images
UN
UN
အလောင်းတော်ကဿပသို့ သွားရောက်နိုင်သည့် ကပိုင်-သပိတ်ဆေး-ဘုရားရာသီလမ်းဖွင့်
Saturday, 07 January 2017
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အထင်ကရနေရာတစ်ခုဖြစ်သည့် ယင်းမာပင်ခရိုင်အတွင်းရှိ အလောင်းတော်ကဿပဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-သပိတ်ဆေး-ဘုရား ရာသီလမ်းကို ယနေ့တွင် စတင်ဖွင့်လှစ်ပြီဖြစ်ရာ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အလောင်းတော်ကဿပ သို့ အချိန်မရွေး သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အလောင်းတော်ကဿပ နယ် မြေသည် မုံရွာမြို့၏ အနောက် မြောက်ဘက် မိုင် ၆ဝ ခန့်အကွာရှိ အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်အတွင်းတည်ရှိ၍ တော တောင်အလွန်ကြီးမားသောအရပ်ဖြစ် သည့်အပြင်အာဆီယံအမွေအနှစ် စာရင်းဝင်အမျိုးသားဥယျာဉ်ကြီး တစ်ခုလည်းဖြစ်သည်။ ခရီးသွား ဧည့်သည်များ မြို့ပြအရိပ်အယောင် ကင်းပြီး တောတောင်တို့၏သဘာဝ ရှုခင်းများကို မော်တော်ယာဉ်စီးနင်း ကြည့်ရှုရင်းအလောင်းတော်ကဿပ ရုပ်ကလာပ်ဖူးမြော်နိုင်ပြီး ခြေရာ တော်၊ ရှင်သူငယ်ထွက်ပေါက် တို့ကိုလည်း ကြည့်ရှုလေ့လာနိုင်ပြီး အမှတ်တရပစ္စည်းများကိုလည်း ဝယ်ယူနိုင်ကြောင်း သိရသည်။
ကပိုင်-သပိတ်ဆေး-ဘုရား ရာသီလမ်းသည် ယခင်နှစ်က ဒီဇင်ဘာ ၂၇ရက်တွင် စတင် ဖွင့်လှစ်နိုင်ခဲ့သော်လည်း ယခုနှစ် တွင် ၁၁ ရက်ကြာနောက်ကျခဲ့ကာ ယနေ့တွင်ဖွင့်လှစ်နိုင်ခဲ့ပြီး အကွေ့၊ အကောက်၊ အတက်အဆင်းများ သည့်လမ်းကြောင်းအခြေအနေအရ ယခင်နှစ်များနည်းတူ အလောင်း တော်ကဿပသို့ ၂၉ ပေအထက် မော်တော်ယာဉ်ကြီးများ၊ အင်ဂျင် ဆွဲအားနည်းသော ထော်လာဂျီနှင့် ယာဉ်ငယ်များ တက်ရောက်ခြင်း ကိုတားမြစ်ထားကြောင်း သိရ သည်။
အလောင်းတော်ကဿပသို့ ဘုရားဖူးသွားရောက်လိုသူအနယ် နယ်အရပ်ရပ်မှ ခရီးသွားပြည်သူ များအနေဖြင့် လမ်းကြောင်းငါးခု ရှိသည့်အနက် ပခုက္ကူ-ရေစကြို-ပုလဲ-ယင်းမာပင်မြို့နယ် လယ် ငေါက်ကျေးရွာလမ်းခွဲမှ ရင်ပေါင် တိုင်-ကပိုင်မှတစ်ဆင့်လည်း ကောင်း၊ မုံရွာ-ယင်းမာပင်မြို့နယ် တရော်ကျင်းကပိုင်ကျေးရွာမှတစ် ဆင့်လည်းကောင်း အဆိုပါလမ်း နှစ်လမ်းမှသွားလာမှုများလျက်ရှိ ကြောင်းသိရသည်။
မုံရွာမြို့မှတစ်ဆင့် အလောင်း တော်ကဿပသို့ တစ်ဦးချင်းသော် လည်းကောင်း၊ မိသားစုလိုက်သော် လည်းကောင်း၊ အဖွဲ့လိုက်သော် လည်းကောင်းသွား ရောက်လိုသူ များအနေဖြင့် မုံရွာမြို့ ရုံးကြီး ရပ်ကွက် ရွှေစည်းခုံဘုရား တောင် ဘက်ခြမ်းတွင်နေ့စဉ် နံနက် ၄ နာရီမှစ၍ မှန်လုံယာဉ်ငယ်များ၊ မီနီဘတ်စ်ကားများဖြင့် ပြေးဆွဲ ပေးလျက်ရှိကြောင်းသိရသည်။
မင်းဝေ(မုံရွာ)