရေးပါတီ ၂၄ ပါတီမှ ကိုယ်စားလှယ်လောင်း ၈၈ ဦး တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ခုနစ်ဦး စုစုပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟုသိရ ပြီး ယင်းအနက် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် လစ်လပ်သည့် ၁၉ နေရာတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီးပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးနေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း သုံးနေရာ နှင့်တိုင်းဒေသကြီးပြည်နယ်လွှတ် တော်ကိုယ်စားလှယ်လောင်း ၁၁ နေရာတို့တွင်ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။