images
UN
UN
တစ်ခုချင်းစီ၏ သီးသန့်ဖြစ်ခြင်းသဘော
ချစ်နိုင်(စိတ်ပညာ) Monday, 09 January 2017
မအူပင်မြို့နယ်အတွင်းမှာ လေးအိမ်စုဟူသော ကရင်ရွာတစ်ရွာရှိပါသည်။ ထိုရွာသည် တိုင်းရင်း သားကရင်လူမျိုးများချည်းစုဝေးနေထိုင်သည့် ရွာ ဖြစ်ပါသည်။ ဤရွာနှင့်တစ်မိုင်၊ နှစ်မိုင်မျှသာကွာ သော ချောင်းကမ်းဘေး၌ပင် အတူတည်ရှိနေ သော ထနီးအမည်ရှိ ကျေးရွာကမူ ဗမာတိုင်းရင်း သားအများစုနေထိုင်ကြသော ရွာဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလဆီကပင် လေး အိမ်စုရွာသို့လည်း ရောက်ဖူးခဲ့သည်။ ထနီးရွာကို လည်း မိမိကရောက်ဖူးခဲ့သည်။ လယ်သမား၊ ခြံသမားရွာများပါ။
ကိုယ့်အားကိုယ်ကိုးကျေးရွာစာကြည့်တိုက် များရှိထားကြသဖြင့် အားပေးရန် စာပေဟော ပြောပွဲရောက်ခဲ့ခြင်းဖြစ်ပါ၏။ လေးအိမ်စုကျေးရွာ ရှိမင်္ဂလာစာကြည့်တိုက်ဆိုလျှင်မကြာမီ လအနည်း ငယ်အတွင်း ၂၅နှစ်ပြည့်ပါတော့မည်။ ငွေ ရတုအထိမ်းအမှတ်အဖြစ် မဂ္ဂဇင်းထုတ်ဝေခြင်း၊ စာပေဆိုင်ရာလှုပ်ရှားမှုများ အမှတ်တရကျင်းပ ခြင်းတို့ပြုလုပ်ကျင်းပရန် စိုင်းပြင်းနေကြလေ သည်။ အစစအရာရာ ပြင်ဆင်နေကြသည်။
လေးအိမ်စုကျေးရွာမှာ ထူးခြားချက်များရှိ ခဲ့ပါသည်။ ကရင်ရွာဖြစ်သည်။ ဗုဒ္ဓဘာသာဝင် တစ်ဝက်ခန့်ရှိသည်။ ခရစ်ယာန်ဘာသာဝင်တစ် ဝက်ရှိသည်။ ဘာသာတရားမတူငြားလည်း ဆွေ မျိုးသားချင်းတွေချည်းဖြစ်သည်။ ချစ်ခင်ကြ သည်။ စည်းလုံးကြသည်။ သွေးမကွဲချေ။ ဗုဒ္ဓ ဘာသာပွဲလမ်းသဘင်မှာလည်း ခရစ်ယာန်ဆွေ မျိုးတွေပါဝင်ဆောင်ရွက်ကြစမြဲ။ ခရစ္စမတ်ပွဲ စသည့်ခရစ်ယာန်ဘာသာပွဲလမ်းသဘင်ဆိုလျှင် လည်း ဗုဒ္ဓဘာသာညီအစ်ကို မောင်နှမတွေက ဝိုင်းဝန်းကူညီလေ့ရှိစမြဲ။ စည်းလုံးညီညွတ်ကြ သည့်နေရာတွင် စံပြုအတုယူလောက်၏။ နိုင်ငံ ရေးပါတီများက လာရောက်စည်းရုံးရာတွင်လည်း ပါတီဝင်ချင်ရာဝင်၊ မဲထည့်ချင်ရာထည့်၊ ရွာသူ ရွာသားဆွေမျိုးသားချင်းများအချင်းချင်းကား ချစ် ခင်စည်းလုံးမှုမပျက်။ ပဋိပက္ခမရှိ။ ဝိရောဓိမရှိ။ လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်ကျော် ခြောက်ဆယ် က မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးအတွက် ဦးနု နှင့် မန်းဝင်းမောင်တို့ ဦးဆောင်ခဲ့သော ကရင် ဗမာသွေးစည်းညီညွတ်ရေးလူထုညီလာခံကြီးတစ်ခု ကို မအူပင်မြို့နယ်လေးအိမ်စုရွာ၌ ကြီးကျယ်ခန်း နားစွာ ကျင်းပခဲ့ဖူး၏။ ပြည်သူလူထုထောင် သောင်းများစွာ စုဝေးတက်ရောက်ခဲ့ကြ၏။ ဤ လူထုစည်းဝေးပွဲကြီး ဝှဲချီးကျင်းပခဲ့ရာ သမိုင်း ဝင်နေရာတွင် လေးအိမ်စုအစိုးရအထက်တန်း ကျောင်းဖွင့်လှစ်ခဲ့ပါသည်။ စည်းလုံးခြင်းသမိုင်း ဝင်လက္ခဏာ၊ ရွာလယ်မှာရှိသော မင်္ဂလာကိုယ့် အားကိုယ်ကိုးကျေးရွာ စာကြည့်တိုက်သည် နှစ် ကာလ ၂၅နှစ်ကြားကို ဖြတ်သန်းရှင်သန်ကာ စာ အုပ်ပေါင်းများစွာရှိနေပါ၏။ စာဖတ်သူများလည်း တက္ကသိုလ်ကောလိပ်အသီးသီးအထိ ပညာလို လားကြိုးစားကြပြီး ဘွဲ့အသီးသီးရခဲ့ကြပါ၏။ အသိပညာအလိမ္မာတိုးခဲ့သဖြင့် ရွာမှာအရက်ဆိုင် မရှိ။ အရက်ပုန်းဆိုင်မရှိ။ အခြားရွာများနှင့်စာလျှင် အသောက်အစားမရှိ။ အမူးအရူးမရှိ။ စာပေကျေး ဇူးဖြင့် ယဉ်ကျေးကြ၏။
လေးအိမ်စုရွာသို့ ဆရာလယ်တွင်းသားစောချစ်၊ ဆရာဒေါက်တာခင်မောင်ညိုတို့နှင့်အတူ မအူပင်မှ တစ်ဆင့် ရေလမ်းစက်လှေဖြင့် လွန်ခဲ့သော ၁၅နှစ် က ပထမအကြိမ် မိမိစာပေဟောပြောပွဲရောက် ဖူးခဲ့၏။ လေးအိမ်စု ဆရာတော်ဦးဝိစိတ္တသာရ၏ ဦးဆောင်စီစဉ်မှုဖြစ်ပါ၏။ အောက်တိုဘာလ ၂၉ရက်က ရောက်ရှိခဲ့သော စာပေဟောပြောပွဲဆို လျှင် မိမိအနေဖြင့် ငါးကြိမ်မြောက် လေးအိမ်စု ရွာသို့ ရောက်ရှိခြင်းဖြစ်ပါ၏။ ဆရာမြင်းမူ မောင်နိုင်မိုးနှင့် ဆရာကောင်းသန့်တို့နှင့်အတူ ဖြစ် ၏။ ယခုအခေါက်တွင် ရန်ကုန်မှ ရွာထဲအထိ ကားလမ်းပေါက်နေပြီ။ ရွာလယ်မှာ ကွန်ကရစ် လမ်းခင်းထားပြီ။ ဆားမလောက် မအူပင်လမ်း ဘက်မှ ကွေ့ဝိုက်ပြီးသွားနေစရာမလိုတော့ဘဲ တွံတေးတံတားအနီးမှ ဖြတ်လမ်းအဖြောင့်ဖောက် ထားပြီးဖြစ်သဖြင့် ရန်ကုန်နှင့် ၃၆မိုင်မျှသာ ဝေးတော့၏။ ကားလမ်းကောင်း၏။ အချိန်တိုတို နှင့် ရောက်နိုင်နေပြီ။
လေးအိမ်စုရွာဓမ္မာရုံကြီးမှာ ဆရာကောင်းသန့် က ပထမဟောပြောသည်။ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအထိဖြစ်ပါသည်။ ပတ်ဝန်းကျင် ကျေးရွာများနှင့် လေးအိမ်စုကျေးရွာအထကမှ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများ တက်ရောက်နားထောင်ကြပါသည်။ စာပေ မြတ်နိုးသူ ၁ဝဝဝခန့်ရှိကြပါလိမ့်မည်။ ရွာသူ ရွာသားများလည်း လာရောက်အားပေးကြပါ သည်။
ဆရာကောင်းသန့်က'နည်းပညာနှင့်လူငယ်' ဟူသောခေါင်းစဉ်ဖြင့် လူငယ်များအတွက် လက် ကိုင်ဖုန်း၊ တက်ဘလက်၊ကွန်ပျူတာ၊ အင်တာ နက်၊ ခေတ်မီဆက်သွယ်ရေးနည်းပညာအရ နေ့ စဉ်ထိတွေ့နေကြရသော ကောင်းကျိုးဆိုးကျိုးများ ကို လက်တွေ့ဖြစ်စဉ်သာဓကများဖြင့် ဟောပြော ခဲ့ပါ၏။ အင်တာနက်အသုံးပြု၍ ပညာရပ်များ ဆည်းပူးသင်ယူနိုင်ပုံ၊ စာအုပ်များအခမဲ့ဖတ်ရှုနိုင် ပုံ၊ တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးလျှောက် ထားရယူနိုင်ပုံ၊ တက္ကသိုလ်အမျိုး မျိုးဝင်ခွင့် လျှောက်ထားပြီး တက်ခွင့်ရနိုင်ကြောင်း စသည့် အဖိုးတန်သောဗဟုသုတများ ဟောပြောပါ၏။
ဖေ့စ်ဘွတ်မှာ ချက်တင်ပြောဆိုကြပြီး လူချင်းမသိဘဲ သံယောဇဉ်ငြိတွယ်ရာမှ ဘဝ နစ်မွန်းရသောအသက် ၃ဝ အရွယ် ဆရာမတစ် ယောက်၊ ၁၆ နှစ်သမီးကျောင်းသူလေးတစ် ယောက်တို့၏ ရေစုန်မျောခဲ့ရပုံတို့ကို ပရိသတ် ပါးစပ်အဟောင်းသား အံ့အားသင့်ထိတ်လန့် လောက်အောင် ဟောပြောသွားခဲ့လေ၏။ ဘဝ သင်ခန်းစာပါပေ။
ပညာရေးနှင့်စပ်လျဉ်း၍ အနောက်နိုင်ငံများ ၏ပညာရေးမှာ ကျောင်းသားကျောင်းသူအားလုံး ကို ပြဋ္ဌာန်းချက်ဖတ်စာစာအုပ်တစ်မျိုးတည်း၊ တညီတညာတည်း ပြဋ္ဌာန်းသင်ကြားသောစနစ် ကိုပင် ဆန့်ကျင်ကာ ဤကဲ့သို့ ကျောင်းသား ကျောင်းသူများ သိန်းသန်းဦးရေကို စာအုပ်သင်ရိုး တစ်မျိုးတည်းပုံသေကားကျ လှေနံဓားထစ်သင် ကြားနေသည့်စနစ်မှ တစ်ဦးချင်းစီတစ်ဦးချင်းစီ၏ သီးခြားသီးသန့်ရှိနေသော ပကတိအတိုအရှည်၊ အနုအရင့်၊ အားသာချက်၊ အားနာချက်ကို သေသေချာချာလေ့လာနားလည်ပြီး တစ်ဦးချင်း တစ်ဦးချင်းနှင့် ကိုက်ညီဆီလျော်သည့်သင်ခန်းစာ အဆင့်ဆင့်ကို သင်ကြားပြသရန်ဆော်သြဝေဖန် နေပြီဟုဆို၏။ Phenomenological Approach.
ဆရာကောင်းသန့်ကိုယ်တိုင် ပညာရေး တက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်ပြီး အထက်တန်းပြ ဆရာ၊ အလယ်တန်းကျောင်းအုပ်၊ ဆရာအတတ် သင်မှာ လက်ထောက်ကထိက၊ အစရှိသည့် ပညာရေးလောကသင်ကြားရေးဘဝအတွေ့အကြုံ ၁၉ နှစ်ထမ်းဆောင်ခဲ့သူဖြစ်လေ၏။ လက်ရှိပညာ ရေးထက် ပိုမိုကောင်းမွန်စေချင်သောစေတနာ ထက်သန်သူတစ်ဦးလည်းဖြစ်၏။
စာသင်ခန်းတစ်ခန်းထဲမှာရှိသော ကျောင်း သားကျောင်းသူတစ်ဦးချင်းကို တိတိကျကျထဲ ထဲဝင်ဝင်သိမြင်နားလည်အောင်ချဉ်းကပ်စစ်ဆေး သုံးသပ်ပြီးသူနှင့်သင့်လျော်သောသင်ခန်းစာများ ကို ဆရာကသင်ပြရမည်ကို ပျက်ကွက်ပြီး စာ သင်သား ၄ဝ စလုံးအတွက် တညီတညာတည်း သောမြန်မာစာဖတ်စာ၊အင်္ဂလိပ်စာဖတ်စာ၊ သင်္ချာ သင်ခန်းစာစသည့်တို့ကို Uniform ညီတူညာတူ သင်ပြခြင်းအမှားကြောင့် လူငယ်များမှာ နစ်နာ နေပါပြီဆိုပြီး ကျောင်းကို တရားစွဲသောရှေ့နေ တစ်ဦးတောင်ပေါ်ပေါက်နေပြီဆိုပါလား။ဥရောပ မှာပါ။
စာပေဟောပြောပွဲလာရောက်နားထောင်နေကြ သော ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူ များကမူ အံ့သြကြပုံရလေသည်။ ထူးဆန်းလှ ချေတကား။ ဘယ်လိုလူလဲ။ ဘယ်လိုတွေဖြစ်နေ ကြပါလိမ့်။ အလွန်တရာထူးဆန်းသောအမြင်ပါ တကား။ ဟောပြောပွဲပရိသတ်ကို စဉ်းစားမိစေရန် ဆရာကောင်းသန့်က ထည့်သွင်းဟောပြောခြင်း ဖြစ်ပုံရပါသည်။ လက်ရှိမြန်မာပြည်၏ ပညာရေး စနစ်အနေနှင့်ကား ထိုပြဿနာမျိုးနှင့်အတော် အလှမ်းဝေးလှပါသေး၏။ သို့ရာတွင် နောင်အနှစ် သုံးဆယ်လေးဆယ်လောက်တွင် မုချရင်ဆိုင်လာ ရမည့်ပြဿနာမျိုးတော့ဖြစ်ပါ၏။ ကြိုပြီးသိမြင် ထားသင့်ပါ၏။
လူလူချင်းမတူ။ လူတစ်ဦးချင်းစီမှာ ကွဲပြား ခြားနားနေကြသော အရည်အသွေး၊ အထုံ၊ ပါရမီ၊ ဝါသနာ၊ စရိုက်၊ အကြိုက်၊ မကြိုက်၊ အားသာ ချက်၊ အားနည်းချက်၊ ထူးချွန်မှု၊ ချို့ယွင်းမှု၊ ထူးခြားထက်မြက်မှု၊ ချိုတဲ့မှုများရှိနေကြ ခြင်းကို ပြည့်စုံစွာပြုစုလေ့လာပြီးမှ သူ၏ သီးခြားတည်ရှိမှု ပကတိအခြေအနေ အဆင့်အတန်းကို ဗဟိုပြုပြီး (Learner Centered Tecehing Method)စာသင်သားကိုဗဟိုပြုသော သီခြားသင်ကြားပုံ စနစ်ီသို့ သွားကြရမည်မဟုတ်လား။ ပြောင်းတော့ ပြောင်းလဲကြရပါမည်။ တရွေ့ရွှေ့ဖြစ်စေ ပြောင်းလဲ ကြရမည်ကား သေချာပေသည်။ မထူးဆန်းချေ။
မကြားဖူးသဖြင့် ဆရာဒေါက်တာညီဝင်းမှန် ထိုနေ့က သင်ကြားပြသသော Phenomenology ဖန်နော်မင်နော်လော်ဂျီဆိုသည့် သဘော တရားကို အံ့အားသင့်မိလေသည်။ ဆရာက စိတ်ရောဂါကုပညာ Psychiatry ကို တာဝန် ယူပြီး ပို့ချနေခြင်းဖြစ်ပေသည်။
စိတ်ရောဂါ ဝေဒနာများကို ကုသရာတွင် ဘာရောဂါဖြစ်လျှင် ဘာဆေးပေး၊ ဘယ်ပုံဘယ်နည်းကုသဟု၊ ပုံသေ နည်းဖြင့် လှေနံဓားထစ်တရားသေမမှတ်ယူဘဲ ကိန်းအချင်းအရာ အချက်အလက်ပေါင်းများစွာ ကို ပြည့်စုံနိုင်သမျှပြည့်စုံအောင် စုဆောင်းစိစစ် ကာ ပေါင်းစုမိသောအခြေအနေများကို သီးသန့် သီခြားတည်ရှိခြင်းအား အသိအမှတ်ပြုချဉ်းကပ် ရန် သင်ကြားခြင်းပါ။
စိတ်ပညာ ဂိုဏ်းကွဲတစ်ခုဖြစ်သော ဂက်ရှ် ကာ့လ်သီအိုရီကိုလည်း ကျွန်တော်တို့ သင်ခဲ့ရပြီး ပါပြီ။ တစ်ခုချင်းစီကို အသီးသီးခွဲခြားပြီး စဉ်းစား ခြင်းထက် ပေါင်းစည်းစုစည်းမှုသဘောကိုပါ ထည့်သွင်းစဉ်းစားရမည်ဟူသော (Galstalt Theory) သဘောဖြစ်ပါသည်။ သစ်ပင်တစ်ပင် ချင်းအပြင် သစ်တောတစ်ခုလုံးကိုပါ ခြုံငုံရှုမြင် တတ်ရမည့်သဘော။ သမားအိုစေဆိုသည် မဟုတ် လော။
Phenomenological Approch ကမူ တောကိုကြည့်ပြီး ကျွန်းတော၊ အင်တော၊ ထင်းရှူး တောဟု ပြောခြင်းထက် သစ်ပင်တစ်ပင်ချင်းစီ ကိုပါ တိတိကျကျ အလေးထားလေ့လာပြီးမှ စဉ်းစားရမည်ဆိုသောအမြင်ဖြစ်ပေသည်။ အသီး သီးတို့၏ ဘယ်သူနှင့်မှမတူနိုင်သော သီးခြား သီးသန့်ဖြစ်မှု၊ ဖြစ်စဉ်ကို ဦးစားပေးပြီး စူးစိုက် လေ့လာရသည့်သဘော၊ အလေးအနက်ထားသော နည်းနာဟု မှတ်သားနားလည်ခဲ့ရဖူးပါသည်။ ဖီနော်မင်နော်လော်ဂျီကယ် ချဉ်းကပ်ပုံကို ထိုအချိန် က ဆရာကြီးဒေါက်တာညီဝင်းမှန်သည် နှစ်ချိန် သုံးချိန်မျှအချိန်ပေးပြီး သေသေချာချာ နားလည် အောင် ဟောပြောပို့ချခဲ့ပါ၏။ မှတ်မိခဲ့ပါ၏။ ၁၉၈၂ ခုနှစ်ဆီကပါ။ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန၌ အသုံးချစိတ်ပညာဘွဲ့လွန်သင် တန်း ၁၈ လတက်ခဲ့ကြရစဉ်က ဖြစ်ပါ၏။ တစ်ခါမှ မကြားဘူးသောဝေါဟာရဖြစ်သဖြင့် လွန်ခဲ့သော ၃၅ နှစ်ဆီက အဆန်း။ သိရတာ ဝမ်းသာမိ၏။
တောနှင့် သစ်ပင်တစ်ပင်ချင်းစီ ကွာခြားမှု။ အလုံးစုံနှင့် အသီးသီး၏ ကွဲပြားပုံသဘော။
တောအကြောင်းကောင်းစွာ သိပါပြီဆိုရုံမျှ ဖြင့် သစ်ပင်တစ်ပင်ချင်းအကြောင်း နားမလည် သေးကြောင်း။ စိတ်ဝေဒနာရှင်တစ်ယောက်ကို စိစစ်စစ်ဆေးပြီဆိုလျှင် သီဝရီပုံစံခွက်ထဲထည့်၍ အမည်တပ်ရန် ဦးစားပေးမစဉ်းစားဘဲ သီးသန့် ရပ်တည်နိုင်မှုကိုပါ ထည့်သွင်းစဉ်းစားရန် ညွှန် ပြပါသည်။ စကီဇိုဖရီးနီးယားလား၊ ပါရာနွိုက် ယားလား၊ ဒီပရက်ရှင်းလား။ အမည်တပ်ဖို့ လောမကြီးရ။
နှာစေးချောင်းဆိုးရောဂါဖြစ်သူချင်းပင် ကုသ ရသည့် ဆေးဝါးတစ်မျိုးတစ်စားတည်းဖြစ်ချင် မှဖြစ်ပေလိမ့်မည်။ မတူကွဲပြားခြားနားစွာတည် ရှိခြင်းသဘောကို အသိအမှတ်ပြု အလေးထား သိမြင်သင့်ကြောင်း ဒေါက်တာညီဝင်းမှန်က သင်ကြားပြသခဲ့ပါသည်။
မြန်မာစာအဖွဲ့ဝင်ဗိုလ်မှူးကြီးစံလွင် (အငြိမ်း စား) ပြုစုသော ခရီးဆောင်အင်္ဂလိပ်-မြန်မာ အဘိဓာန် ဒုတိယအကြိမ် (၂ဝ၁၆)မှာ ဖော်ပြထား သည်မှာ Phenomenologyဟူသောစကားလုံး ကို 'လောကကို ပကတိအတိုင်းရှုမြင်ရမည့်အစား စိတ်အာရုံ၌ ထင်ဟပ်မှုအရ ရှုမြင်သုံးသပ်မှု ဗေဒ''ဟုဆိုပါ၏။ လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော်ကာလ ဆရာကြီးဒေါက်တာညီဝင်း မှန် သင်ကြားခဲ့သည်နှင့်အနည်းငယ် ကွဲလွဲနေပါ ၏။ အသုံးနည်းသည့် ပညာရပ်ဆိုင်ရာ ဘာသာ ရပ်ဝေါဟာရဖြစ်သဖြင့် အဓိပ္ပာယ်ခက်ခဲနက်နဲ ပါ၏။ သီးသန့်စီဖြစ်မှုကို စူးစိုက်လေ့လာမှုပါ။ နိဂုံးချုပ်ပါတော့မည်။
လွန်ခဲ့သော အချိန်ကာလ ၃၅ နှစ်ဆီက တက္ကသိုလ်စာသင်ခန်းစာမှာ သင်ယူခဲ့ဖူးသော ဝေါဟာရတစ်လုံး၏ သဘောကိုအသုံးချကာ အနောက်တိုင်းပညာရေးလောကမှာ ဝေဖန် ဆန့်ကျင်နေသူ၊ တရားတပေါင်စွဲနေသူတွေပင် ပေါ်ပေါက်နေလေပြီ။ ဥရောပပညာရေးအခြေ အနေထက် နှစ်ပေါင်းသုံးဆယ်လေးဆယ်လောက် နောက်ကျကျန်ရစ်နေသေးသော မိမိတို့နိုင်ငံအဖို့မူ ကိုယ့်ရေမြေ၊ ကိုယ့်အခြေအနေနှင့် ဆီလျော်မည့် ပကတိသီးခြားသီးသန့် မတူကွဲပြားတည်ရှိမှုကို ကောင်းစွာအလေးထားသတိပြုမိပြီး တာဝန်ရှိသူ (အကြီးအကဲခေါင်းဆောင်များက) ဘာဝါဒ၊ ညာဝါဒ သို့မဟုတ် ဘာစနစ်၊ ညာစနစ်ပုံစံခွက် ပုံသေနည်းအတိုင်း လှေနံဓားထစ်လိုက်နာပြီး လုပ်ဆောင်မည်ကို ကြိုတင်စိုးရိမ်မိပါ၏။ သတိ ပေးလို၏။ လွယ်လွယ်ကူကူ 'နေရာတကာ ပုံတူကူးချချင်၍မရ'ဟူသော အမြော်အမြင်လေး တော့ ဆင်ခြင်တုံတရားရှေ့ထားပြီး ရှိကြစေချင် ပါ၏။ စာရေးသူ၏ ဖြူစင်သောစေတနာပါ။ ထူးခြားသော မိမိ၏သီးသန့်ဖြစ်တည်မှုကို နားလည်နိုင်ကြပါစေ။