images
UN
UN
ပလိုင်းမောက်နှင့်ပွဲတွင် အသုံးပြုခဲ့သည့်လူစာရင်းကို လီဗာပူးနည်းပြကလော့ပ် ကာကွယ်ပြောကြား
Monday, 09 January 2017
လီဗာပူးနည်းပြကလော့ပ်က ပလိုင်းမောက်နှင့်ကစားခဲ့သော အက်ဖ်အေဖလားပွဲတွင် လူစာရင်း ရွေးချယ်မှုအရ မိမိမှားယွင်းခဲ့ခြင်းမရှိကြောင်း ပြောကြားလိုက်သည်။ လီဗာပူးသည် ပလိုင်းမောက် နှင့်ကစားခဲ့သော အက်ဖ်အေဖလားပွဲတွင် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးလူစာရင်း ကို ရွေးချယ်ပွဲထုတ်ခဲ့ပြီး ဂိုးမရှိ သရေကျခဲ့သည်။ လီဗာပူးသည် ဗုဒ္ဓဟူးညတွင် ဆောက်သမ်တန် နှင့် လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ရန်ရှိနေပြီး ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ် မန်ယူ၊ ဆွမ် ဆီး၊ ချဲလ်ဆီးတို့နှင့်လည်း ကစားရမည်ဖြစ်ရာ ပလိုင်းမောက်နှင့် ပြန်ကန်ပွဲမှာ ၄င်းတို့၏ပွဲစဉ်ဇယား ကို ပိုမိုရှုပ်ထွေးစေမည်ဖြစ်သည်။ ကလော့ပ်က ပလိုင်းမောက်သည် ဒုတိယအကျော့တွင် ပထမပွဲ ကဲ့သို့ ခံစစ် ကောင်းမကောင်းကို ထပ်မံပြသရလိမ့်ဦးမည်ဟု ပြောကြားသွားခဲ့သည်။