images
UN
UN
ပုဒ်မ၆၆(ဃ)ဖြင့် ဖမ်းခံရသော တက္ကသိုလ်ကျောင်းသားအတွက် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးရှေ့၌ဆန္ဒပြမည်
မင်းဟိန်း Tuesday, 03 January 2017
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ဖမ်းခံထားရသော တက္ကသိုလ်ကျောင်းသားမောင်ရှိုင်း ထက်အောင် လွတ်မြောက်ရေး အတွက် ၄င်း၏ရုံးချိန်းဖြစ်သော ယခုလ ၅ ရက်တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးရှေ့၌ ဆန္ဒဖော်ထုတ်သွားမည်ဟု သိရ သည်။
ဆန္ဒဖော်ထုတ်တွင် ပါဝင် မည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခက ''မောင်ရှိုင်းထက် အောင်ပြောတာက ပိုင်ရှင်မဲ့ လေ လွင့်ခွေးချစ်သူများအသင်းမှာ သူ ပါဝင်ခဲ့တယ်။ သူတို့အဖွဲ့ခေါင်း ဆောင်များက အလှူငွေများ စီမံ ခန့်ခွဲပုံ၊ အသုံးပြုပုံတွေကို မကြိုက် တဲ့အတွက် မောင်ရှိုင်းထက်အောင် ကအဖွဲ့မှ ထွက်ခဲ့တယ်လို့ သိရ တယ်။ ရေဘေးဖြစ်စဉ်မှာ သူတို့ အဖွဲ့က အလှူငွေတွေကောက်ခံပြီး ရေဘေးသင့်ဒေသတွေကို သွားခဲ့ ရာမှာ သုံးရက်လောက် ကြာသည် အထိ ခွေးတစ်ကောင်မှ ကယ်တင် ခြင်းမရှိဘဲ ဘုန်းကြီးကျောင်းမှာ တည်း၊ အဖွဲ့ထဲက တချို့ကလည်း အရက်သေစာသောက်ကြတယ်။နောက်တော့ ခွေးတစ်ကောင်ကို ဖမ်း ရေထဲပစ်ချပြီး ဆင်းကယ်နေတဲ့ပုံ ကို ဓာတ်ပုံရိုက်ယူ ဖေ့ဘုတ်စ်ပေါ် တင်ခဲ့ကြတယ်။ ထိထိရောက် ရောက်ကယ်တင်ခြင်းမရှိတဲ့အတွက် အလှူငွေပေးအပ်လိုက်သူတွေက အလှူငွေတွေ ရှင်းလင်းပေးဖို့ တောင်းဆိုလာတယ်။
အဲဒီအဖွဲ့ထဲက ဒေါ်ကြူကြူ သိန်းလွင်က သူ့ဖေ့ဘုတ်စ်အကောင့် ကို ခိုးတယ်လို့စွပ်စွဲပြီး ဆက်သွယ် ရေးဥပဒေ ပုဒ်မ၆၆(ဃ)နဲ့တရားစွဲ တာ။ တရားခွင်မှာသက်သေကို စစ်လိုက်တဲ့အခါမှာ ဘာမှမသိဘဲ ရဲနဲ့ပေါင်းပြီး သက်သေလိုက်တာ ကိုတွေ့ရတယ်''ဟု မိန့်ကြား သည်။
ပုဒ်မ ၆၆(ဃ)နှင့် ပတ်သက် ၍လည်း အာဏာရှိသူနှင့် ငွေကြေး ချမ်းသာသူများက ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူကို တရားစွဲဆိုနိုင်သော ပုဒ်မဖြစ်၍မရှိသင့်ကြောင်း ဆရာ တော်က ထပ်မံမိန့်ကြားသည်။
မောင်ရှိုင်း ထက်အောင်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် စတင် ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဉ်း ထောင်မှ တရားရင်ဆိုင်နေသည် မှာ ငါးလကျော်ကြာမြင့်ပြီဖြစ် သည်။ လာမည့် ဇန်နဝါရီ ၅ရက် ရုံးချိန်းတွင် ၄င်း၏ အာမခံလျှောက် ထားမှုအား တရားရုံးက အမိန့်ချ မည်ဟု သိရသည်။