images
UN
UN
လိဂ်ဖလားဗိုလ်လုပွဲတက်ရောက်လိုကြောင်း မော်ရင်ဟိုဖွင့်ဟ နောက်ခံလူရိုဂျို၏ဒဏ်ရာပြင်းထန်မှုမရှိစေရန် မျှော်လင့်ကြောင်းပြောကြား
Monday, 09 January 2017
မန်ယူနည်းပြမော်ရင်ဟိုက လိဂ်ဖလားဗိုလ်လုပွဲသို့တက်ရောက် လိုကြောင်း ပြောကြားလိုက်ပြီး ဟူးလ်စီးတီးနှင့်ပွဲစဉ်တွင် မိမိတို့ စွမ်းအားရှိသမျှ ထုတ်သုံးသွား မည်ဟု ဖွင့်ဟလိုက်သည်။ မန်ယူ သည် လာမည့်တနင်္ဂနွေနေ့တွင် လီဗာပူးအသင်းနှင့်ယှဉ်ပြိုင်ရ မည့်ပွဲကြီးတစ်ပွဲရှိနေသော် လည်း ဟူးလ်စီးတီးနှင့်ပွဲ ကို အီဘရာဟီမိုဗစ်အပါ အဝင် လန်းဆန်းမှုရှိနေ သော အသင်းသားများ နှင့် ယှဉ်ပြိုင် ကစားသွားမည်ဟု မော်ရင်ဟိုက ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ လီဗာပူးနဲ့ ကစားရမယ့်ပွဲကြီးတစ်ပွဲရှိနေပါ တယ်။ ဒါပေမဲ့ ဗိုလ်လုပွဲကို တက် ရောက်ချင်လို့ ဟူးလ်စီးတီးကို ကျွန်တော်တို့မှာရှိသမျှ စွမ်းအား အကုန်လုံးနဲ့ ရင်ဆိုင် ကစားသွားမှာပါ။ နှစ်ကျော့ကစားရ မယ်ဆိုတာကိုသိပေ မယ့်ဒုတိယအကျော့ က အဝေးကွင်းပွဲစဉ် ဖြစ်နေတာကြောင့် ဒီ မှာ ကျွန်တော်တို့ ရရှိ ထားတဲ့ အခွင့်အရေး ကို အသုံးချရမှာ ပါ''ဟု မော်ရင်ဟို က ပြောကြားသွား ခဲ့သည်။
ထို့အပြင် မော် ရင်ဟိုက ရက်ဒင်း နှင့်ကစားခဲ့သော ပွဲစဉ်တွင် အနား ပေးခဲ့ကြသည့် အီ ဘရာဟီမိုဗစ်၊ ပေါ့ဂ်ဘာ၊ ဟာရီ ယာနှင့် ဗလန်စီ ယာတို့ကို ဟူးလ် စီးတီးနှင့်ပွဲတွင် အသုံးပြုသွားမည် ဟု အတည်ပြုချက်ထုတ်ပြန်ခဲ့ သည်။ ဆက်လက်၍ မော်ရင်ဟိုက နောက်ခံလူရိုဂျို၏ ကြွက်သား ဒဏ်ရာမှာ ပြင်းထန်မှုမရှိရန် မျှော် လင့်သည်ဟု ပြောကြားခဲ့သည်။ ရိုဂျိုသည် ရက်ဒင်းအား လေးဂိုး ပြတ်ဖြင့်အနိုင်ရခဲ့သော အက်ဖ်အေ ဖလားပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ် သည်။ လက်ရှိတွင် အသင်း၏ အဓိကနောက်ခံလူဘိုင်လီမှာ အာ ဖရိကနိုင်ငံများ ဖလားပွဲကစားရန် သွားရောက်ပြီဖြစ်၍ ရိုဂျို ကာလ ရှည်အနားယူရပါက ခံစစ်ပိုင်းတွင် ပိုမိုအားနည်းသွားမည်ကို မော်ရင် ဟိုကစိုးရိမ်နေခြင်းလည်းဖြစ်သည်။
''ကျွန်တော့်အနေနဲ့ ကစား သမားတွေ ဒဏ်ရာပြင်းပြင်းထန် ထန်ရရှိမှုကို အမြဲတမ်းမလိုလားခဲ့ ပါဘူး။ ဒါပေမဲ့ ဘောလုံးလောက မှာ ဒဏ်ရာပြဿနာတွေကနည်းပြ တွေဖြေရှင်းရမယ့် ပြဿနာတစ်ခု အဖြစ် အမြဲရှိနေပါတယ်။ ရိုဂျိုရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး ဘယ်လို အခြေအနေတွေ ဖြစ်လာမလဲဆို တာ စောင့်ကြည့်ရဦးမှာပါ။သူ့ရဲ့ ဒဏ်ရာ ပြင်းထန်မှုမရှိဖို့ မျှော်လင့် နေပါတယ်''ဟု မော်ရင်ဟိုက ပြောကြားသွားခဲ့သည်။