images
UN
UN
လေ့ကျင့်ရေးအလယ်တန်းကျောင်းရန်ကင်းပညာရေးကောလိပ် ပညာရေးစုံညီပွဲတော်ကျင်းပ
သင်းနုနှင်း Tuesday, 03 January 2017
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း မြို့နယ်ရှိ ရန်ကင်းပညာရေးကော လိပ်တွင် ယနေ့နံနက် ၁ဝနာရီက ပညာရေးစုံညီပွဲတော်အခမ်းအနား ကို ဆုပေးပွဲ၊ ဖျော်ဖြေပွဲများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် သတ္တမတန်းကျောင်းသား ကျောင်း သူလေးများက 'ကျောင်းဂုဏ်ရည်' သီချင်းဖြင့် သီဆိုဖွင့်လှစ်ဖျော်ဖြေ ကြပြီး အခမ်းအနားအစီအစဉ်အရ ရန်ကင်းပညာရေးကောလိပ်ကျောင်း အုပ်ဆရာကြီးဦးအောင်ဘဟိန်းနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်သီတာ လှတို့က အဖွင့်အမှာစကားပြော ကြားသည်။အခမ်းအနားမှူးအဖြစ် လေ့ကျင့်ရေးအလယ်တန်းကျောင်း မှအင်္ဂလိပ်စာပြဆရာမဒေါ်နီလာမြင့် ကဆောင်ရွက်ပြီးရန်ကင်းပညာရေး ကောလိပ်ကျောင်းအုပ်ကြီးဦးအောင် ဘသိန်း၊စာပေဌာနမှူး၊စီမံဌာနမှူးနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်း မှ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ဆရာဆရာမများ၊ မိဘ ဆရာအသင်းဝင်များ၊ဆုရကျောင်း သားကျောင်းသူများ၏မိဘများ၊ဆုရ ကျောင်းသားကျောင်းသူများစုံညီစွာ တက်ရောက်ကြကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် ထူးချွန်ဆုများအဖြစ် ဗဟို/တိုင်း ဒေသကြီးအဆင့် ၁၃ ဦး၊ ခရိုင် အဆင့်လေးဦး၊ မြို့နယ်အဆင့် (အားကစားပါ)၂၅ဦး၊ ကျောင်း အဆင့် ၅၆ ဦးနှင့် ခွင့်ရက်မပျက် ဆရာဆု ၁၄ ဦး စုစုပေါင်း ၁၁၂ ဦးတို့ကို ဆုများအသီးသီးပေးအပ် ခဲ့ပြီး ကျောင်းသား ကျောင်းသူ လေးများ၏ အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေကာ အခမ်းအနားကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။