images
UN
UN
အကြမ်းဖက်တိုက်ခိုက်ခံရသည့်မောင်တောနယ်စပ်ဒေသသို့ ဒုတိယသမ္မတဦးမြင့်ဆွေ ထပ်မံသွားရောက်စစ်ဆေး
Friday, 06 January 2017
ဘင်္ဂါလီ အကြမ်းဖက်သမား များ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည့် မောင်တောနယ်စပ်ဒေသသို့ဒုတိယ သမ္မတ ဦးမြင့်ဆွေသည် ယနေ့ သွားရောက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်း ထားသော မောင်တောဒေသစုံစမ်း စစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့်ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယမန်နှစ် ဒီဇင် ဘာလအတွင်းက ပထမအကြိမ် အဖြစ် မောင်တောနယ်စပ်ဒေသ၌ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး ယခုခရီးစဉ်သည် ဒုတိယအကြိမ် မြောက် စုံစမ်းစစ်ဆေးရေးခရီးစဉ် ဖြစ်သည်။
မောင်တောဒေသစုံစမ်းစစ်ဆေး ရေးကော်မရှင်အဖွဲ့ဝင်များသည် မောင်တောနယ်စပ်ဒေသတွင် နှစ် ရက်ကြာစုံစမ်းမှုများ ပြုလုပ်သွား မည်ဖြစ်ပြီး ခရီးစဉ်အတွင်း မောင် တောနယ်စပ်ဒေသရှိ ကျေးရွာ အများအပြားသို့သွားရောက်၍ကွင်း ဆင်းစစ်ဆေးမှုများ ထပ်မံပြုလုပ် သွားမည်ဖြစ်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှ သိရသည်။
အဆိုပါကော်မရှင်၏ စုံစမ်း စစ်ဆေးမှုအစီရင်ခံစာကို ယခုလ ၃၁ရက်အရောက်နိုင်ငံတော်သမ္မတ ထံသို့ တိုက်ရိုက်တင်ပြရမည်ဖြစ် ပြီး ယခုလ၃ရက်က ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ကာ အဆိုပါကြားဖြတ် အစီရင်ခံစာတွင် မောင်တောဒေသ ၌ လူမျိုးတုံးအောင်သတ်ဖြတ်မှုများ မတွေ့ရှိရသကဲ့သို့ ဘာသာရေးအရ ဖိနှိပ်ချုပ်ချယ်မှုများ မရှိသည်ကို မောင်တောဒေသရှိ ဘင်္ဂါလီလူဦး ရေ၊ ဗလီ၊ဘာသာရေးဆိုင်ရာ အဆောက်အအုံနှင့် မော်လဝီ ဦးရေ တိုးပွားများပြားနေခြင်းတို့ကသက် သေပြလျက်ရှိကြောင်း ဖော်ပြထား သည်။
မောင်တောဒေသစုံစမ်းစစ်ဆေး ရေးကော်မရှင်ကို မောင်တော အကြမ်းဖက်မှုဖြစ်စဉ်များ နှင့်ပတ် သက်၍ ဖြစ်ပွားရသည့်နောက်ခံ အခြေအနေနှင့်အဖြစ်မှန်ပေါ်ပေါက် စေရေးစုံစမ်းစစ်ဆေးရန်နှင့် နောင် အလားတူအဖြစ်မျိုး ထပ်မံမဖြစ် စေရေး အကြံပြုချက်များပေးနိုင်ရန် အတွက် နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၆ခုနှစ် ဒီဇင်ဘာ ၁ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။