images
UN
UN
ပုဂံကိုဝင်စားခြင်း
သက်နိုင်(ကြို့ပင်ကောက်) Monday, 09 January 2017
အနုရုဒ္ဓါ မင်းမဟာ၏
တစ်ခါတုန်းက အလှဆုံးပုဂံ
တည်ထောင်ဟန်ကို အဖန်ဖန်လျှင်
မြင်အောင်တွေးရင်း
ရှေးကကျေးဇူး ငါ...ကြည်နူးခဲ့။
ပုထိုးစေတီ မွေသရီနှင့်
ဆည်မြောင်းကန်ကျောင်း တန်ဆောင်းပြာသာဒ်
စိတ်မြင့်မြတ်သည် အတတ်ဖြင့်ပေါင်း
Óဏ်ရည်လောင်းလျက် ကောင်းကြောင်းသာထွေ
အောင်ချာမြေသည်
ရွှေပြည်နတ်နန်းမဟုတ်လော...။
ဆေးရေးပန်းချီ
ဂီတပန်းပု ကျောက်ဆစ်ထုသည်
အနုလက်ရာ အလင်္ကာသည်
ကဗျာပန်းနှယ် အလြှ<ွကယ်ခဲ့
တင့်တယ်...ဝင့်ထည်ခဲ့သည် မဟုတ်လော...။
ပုဂံသားတို့
တရားကိုမက် ဓားကိုဖက်၍
အဖျက်ရန်မင်း ပြည်ကိုချဉ်းလျှင်
နှိမ်နင်းခုတ်ထစ် သုတ်သင်ပစ်သလို
စစ်မက်ကင်းဝေး ပြည်ရွာအေးအောင်
တစ်သွေးတစ်သံ မိန့်နာခံလျက်
နိုင်ငံတည်ကြ ပြည်သူဝစေ...
ဓမ္မရွှေစည် ဟိန်း...ဟိန်း...မြည်အောင်
ရွှေပြည်ဂုဏ်ရည်မလှလော...။
အံ့ချီးမကုန် ပုဂံပုံရိပ်
ဂုဏ်နိမိတ်တို့ ဖိတ်လက်တောက်ပ
ရှုမောရတိုင်း...။
ပုဂံပြည်သား
ဘိုးဘွားမှဆင်းသက် သွေးမျိုးဆက်သည့်
တို့လက်ထက်မှာ...
တို့လက်ထက်မှာ...
တို့လက်ထက်မှာ...။ ။