images
UN
UN
ရန်ကုန်ရှိ ကျပ်သိန်း ၁ဝဝ ဝန်းကျင်တိုက်ခန်းဝယ်ခွင့်ရသူစာရင်းကြေညာမည်
Monday, 09 January 2017
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ထားသည့် ရန်ကုန် တိုင်းအတွင်းရှိ ကျပ်သိန်း ၁ဝဝ ဝန်းကျင်တန်ဖိုးရှိ တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူခွင့်ရသူစာရင်းကို ဇန်နဝါရီ ၁ဝ ရက်(ယနေ့)တွင် ကြေညာသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။
ဝယ်ယူခွင့်ရရှိသူစာရင်းကို ဆောက်လုပ်ရေးဘဏ်-CHDB ရုံးချုပ်နှင့် ရုံးခွဲများတွင်လည်းကောင်း၊ နေပြည်တော်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးနှင့် ရန်ကုန်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးတို့တွင် လည်းကောင်း ကြေညာပေးသွားမည်ဖြစ်ကြောင်း ဦးမင်းအောင်အေးက ပြောသည်။
တန်ဖိုးနည်းအိမ်ရာအခန်းအရေအတွက်မှာ ၂၂ဝ၈ ခန်းဖြစ်ပြီး အဆိုပါ အခန်းများထဲမှ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်း ချပိုင်ခွင့်ရှိသည့် အခန်း ၆ဝဝ ကို စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
''ပြည်သူတွေကလည်း ဘယ်တော့ရောင်းမလဲ မျှော်နေတယ်။ ဒါ ကြောင့် ကျွန်တော်တို့ဌာနကရောင်းပိုင်ခွင့်ရှိတဲ့ အခန်းတွေကို စရောင်းတာ ဖြစ်ပါတယ်''ဟု ဦးမင်းအောင်အေးက ပြောသည်။
ကျန်အခန်း ၁၆ဝ၈ ခန်းမှာမူ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရောင်းချ မည်ဖြစ်ပြီး နောက်ပိုင်းတွင် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း ¤င်းကပြောသည်။
ဆောက်လုပ်ရေးဘဏ်-CHDB တွင် အိမ်ရာဝယ်ယူရန် ငွေစုထားသူ များထဲမှ အခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃ဝ ငွေစုဆောင်းထားပြီး သတ်မှတ် ချက်နှင့် ကိုက်ညီသူများကို အစဉ်လိုက်ရွေးထုတ်ကာတန်ဖိုးနည်းတိုက်ခန်း ဝယ်ယူခွင့်ပေးခြင်းဖြစ်ကြောင်း၊ ဝယ်ယူခွင့်ရရှိသူများအနေဖြင့် လိုချင် သည့်အခန်းနှင့် ငွေပေးချေမှုအစီအစဉ်တို့ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ညှိနှိုင်းသွားရမည်ဖြစ်ကြောင်း သိရ သည်။
ရောင်းချမည့် တန်ဖိုးနည်းတိုက်ခန်းများထဲတွင် လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာအပိုင်း(၂)နှင့်အပိုင်း(၃)၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကနောင် တန်ဖိုးနည်းအိမ်ရာ၊ ယုဇနတန်ဖိုးနည်းအိမ်ရာအပိုင်း (၁)နှင့်အပိုင်း(၂)တို့မှ တိုက်ခန်းများပါဝင်ကြောင်း သိရသည်။ ဉာဏ်လင်းထက်